Tuesday, October 28, 2008

မျောက်တစ်ကောင်ရဲ့ခြေကျင်း


ကျောပေါ် မီးပွားလွင့်ကျတဲ့
မျောက်တစ်ကောင်လိုပဲ
ငါ့ အဖြစ်က အိနြေ္ဒကိုမရဘူး ။

နှုတ်ခမ်းလေးကိုက်ပြီး ခေါင်းတစ်ချက် အဆတ်က
သေမိန့် ဆိုလည်းနာခံပြီးသားလေ…
ဆိုတော့

တယ်လီဖုန်းခေါ်သံလေးကြားရုံနဲ့တင်
Answering Machine တစ်ခုလို နှုတ်ကဖြေပြီးသား
အခုထွက်လာခဲ့မယ် ဆိုတာမျိုး ။

ရှက်လည်းရှက်ပါရဲ့
ရှက်လည်းမရှက်နိုင်
Remote သေးသေးလေးက
စက်အကြီးကြီးကိုထိန်းချုပ်နေသလို

ချစ်ရင်လည်းချစ်လိုက်
သတ်ရင်လည်းသတ်လိုက်
ခုတော့ ငါ့အဖြစ်က…
မျောက်တစ်ကောင်ရင်ဘတ်ထဲမှာ
ဆင်တစ်ကောင်ဝင်ပြီး မုန်ယိုနေသလိုမျိုး

ကဲထားလိုက်
ဖြစ်ပြီးသမျှ သံဃောဇဉ်ပုံတိုပတ်စတွေ
ကြုံသလိုသာ ပစ်ချထားခဲ့
ဖြစ်သလိုသာ စွန့်ပစ်ခဲ့
တိတ်တိတ်လေး အိပ်နေပါရစေတော့…
ငါ့နှလုံးသားကို ဗုံလိုလုပ် တီးချင်နေတဲ့မိန်းမရေ
၂၈.၁၀.၀၈
လင်းဒီပ
ဝန်ခံချက်။ ။ (ဆရာ)နီကိုရဲ၏ နှလုံးသားထဲကြွက်ဝင်နေသည် ဆိုတဲ့ ဝတ္တုခေါင်းစဉ်လေး ကို ဆက်တွေးဖြစ်သွားတာပါ..
Photo Source: picture by mo1_018
Photobucket.com

16 comments:

  1. ကောင်းပါ့ရှင် အချစ်နဲ့တွေ့လာရင် လူတွေက စက်ရုတ်တွေလိုလည်းတစ်ခါတစ်ခါ

    ReplyDelete
  2. ဗုံလို လုပ်တီးချင်နေလဲ ပေးတီးလိုက်ပါ . ကိုဒီပ ရယ်.....
    မျောက်တစ်ကောင်ရဲ့ ရင်ဘတ်ထဲ ဆင်တစ်ကောင် ၀င်ပြီး မုန်ယိုနေသလိုပဲ ဆိုတာတော့ တော် တော် ကြိုက်သွားတယ်...
    ကိုဒီပ ကဗျာတွေ ကအမြဲပဲ ဖတ်ရတာ တန်တယ်

    ReplyDelete
  3. အတော်ကောင်းပါသည်။ သရုပ်ပေါ်လှို့ သနားတောင်သနားမိသွားတယ်။

    ReplyDelete
  4. ကဗျာလေးက ချစ်စရာကောင်းတယ်ဗျ၊ စကားလုံး အသုံးတွေ အကြိုက်ဆုံးပဲအစ်ကိုဒီပရေ ၊ ရှယ်ပဲဗျာ :)

    ReplyDelete
  5. ဒီတစ်ခါ ဖုန်းလာရင် ငါထူးပေးမယ်။ မပူနဲ့....

    ReplyDelete
  6. တယ်ကောင်းတဲ့ ကဗျာပါလား။ လက်ရာမြောက်ပါ့ဗျာ။ ကိုဒီပရေ ကဗျာအတိုင်းဆိုရင်တော့ မျက်နှာငွေလ ရွှင်ပပနှင့် ခင်မ၀မ်းမြောက်ပါလေတော့ လို့သာပြောလိုက်တော့ဗျာ။ ဟဲ ဟဲ ကိုဒီပ စကားလုံးပြန်သုံးသွားတာ။ ကိုဒီပ ကျွန်တော့်ကိုလည်း အထင်မကြီးနဲ့။ ကော်ဖီဖျော်နည်းမသိလို့ အခုထိ ရယ်ဒီမိတ် ကော်ဖီမစ်တွေ သောက်နေရတုန်းဘဲ။

    ReplyDelete
  7. ဗုံတီးချင်နေတယ်ဆိုတော့ စိန်ဗေဒါနဲ့ အမျိုးတော်လောက်တယ်ထင်တယ်နော်... :D
    အဆင်ပြေပါစေဗျာ...

    ReplyDelete
  8. အယ်...အဲ့လိုကြီးလား မျောက်ကလေးရယ် သနားလိုက်တာ သွပ်သွပ်...ထားချင်ပါအုံး ချစ်သူ မှတ်ပြီလားခုတော့ ဘကြီးပြောတယ် စင်းစားပါဆို အခုတော့ နင်နေပြီးထင်တယ် ဟိဟိ =)

    ReplyDelete
  9. ချစ်ရင်လည်းချစ်လိုက်
    သတ်ရင်လည်းသတ်လိုက်
    ခုတော့ ငါ့အဖြစ်က…
    မျောက်တစ်ကောင်ရင်ဘတ်ထဲမှာ
    ဆင်တစ်ကောင်ဝင်ပြီး မုန်ယိုနေသလိုမျိုး

    ကဗျာရှင်ခံစားနေရတာကို သိပ်ကိုသရုပ်ပေါ်တဲ့ အရေးအဖွဲ့လေး ...။

    ကဲထားလိုက်
    ဖြစ်ပြီးသမျှ သံဃောဇဉ်ပုံတိုပတ်စတွေ
    ကြုံသလိုသာ ပစ်ချထားခဲ့
    ဖြစ်သလိုသာ စွန့်ပစ်ခဲ့
    တိတ်တိတ်လေး အိပ်နေပါရစေတော့…
    ငါ့နှလုံးသားကို ဗုံလိုလုပ် တီးချင်နေတဲ့မိန်းမရေ

    ကဗျာရှင်ဖြစ်စေချင်တာကို ကိုယ်စားပြုတဲ့ သိပ်လှတဲ့ အဖွဲ့အနွဲ့လေး ...။

    တစ်ပုဒ်လုံးခြုံပြီး ရင်ထဲထည့်ကြည့်တော့
    အချစ်ကြောင့် ပေါက်ကွဲမှုတစ်ခုကို
    ကဗျာတစ်ပုဒ်လို လာမြင်မိလေတော့တယ် အကိုရေ
    သိပ်မိုက်တဲ့ (တကယ်ပြောတာ၊ မမြှောက်ဘူး :D )

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  10. ခုတော့ ငါ့အဖြစ်က…
    မျောက်တစ်ကောင်ရင်ဘတ်ထဲမှာ
    ဆင်တစ်ကောင်ဝင်ပြီး မုန်ယိုနေသလိုမျိုး


    လန်းတယ်ဟ။ မိုက်တယ်ဗျို့

    ReplyDelete
  11. ဗုံက ဘယ်လိုတီးသွားတာတုန်း :P

    ReplyDelete
  12. ကောင်းတယ်ဗျ......
    အသုံးအနှုံးလေးတွေကြိုက်တယ်...

    ReplyDelete
  13. အရမ်းကြိုက်တယ် ဒီကဗျာလေး

    ReplyDelete
  14. ဝိုးးး စကားလုံးတွေမိုက်တယ်.

    မျောက်တစ်ကောင်ရင်ဘတ်ထဲမှာ
    ဆင်တစ်ကောင်ဝင်ပြီး မုန်ယိုနေသလိုမျိုး ...

    Remote သေးသေးလေးက
    စက်အကြီးကြီးကိုထိန်းချုပ်နေသလို ....

    ခံစားချက်ကိုတွေ့ရတယ်.. ရှယ်ပဲ ...

    ReplyDelete
  15. “ရှက်လည်းရှက်ပါရဲ့
    ရှက်လည်းမရှက်နိုင်
    Remote သေးသေးလေးက
    စက်အကြီးကြီးကိုထိန်းချုပ်နေသလို”

    ကဗျာတစ်ပုဒ်ဖတ်ပြီးသွားတိုင်း comment မှာ အကြိုက်ဆုံး စာသားတွေ ပြန်ကူးမထည့်ဘဲ မနေနိုင်ဖြစ်ဖြစ်နေလို့ ပြန်ကူးထည့်လိုက်မိပြန်ပါပြီ။ တကယ်တော့ အပိုဒ်တိုင်းကို ကြိုက်တာပါ ကိုလင်းဒီပရေ။

    (ဟုတ်ကဲ့... အဟောင်းတွေ ပြန်ဖတ်နေတာပါး)

    ReplyDelete