Wednesday, December 10, 2008

စမ်းချောင်းလေး


မြတ်နိုးမှုတွန်းကန်အားလေးနဲ့
လောကဓံကို တွန်းတွန်းတိုက်တိုက်
တရွေ့ရွေ့ ဖြတ်သန်းလာခဲ့တာ..

ကျောက်သားဖြူဖြူလေးတွေ..
လွင်ပြင်ဝါဝါလေးတွေ ဖြတ်သန်းလို့..
ရင်ခုန်သံရွှေငါးလေးတွေ ခေါ်ဆောင်လာခဲ့..
အလွမ်းသစ်သီးစိမ်းလေးတွေ ယူဆောင်လာခဲ့..
ချိုသောဂီတတွေ တီးခတ်လာခဲ့..

မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရဘူးဆိုပေမယ့်
ဒီမှာတော့
မင်းမှားယွင်းခဲ့တာ
မင်းညစ်နွမ်းခဲ့တာ
မနေ့က မင်းရဲ့ အမှောင်ဒဏ်ရာတွေကို
ဆေးကြောသန့်စင်အသစ်ပြန်ဖြစ်ဖို့
အငြိုအငြင်မဲ့ အငြင်းအဆိုမဲ့
နှစ်နှစ်ကာကာလေး စီးနေပေါ့..
လင်းဒီပ
၁၀.၁၂.၀၈
Picture Source: picture by gaturlove
Media.photobucket.com

10 comments:

  1. Very great! no need to go work and can make a stream. I envy you...

    ReplyDelete
  2. လှချက်ဗျာ ကဗျာလေးက ၊ ဖတ်ရတာ စိတ်အေးချမ်းတယ် :)

    ReplyDelete
  3. သွက်လက်နေတဲ့
    ကဗျာကောင်းလေး ဖတ်သွားတယ်

    http://winzaw-mdy.blogspot.com

    ReplyDelete
  4. လှတပတတွေ သိပ်ရေးတာပဲ။ တောထဲက စမ်းချောင်းလေးဘေး ရောက်သွားသလိုပဲ။

    ReplyDelete
  5. တောတောင်ရနဲ့တွေစမ်းချောင်းလေးအနံကိုခံစားလိုက်ရ
    တယ်ဗျာ...

    ReplyDelete
  6. နုနုရွရွလေးဖတ်ပြီး မြစ်တစ်မှာရေနှစ်ခါချိုးမရ ဆိုတဲ့ ဆိုလိုရင်းက တွေးရင်း ပြန်သွားတယ်။

    ReplyDelete
  7. ;)

    လန်းတယ် လန်းတယ်

    ဆိုးသွမ်း

    ReplyDelete
  8. လန်းပါ့ဗျာ....
    မြတ်နိုးမှုတွန်းကန်အားလေးနဲ့
    လောကဓံကိုတွန်းတွန်းတိုက်တိုက်
    တရွေ့ရွေ့ဖြတ်သန်းလာခဲ့တာ...............

    ReplyDelete
  9. မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရဘူးဆိုပေမယ့်
    ဒီမှာတော့
    မင်းမှားယွင်းခဲ့တာ
    မင်းညစ်နွမ်းခဲ့တာ
    မနေ့က မင်းရဲ့ အမှောင်ဒဏ်ရာတွေကို
    ဆေးကြောသန့်စင်အသစ်ပြန်ဖြစ်ဖို့
    အငြိုအငြင်မဲ့ အငြင်းအဆိုမဲ့
    နှစ်နှစ်ကာကာလေး စီးနေပေါ့..


    ကိုဒီပရေ ခိုက်တယ်ဗျာ။ ရေးချက်ကတော့ လန်းတယ်ဗျာ။ အနုလေးတွေချည်းဘဲ။ ဖတ်ပြီးတော့ လန်းသွားသလို ခံစားရတယ်။
    "မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရဘူး"
    တစ်ပုဒ်လုံးကို သိမ်းကြုံးယူသွားတာ အဲဒီစာသားဘဲ။ ချဗျို့အားပေးနေတယ်။


    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်

    ReplyDelete
  10. ကိုအောင်သာငယ်က ညွန်လိုက်လို့ဗျာ

    ReplyDelete