Friday, September 26, 2008

“ပန်း”ပန်းချီ



ပန်းတွေကြွေနေတဲ့ လမ်းလေးကိုကြည့်ရတာ
လမ်းဆက်လျှောက်ဖို့ မကောင်းဘူး
တစ်ပွင့်ချင်းကောက်စီပြီး “ပန်း”ပန်းချီလေးရေးဖို့ပဲကောင်းတယ်

ပွင့်ခြင်းနဲ့ကြွေခြင်းမှာ
ဘယ်အရာက အဓိပ္ပာယ် ပိုပြင်းလဲ

တရုတ်စကားပင်တွေအောက်
ငါတစ်ယောက်တည်း
ရပ်
ငေး
စဉ်းစားဆဲ….

လင်းဒီပ
၂၆.၉.၀၈
Photo Source: www.flickr/photos/deniscollette
(PS:ကျွန်တော်တို့တွေ အားလုံးဟာ အမြဲဝေဖို့ပဲ တွေးနေကြတာပါ။)

4 comments:

  1. ပွင့်ခြင်းနဲ့ကြွေခြင်းမှာ
    ဘယ်အရာက အဓိပ္ပာယ် ပိုပြင်းလဲ
    အတွေးလေးတစ်စ ပါပဲဗျာ ..။

    ReplyDelete
  2. အရူးအမူး ကြိုက်တယ်

    ဒါပဲပြောတတ်တော့တယ်

    ReplyDelete
  3. ကိုတင့် ပြောခဲ့တာလေးကြိုက်တယ်
    ပွင့်ခြင်းနဲ့ကြွေခြင်းမှာ
    ဘယ်အရာက အဓိပ္ပာယ် ပိုပြင်းလဲ
    အတွေးလေးတစ်စ ပါပဲဗျာ တကယ်ကိုလှတဲ့ အတွေးစလေးပဲ.......။

    ReplyDelete
  4. ပွင့်ခြင်းနဲ့ကြွေခြင်းမှာ
    ဘယ်အရာက အဓိပ္ပာယ် ပိုပြင်းလဲ

    ပွင့်စေချင်တာလား--ကြွေစေချင်တာလား---
    ဆန္ဒရှင်နဲ့ဆိုင်တာပေါ့ ကွယ်--
    အတွေးကောင်းတယ်---
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete