Saturday, January 10, 2009

ကျွန်တော်ကျန်ခဲ့တဲ့မေမေ

ကျွန်တော့်ဓာတ်ပုံဟောင်းလေးရှေ့ တစိမ့်စိမ့်ရွာလို့
ရပ်ကွက်ကျဉ်းကျဉ်းလေးတလျှောက်
ကျေနပ်မှုတွေ အနှံ့အပြား တောက်ချကာ
ကျွန်တော့် စိမ်းလန်းမှုများ တသိမ့်သိမ့်ခါချနေရင်း သူပျော်…

နေတဓူဝ
လူတတ်ကလေး သူ့သားကို ထုတ်ထုတ်ကြည့်
ဆံနွယ်ပေါ် ဆီးနှင်းတွေ တောင်လိုယာလို ပုံလာရင်း သူ့မှာမျှော်…

ကျွန်တော့်မေမေ

ကျွန်တော့်ရဲ့ရေကြည်ရာမြက်နုရာ နောက်ကျောမှာ
ကြယ်အသစ်တွေ ကိုယ်ဝန်ဆောင်လို့
တောင်တန်းတွေအကွယ် ရပ်နေမှာကို မြင်ယောင်မိ…

ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ.(June 1998)

ဆရာခရမ်းပြာထက်လူ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က ရေးခဲ့တဲ့ကဗျာလေးပါ။ ကျွန်တော့် မေမေကလည်း သူ့မေမေလိုပါပဲ… ခင်ဗျား မေမေလည်း ဒီလိုပဲ ထင်ပါတယ်။ မိခင်များနေ့အမှတ်တရ တင်လိုက်ပါတယ်။
လင်းဒီပ
၁၀.၁.၂၀၀၉

10 comments:

  1. ဒီနေ့ တစ်နေ့ လုံး ..အမေ အကြောင်းလေး တွေ လိုက် ဖတ်နေတာ..
    ချစ် စရာ ပို့စ်လေး တစ်ခု ပါပဲ
    ကဗျာဟောင်း လေးတွေ.. လဲ
    တကယ် ကောင်းနေတတ် တယ်..

    ReplyDelete
  2. အမေကဗျာလေးဖတ်သွားပါတယ် မောင်လေးရေ.
    အမေကို သိတတ်တဲ့သားတစ်ယောက် ကျန်းမာပျော်ရွှင်
    နိုင်ပါစေ။

    အစ်မ၀ါ

    ReplyDelete
  3. ဟုတ်တယ်။ ရှေ့ကအစ်မပြောသွားသလိုပဲ ဒီနေ့တစ်နေ့လုံးအမေ့အကြောင်းတွေဖတ်၊ အမေ့ကဗျာတွေဖတ်နေတယ်။ အမေ့ကိုလည်းလွမ်းနေတာပေါ့။

    ReplyDelete
  4. ကဗျာလေးဖတ်သွားတယ်ဗျာ...
    ကောင်းလိုက်တာ...

    ReplyDelete
  5. ကဗျာဖတ်သွားတယ် အကိုရေ
    ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

    ReplyDelete
  6. အမေကဗျာလေး အရမ်းကိုနှစ်သက်ပါတယ် ၊ မျှဝေပေးတဲ့ အစ်ကိုဒီပ ကို ကျေးဇူးပါခင်ဗျ ။

    ReplyDelete
  7. ကောင်းတယ်ဗျိုး။

    ReplyDelete
  8. တစ်ကယ်ကောင်းတဲ့ ကဗျာအဟောင်းလေး ပဲနော်..

    ReplyDelete
  9. မျှဝေပေးတာ ကျေးဇူး အစ်ကို ကဗျာလေး အရမ်းကောင်းတယ် ။

    ReplyDelete
  10. ကိုဒီပ ... အဖွင့်ကတော့ သိပ်ကို မင်္ဂလာကျက်သရေ ရှိလှတယ်ဗျာ ... ကဗျာလေး မျှဝေပေးတာ ကျေးဇူးပါ ... ကိုဒီပရော လူသာ ပြန်ရောက်လာပြီး စိတ်က အမေ့ဆီမှာ မကျန်ခဲ့ဘူးလား ... တကယ်တော့ ဒီကဗျာလေးကို ဖတ်မိကတည်းက ဒီမေးခွန်းကို မေးဖို့ မသင့်တော်ဘူးရယ်နော် ... ။

    ReplyDelete