Thursday, November 6, 2008

ချစ်သူ့ဖတ်စာ


မီးနီ ခဏခဏဖြတ်မောင်းလို့ဆိုပြီး
ချစ်သူလိုင်စင်လေးတော့ မရုတ်သိမ်းလိုက်ပါနဲ့
ငါ့ရဲမေလေးရယ်
ငါ့က ကားတစ်စီးဆိုပေမယ့် ဟိုဟိုဒီဒီတော့ လျှောက်မမောင်းတတ်ဘူး
မင်းခင်းထားတဲ့ လမ်းလေးပေါ်မောင်းရင်း
တခါတလေလည်း မီးနီဖြတ်မိတာပေါ့ကွယ်။

ကြမ်းကြမ်းတမ်းတမ်း ကစားသမားတစ်ယောက်ဆိုပြီး
အနီကတ်ကလေးပြ မျက်နှာထားတင်းတင်းလေးနဲ့ ကွင်းပြင်မထုတ်ပါနဲ့
ငါ့ဒိုင်လူကြီးမလေးရယ်
ငါက ကွင်းတကာလှည့်ကစားနေတဲ့ ကြေးစားကစားသမားတော့ မဟုတ်ပါဘူး
မင်းသတ်မှတ်ထားတဲ့ကွင်းလေးထဲမှာ
နှစ်ပွဲရှုံး တစ်ပွဲသရေနဲ့ အမှတ်ရဖို့ ပြေးလွှားနေရတာပါ။

ဘာတွေရေးထားမှန်းမသိဘူး ဆိုပြီး
ငါ့အဖြေလွှာကို မင်နီတွေ ဝိုင်းပြီး ကြက်ခြေတွေ ခတ်မပစ်လိုက်ပါနဲ့
ငါ့ဆရာမလေးရယ်
ငါက တွေ့သမျှစာမေးပွဲ လိုက်ဖြေနေတဲ့ စာကြမ်းပိုးတစ်ယောက်လည်းမဟုတ်ဘူး
ဒီစာမေးပွဲလေးမှမအောင်ရင် လူမွှေးလူတောင်ပြောင်မှာ မဟုတ်လို့
ကြိုးကြိုးစားစားနဲ့ တွေးတတ်သလောက် ချရေးထားမိတာပါ။
လင်းဒီပ
၆.၁၁.၀၈
Photo Source: picture by ngocvn123
media.photobucket.com

11 comments:

  1. ဆရာမလေးရဲ့စာမေးပွဲမှာဂုဏ်ထူးပါနိုင်ပါစေဗျား.. :P

    ReplyDelete
  2. တောင်းပန်သံတွေ ထပ်နေလေတော့ တစ်ခုခု တော့ လုပ်တော့မယ်ထင်တယ်၊ ကောင်းတယ်၊ နှစ်သက်တယ်၊ အားပေးနေတယ်

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. ငါ့ရဲမေလေးရယ်...
    ရှင်..
    ကျမကကြက်ခြေမခတ်ဘူး စတားလေးဘဲပေးမှာပါ။
    ဟီဟီဟီဟီ
    စတာနော်
    ပျော်ရွင်ပါစေ ကြက်ခြေတွေဘဲခြေတွေအခတ်မခံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  4. ကာကယံရှင် မပြောနဲ့ ဘေးလူတောင် ရင် ခုန်သားမိသေး။ :P

    ReplyDelete
  5. မနီ အတွက် လင်းဒီပရဲ့ ဖတ်စာ လာဖတ်သွားတယ်၊ ပက်ပုန်းတို့ ဆူခွန်ဗစ်တို့ ဆွိုင်ကောင်းဘွိုင်တို့ ဘယ်တော့ သွားမလဲ ? လက်တို့လိုက်ဦး။

    ReplyDelete
  6. ဆရာမလေးစာမေးပွဲမှာ အမှတ်ပြည့်ရပါစေ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  7. တော်သေးတာပေါ့ ကိုဒီပရယ်
    မော်တော်ပီကယ်ရဲမို့လို့
    နို့မို့ဆို ... (ဆက်မတွေးဝံ့)

    ခင်မင်စွာဖြင့်

    ReplyDelete
  8. နေပါဦးဗျ။ မရှင်းတာလေးတစ်ခုရှိလို့။ မီးနီ ဖြတ်မောင်းတယ် ဆိုတာက???????
    ဟီးဟီးဟီး.........သေချာရှင်းပြလေ။ တစ်ညိုးကြီးပဲ။ အဟဟ :P

    ReplyDelete
  9. ဒိုင်လူကြီးမလေးကပြောတယ်
    လုပ်ပွဲကစားရင်တော့ တန်းဆင်းရပီသာမှတ်တဲ့ :P
    JK နော် :)
    ပျော်ရွှင်ပါစေခင်ဗျာ...

    ReplyDelete
  10. အကိုရေ ဖတ်ရင်းနဲ့ရယ်မိတယ်ဗျာ ဟဟ
    တယ်ရေးတတ်သကိုးဗျ ဆရာမလေးကပြောတယ်
    လူမွှေးလူတောင်ပြောင်အောင်လို့ မီးကင်ပါတဲ့
    စတာနော် အကို ဟဟ

    ReplyDelete