Wednesday, November 12, 2008

ချစ်သူရှိတဲ့မြို့


ကြိုဆိုပါ၏ဆိုတဲ့ မြို့အဝင်လေးက
သူကိုယ်တိုင် ထွက်ကြိုသလို ရင်ကိုနွေးအောင် လင်းတယ်။

ဟောဒီကားကြီးက
ကားဆရာကြီး မောင်းလာတာမဟုတ်ဘူး
ငါ့အလွမ်းနဲ့ငါ
တစ်ညလုံး ဇွတ်ကြမ်း ကဆုန်ဆိုင်းလာခဲ့တာ..
တခြားခရီးသည်တွေတောင်မသိလိုက်ဘူး။
သူတို့တွေက အိပ်ငိုက်ရင်း လိုက်လာကြ..
ငါက အလွမ်းလောင်စာတွေနဲ့မောင်း
မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်ခဲ့
လမ်းပေါ်ချခင်းထားတဲ့လရောင်နဲ့ ကြယ်လေးတွေကိုနှုတ်ဆက်ခဲ့

ဘဝမှာ ဘယ်ခရီးမှ ဒီလောက် ရင်မခုန်ဖူးဘူး
စိတ်ထဲမှာ မြို့တစ်မြို့ကို သွားနေတာနဲ့မတူ
ပန်းတိုင်ဆီ ပြေးနေတဲ့ အပြေးသမားတစ်ယောက်လိုပေါ့
မိုင်တိုင်လေးတွေကို တစ်ခုချင်း တစ်ခုချင်း ရေတွက်သွားရတာ
ပန်းကြိုက်တဲ့လူတစ်ယောက်
ပန်းတွေ တစ်ပွင့်ချင်း တစ်ပွင့်ချင်း ကောက်ရေနေရတဲ့ ကြည်နူးမှုမျိုး

အလွမ်းတွေကလည်းလူကိုယုံအောင် သိပ်ပြောတတ်တာလေ
ရှေ့တပြဆို ရောက်ပါပြီတဲ့
ဒါပေမယ့် ငါတော့ယုံတယ်
အရင်ထက်စာရင် အများကြီးနီးလာခဲ့ပြီလို့

ညီမလေးရေ..
ငါ့ကိုကြိုပါ
တခြား ဘာမှမလို..
မင်း အမှန်တကယ်ပေးကမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့
ချစ်ခြင်းတွေကို ပန်းလိုပန်လာခဲ့ပါကွယ်..
ငါ့အောင်စာရင်းလေး ငါ
နားနဲ့ဆတ်ဆတ် ဖတ်ပါရစေတော့ကွယ်..

လင်းဒီပ
၁၂.၁၁.၀၈
(ဓာတ်ပုံလေးက သူငယ်ချင်းနန်း ရိုက်ထားတာလေး ယူသုံးတာပါ။)

30 comments:

  1. ဟိုးအဝေးက မြို့ငယ်လေး...
    အစဉ်သာအိပ်မက်မက်နေ
    မိုးလင်းတိုင်းလွမ်းစိတ်ကမပြေ

    သီချင်းလာဆိုသွားပါတယ်ခင်ဗျာ

    ReplyDelete
  2. အကိုတင်ထားတဲ့ဓါတ်ပုံထဲကမြို့လေးကိုသွားမယ်ဆိုရင် ...ကျနော့်ကိုလည်းခေါ်ပါဦးဗျာ တစ်ခေါက်မှမရောက်ဘူးလို့....
    ပန်းကြိုက်တဲ့လူတစ်ယောက် ပန်းတွေ တစ်ပွင့်ချင်း တစ်ပွင့်ချင်း ကောက်ရေနေရတဲ့ ကြည်နူးမှုမျိုး.....
    ကြိုက်တယ်အကိုရေ ကဗျာလေးကိုလာခံစားသွားတယ်ဗျာ .....

    ReplyDelete
  3. မရေးတာကြာပြီလို့စဉ်းစားနေတာ။

    ReplyDelete
  4. ဟောဒီကားကြီးက
    ကားဆရာကြီး မောင်းလာတာမဟုတ်ဘူး

    ReplyDelete
  5. ဟာဒီကားကြီးက
    ကားဆရာကြီး မောင်းလာတာမဟုတ်ဘူး
    ငါ့အလွမ်းနဲ့ငါ
    တစ်ညလုံး ဇွတ်ကြမ်း ကဆုန်ဆိုင်းလာခဲ့တာ..

    အဲနေရာလေးက သိပ်လှနေခဲ့တယ် ကိုဒီပ။ ကိုဒီပ ကဗျာတွေက ဆွတ်ပျံ့မှုတစ်ခုကို သယ်သယ်လာတတ်တာ သဘာဝတစ်ခုလို ခံစားမိတယ်။
    အောင်စာရင်းကို All D နဲ့ အောင်ပါစေဗျာ။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  6. မလွမ်းဘဲ မနေနိုင်အောင်မင်းရက်စက်တယ် :P
    အဆင်ပြေပါစေဗျာ..အောဒီ ကို အမှတ်ပြည့်နဲ့ကိုအောင်ပါစေဗျာ

    ReplyDelete
  7. good luck ပါကိုဒီပ
    ကဗျာလေးကောင်းတယ်.....:P

    ReplyDelete
  8. ဒီကဗျာလည်း တော်တော် နှစ်သက်မိတယ်။

    ReplyDelete
  9. This is my Native Land.
    I miss my home seeing picture and reading your post.

    ReplyDelete
  10. ရက်စက်လိုက်တာဗျာ
    ကောင်းလွန်းလှချည်လား

    ReplyDelete
  11. နှစ်သက်ဖို့ကောင်းတဲ့ ကဗျာလေး လာဖတ် တယ်။ အားပေးလျက် ပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  12. ဖတ်ရင်းနဲ့ကို ငိုချင်တာပြီ။ :'(

    ReplyDelete
  13. ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ရလို့ ကျေးဇူးတင်ပါတယ်.

    ReplyDelete
  14. ကိုဒီပ ကိုဒီပ အခုတော့ အောင်စာရင်းသိချင်နေပြီပေါ့လေ။ အောင်မှာပါဗျာ မပူပါနဲ့။ ဂုဏ်ထူးနဲ့ကို အောင်မှာ။ ကိုဒီပဆီကဗျာလာဖတ်ပြီးရင် ငိုချင်လာလို့ နောက်ဆို လက်ကိုင်ပ၀ါဆောင်လာရမယ်။ အရမ်းကိုကောင်းတဲ့ ကဗျာလေးပါဗျာ။ ဒါနဲ့ စကားမစပ် ဘယ်ကိုအရင်သွားခိုးမှာလဲ။ လိုက်မယ်လေ။ သွားရင်သံချောင်းခေါက်။


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete
  15. ညီမလေးရေ..
    ငါ့ကိုကြိုပါ
    တခြား ဘာမှမလို..
    မင်း အမှန်တကယ်ပေးကမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့
    ချစ်ခြင်းတွေကို ပန်းလိုပန်လာခဲ့ပါကွယ်..
    ငါ့အောင်စာရင်းလေး ငါ
    နားနဲ့ဆတ်ဆတ် ဖတ်ပါစေတော့ကွယ်..

    ရင်မှာ သိင်္ဂါရပန်းတွေ ပွင့်သွားတယ်....
    ကြယ် ငါးပွင့် ပေးသွားတယ်ဗျာ...

    ReplyDelete
  16. ကဗျာလေးကောင်းပါဧ။်
    အပေါ်ကလူတွေပြောသွားပြီမို့...............
    သူတို့ပြောတဲ့အတိုင်းပါပဲ

    ReplyDelete
  17. ဟိုင်းဝေးကားပေါ်က မြို့အပြန် ညခရီးကို မြင်ယောင်သွားတယ်.. ဒီလိုခရီးမျိုးတွေ သွားဖူးတာပေါ့။

    ReplyDelete
  18. လင်းဒီပရေ--
    ကဗျာလေးကို လွမ်းမောစွာခံစားသွားပါတယ်--
    ကဗျာဆရာက ကဗျာအရေးကောင်းလိုက်တာ--

    ReplyDelete
  19. ကဗျာအရေးကောင်းတဲ့ ကျွန်တော့်အစ်ကိုဒီပ ၊ စကားလုံးတွေက လတ်ဆတ်နေတာပဲ ၊ ကြိုက်တယ်အစ်ကိုရေ :)

    ReplyDelete
  20. ကိုဒီပရေ... ကြိုနေတဲ့ ညီမလေး ဆီမှာ နားနဲ့ဖတ်မယ့်အောင်စာရင်းက ဂုဏ်ထူးတွေ အများကြီးနဲ့ ဖြစ်ပါစေ နော်။

    ReplyDelete
  21. good luck ပါကိုဒီပရေ
    all D နဲ့အောင်ပါစေဗျာ :)
    အကို့ကဗျာတွေမှာ ချစ်ခြင်းရဲ့နူးညံ့သိမ်မွေ့မှုကို အမြဲခံစားရတယ်
    စိတ်ချမ်းသာတယ်ဗျာ ကြည်လည်းကြည်နူးမိတယ်

    ReplyDelete
  22. ကဗျာက ကောင်းလှချည်းလား
    အားပေးတယ်ဗျာ။

    ReplyDelete
  23. “ငါ့အောင်စာရင်းလေး ငါ
    နားနဲ့ဆတ်ဆတ် ဖတ်ပါရစေတော့ကွယ်..”

    တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ ကိုလင်းဒီပရေ... အောင်စာရင်းမှာ ဂုဏ်ထူးနဲ့အောင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်း)

    ReplyDelete
  24. ငါ့အလွမ်းက ကားဆရာကြီးမောင်းတာထက်
    ပိုမြန်မယ် ထင်တယ်နော် အစ်ကိုရေ

    ReplyDelete
  25. အရမ်းကို ကြမ်းနေပါ့လား။ လန်းတယ်ဗျာ

    ReplyDelete
  26. တော်တော်လေးထိတယ်နော်...ကဗျာလေးက

    ReplyDelete
  27. ဒီလောက်လှတဲ့ ကဗျာကို ကျနော်ခုမှဖတ်မိတယ် အန်ကယ် အောင်သာငယ် ညွှန်းလောက်ပါပေတယ်ဗျာာ။

    ReplyDelete
  28. ဘာမှ ပြောစရာမရှိ..အလွန်ကောင်းလေ သတည်း

    ReplyDelete
  29. အစ်ကိုအောင်သာငယ့် ထံက
    ရောက်လာပါတယ်
    ကဗျာလေး ကောင်းလွန်းတယ် အစ်ကိုရာ
    နောင်လည်း လာလည်ပါဦးမယ်
    အေးမြသာယာပါစေ
    :D ရန်ကုန်သား

    ReplyDelete
  30. ကိုအောင်သာငယ် ညွှန်းတာနဲ့ ရောက်လာတာ။ သူစွဲမယ်ဆိုလဲ စွဲလောက်တယ်။ တကယ်ကောင်းတဲ့ ကဗျာပဲ။

    ReplyDelete