Sunday, November 23, 2008

အလွမ်းကဗျာ


ဟိုးဝေးဝေးက
တိုက်တန်းတွေ သစ်ပင်နဲ့ ကွင်းပြင်စိမ်းစိမ်းတွေ ငေးကြည့်
မိုးရေစက်တွေနဲ့စိုလက်နေတဲ့လမ်းကလေးကို ငေးကြည့်
လူတချို့ လမ်းလျှောက်သွားတာ ငေးကြည့်
ဘာမှ မတွေ့ဘူး

စိတ်ထဲ ဆာလောင်နေတဲ့အရာ
အပြုံး…စကားသံ
သူမ ပြောသမျှစကား
နေကောင်းလား ဆိုတာလေးက အစ
နားဝင်ချိုနေတတ်တာ
သူမ ပျားရည်နှုတ်ခမ်းလေး လွမ်းလိုက်တာ

မျက်လုံးတွေက စပြုံးတာပဲဖြစ်ဖြစ်
နှုတ်ခမ်းတွေက စပြုံးတာပဲဖြစ်ဖြစ်
သိပ်အရေးမကြီးဘူး
ကိုယ်က ချစ်ခြင်းကို သင်ယူဖို့ရာမှာ အတော်လေး ဥာဏ်ထိုင်းတယ်
စကားတတ်စ ကလေးတစ်ယောက်လိုပါပဲ..
ချစ်တယ်ကွယ် လို့ပဲ ခဏခဏ ရွတ်ဆိုချင်နေတော့တာ

လွမ်းလို့ပါကွယ်
ဘာဘာညာညာ မသေချာ မရေရာခြင်းတွေနဲ့
ဘဝကို ရှည်ကြာဆွေးမြေ့အောင် ဖြုန်းတီးနေမယ့်အစား
လာသာလာခဲ့ပါကွယ်
ချစ်ခြင်းမှာ ပြဿနာများစွာရှိတယ် ဆိုရင်လည်း သူတို့ပါခေါ်လာခဲ့
(လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့ ဆိုပြီး ချစ်ခြင်းပေါ် ဆက်ဆံရေး မကျဲပါရစေနဲ့)

အလွမ်းဆိုတာ
ကြာရှည် စွဲသောက်လို့မကောင်းတဲ့ဆေးခါး
လူကို ဖြေးဖြေးချင်း ချည့်နဲ့သွားစေတဲ့ အတွင်းဒဏ်
ဆေးသောက်လို့လည်း မရ..ပစ်ထားရင်လည်း မဖြစ်ပြန်…

ဆိုတော့လေ
ရင်ထဲက စိတ်သွားတိုင်း ရှည်လျားဖားဝေနေတတ်တဲ့အလွမ်းတွေကို
အချိန်မီ ရိတ်သိမ်းပါတော့ချစ်သူရယ်..
လင်းဒီပ
၂၃.၁၁.၀၈
(သုံးထားတဲ့ပုံလေး သူငယ်ချင်းတစ်ယောက်ရဲ့ လက်ရာပါ)

20 comments:

  1. တင်ဇာမော်ရဲ့ တင်ဇာမော် စီးရီးကြော်ငြာတာလား။ :)

    ReplyDelete
  2. တွေ့ချင်လှပြီလို့ တောင်းဆိုနေတာလား။လက်ထပ်ပါရစေလို့ ပြောချင်တာလာ.။ (ထင်တာပြောသွားသည်)

    ReplyDelete
  3. အလွမ်းဆိုတာ
    ကြာရှည် စွဲသောက်လို့မကောင်းတဲ့ဆေးခါး
    လူကို ဖြေးဖြေးချင်း ချည့်နဲ့သွားစေတဲ့ အတွင်းဒဏ်
    ဆေးသောက်လို့လည်း မရ..ပစ်ထားရင်လည်း မဖြစ်ပြန်…
    အန်မာ... သူကြတော့ စွတ်ဗဒန်း လွန်းနေပြီးတော့
    ကောင်းတယ်ကိုလင်းရေ.. ဆေးခါးကြီးမြိုနေရသလိုပါဘဲ
    တကယ် နေနိုင်တဲ့လူ မလွမ်းတတ်တဲ့လူတစ်ယောက်ကတော့ အင်း .. ဒီလိုဘဲ ခံစားဦးမှာပေါ့လေ

    ReplyDelete
  4. ကိုဒီပရေ လွမ်းသွားပုံလေးကတော့ လွတ်ကောင်းဗျို့ :)
    တစ်ပုဒ်လုံးကို ဖြူးဖြောင့်လို့ ။

    ReplyDelete
  5. လွမ်းနေပါတယ်ဆိုမှ သူက အလွမ်းကြောင်းပြောတော့
    ပိုလွမ်းတာပေါ့.. :P

    ReplyDelete
  6. ချစ်ခြင်းမှာ ပြဿနာများစွာရှိတယ် ဆိုရင်လည်း သူတို့ပါခေါ်လာခဲ့
    (လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့ ဆိုပြီး ချစ်ခြင်းပေါ် ဆက်ဆံရေး မကျဲပါရစေနဲ့)
    အဲဒီအတွေးအမြင် အကြိုက်ဆုံးပဲ ...မှန်လိုက်တဲ့စကားအကိုရေ ကဗျာလေးက နုပေမယ့်
    ကျနော်ကတော့ အတွေးတွေပဲယူတော့တယ် အဟဲ
    ကောင်းတယ်ဗျာ ကောင်းတယ်

    ReplyDelete
  7. ဟာ ... သိပ်ကောင်းတဲ့ကဗျာပါလားဗျာ ...
    နုညံ့သိမ်မွေ့ပြီး သိပ်ကို လှပနုနယ်တဲ့ အဖွဲ့အနွဲ့တွေက လူ၊ စိတ်၊ နှလုံးသားကို
    ယူငင်ဆွဲသိမ်းသွားသလို ခံစားလိုက်ပြီး ...
    ရင်ထဲမှာ ဆွေးတမြည့်မြည့်လေး စွဲထင်ကျန်ရစ်ခဲ့တယ်ဗျာ ...။

    “ဟိုးဝေးဝေးက
    တိုက်တန်းတွေ သစ်ပင်နဲ့ ကွင်းပြင်စိမ်းစိမ်းတွေ ငေးကြည့်
    မိုးရေစက်တွေနဲ့စိုလက်နေတဲ့လမ်းကလေးကို ငေးကြည့်
    လူတချို့ လမ်းလျှောက်သွားတာ ငေးကြည့်
    ဘာမှ မတွေ့ဘူး”

    “လာသာလာခဲ့ပါကွယ်
    ချစ်ခြင်းမှာ ပြဿနာများစွာရှိတယ် ဆိုရင်လည်း သူတို့ပါခေါ်လာခဲ့
    (လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့ ဆိုပြီး ချစ်ခြင်းပေါ် ဆက်ဆံရေး မကျဲပါရစေနဲ့)”

    “အလွမ်းဆိုတာ
    ကြာရှည် စွဲသောက်လို့မကောင်းတဲ့ဆေးခါး
    လူကို ဖြေးဖြေးချင်း ချည့်နဲ့သွားစေတဲ့ အတွင်းဒဏ်
    ဆေးသောက်လို့လည်း မရ..ပစ်ထားရင်လည်း မဖြစ်ပြန်…”

    “ဆိုတော့လေ
    ရင်ထဲက စိတ်သွားတိုင်း ရှည်လျားဖားဝေနေတတ်တဲ့အလွမ်းတွေကို
    အချိန်မီ ရိတ်သိမ်းပါတော့ချစ်သူရယ်..”

    အဲဒီ့အဖွဲ့တွေကတော့ ကျွန်တော်ကို Heart ထိစေတဲ့ အဖွဲ့အနွဲ့လေးတွေဖြစ်နေခဲ့တယ်ဗျာ ... ။ လေးစားသထက် လေးစားမိလာပါတယ် ကိုဒီပရေ ...။
    သိပ်ကို နှစ်ခြိုက်ခံစားမိပါရဲ့ ... ။

    ခင်မင်လေးစားမှုများစွာဖြင့်

    ReplyDelete
  8. တအားကို တအားကို ကျဲနေတယ်ပေါ့လေ။ တောင်းဆုချွေနေတာလား

    ReplyDelete
  9. ကဗျာကောင်းလေးတစ်ပုဒ် ကို ဖတ်သွားပါတယ်
    မောင်လေး လင်းဒီပ ရေ..
    အဆင်ပြေပါစေ။

    ReplyDelete
  10. မျက်လုံးတွေက စပြုံးတာပဲဖြစ်ဖြစ်
    နှုတ်ခမ်းတွေက စပြုံးတာပဲဖြစ်ဖြစ်
    သိပ်အရေးမကြီးဘူး
    ..

    သဘောကျတယ်.. :)

    ReplyDelete
  11. စိတ်သွားတိုင်းရှည်လျားဖားဝေနေတဲ့ အလွမ်းကဗျာ...
    ကောင်းဗျာ...ဂွတ်ထ..........

    ReplyDelete
  12. ရင်ထဲက စိတ်သွားတိုင်း ရှည်လျားဖားဝေနေတတ်တဲ့အလွမ်းတွေကို
    အချိန်မီ ရိတ်သိမ်းပါတော့ချစ်သူရယ်....

    အဲဒိလိုပဲ ပြောလိုက်ချင်တာ......

    ReplyDelete
  13. က ဗျာ ကောင်း ပါ ။ လေး စား ပါ တယ်။

    ReplyDelete
  14. ကဗျာလေးကကောင်းတယ်ဗျို့ စာသားလေးတွေက
    မိုက်တယ် အတုယူသွားပါတယ်ဗျာ

    ReplyDelete
  15. ကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းမသိတော့ဘူး။
    လွမ်းနေတာကို အစဖေါ်သလိုဖြစ်သွားတယ်။

    ReplyDelete
  16. ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။
    အရေးသားလေးတွေ အရမ်းလှတယ်ဗျာ။
    အကိုကို အရမ်းလေးစားတယ်
    ခင်မင်လျှက် ဖိုးဂျယ်

    ReplyDelete
  17. ကဗျာလေးက ကောင်းလိုက်တာ---

    ReplyDelete
  18. ကဗျာမှာတော့ ၀ိတ်ပါပဲဗျာ... မရေးတတ်ပေမယ့် ကောင်းကောင်းတော့ ခံစားသွားပါတယ်.. ရောင်းရင်းရေ..း)။

    ReplyDelete
  19. ဆောင်းဝင်ပြီး ရိတ်တော့မှာ မပူနဲ့  ကြာလေ အေးလေ ဆိုတော့ မြန်၂ရိတ်ပါစေး)

    ReplyDelete
  20. ချစ်သူလေးက အမြန်ဆုံးရိတ်သိမ်းပေးမှာပါဗျာ။


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete