Saturday, January 17, 2009

အမုန်းစာရင်း(မောင်စွမ်းရည်)

အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးသံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ် ။

ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ် ။

တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

မျဉ်းကြားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ် ။

အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ် ။

ဘတ်စ်စကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ် ။

ယောက်ျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တို့ပတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

မိန်းမတန်မဲ့၊သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သရေကျသူ
အဲဒီလူ ငါ မုန်းတယ် ။

သူများအိမ်တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ် ။

ကတိလည်း မပေး၊ ပေးရင်လည်း မတည်သူ
အဲဒီလူ ငါ မုန်းတယ်။

အိပ်ယာဝင် အိပ်ယာထ
ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ် ။

အာဃာတထား၊ အမုန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ မုန်းတယ် ။

ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ် ။

အို…ငါ့ကိုငါလဲ မုန်းတယ်။

မောင်စွမ်းရည်
စာပေဂျာနယ်
ဖေဖော်ဝါရီ်(၁၉၉၇)

ပြီးခဲ့တဲ့ လပိုင်းတွေက ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် အမုန်းဆုံးဆယ်ချက်တွေ Tag ကြရင်းနဲ့ ဆရာ မောင်စွမ်းရည်ရဲ့ အမုန်းစာရင်း ကဗျာလေးကို ကျွန်တော် သတိရနေတာ။ မတင်ဖြစ်ခဲ့ဘူး။ အခုတော့ တင်လိုက်တာပါ။ ကျေးဇူးတင်ပါတယ်။
လင်းဒီပ
၁၇.၁.၀၉

15 comments:

  1. မောင်စွမ်းရည်ဆိုလို့ဘာမှ မပြောသွားတော့ဘူး။

    ReplyDelete
  2. ကဗျာကောင်းဝေမျှပေးတဲ့အတွက်ကျေးဇူးဗျာ :P

    ReplyDelete
  3. အိပ်ယာဝင် အိပ်ယာထ
    ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
    အဲဒီလူ ငါ မုန်းတယ် ။

    ထိတယ်ဗျာ မခံစားနိုင်ဘူး တိုက်ဆိုင်လွန်းလို့း)
    အမုန်း ၁၀ ချက်ကို နိဒါန်းလေးတောင်မပျိုးပဲ လုပ်ထည့်လိုက်တာ လေးစားတယ်။

    ReplyDelete
  4. မဖတ်ဖူးဘူးဗျ... ကဗျာကောင်းတစ်ပုဒ်ကို ဝေမျှပေးတဲ့ အတွက် ကျေးဇူးပါ အစ်ကိုရေ

    ReplyDelete
  5. ဒိုင်ယာရီထဲ ကျန်ခဲ့တဲ့ ကဗျာလေး ခုမှပြန်တွေ့တော့ တယ်ဗျို့ ကျေးဇူး...

    ReplyDelete
  6. ကျွန်တော့်များစောင်းရေးထားလားမသိဘူး :D

    ReplyDelete
  7. မောင်လေးရေးတာလားလို့ နောက်တစ်ချက်ထပ်ရေး
    မလို့ကို ..မောင်စွမ်းရည် ဆိုတော့ ရေးတော့ဘူး။ :D

    ReplyDelete
  8. မိုက်တယ်ဗျို့

    ဆိုးသွမ်း

    ReplyDelete
  9. ကဗျာလေးကကောင်းတယ်ဗျာ

    ReplyDelete
  10. ပျောက်နေသော ကဗျာဆရာ လင်းဒီပ--
    ကဗျာကောင်းလေးတပုဒ်ကို ဖြန့်ဝေပေးတဲ့အတွက်--
    ကျေးဇူးပါ---
    အမုန်းလို့ ဆရာကြီးစွမ်းရည်ကရေးတော့---
    မေ့လိုက်ပါ--လို့ ပြန်ပြောရမယ်လေ---
    စပျစ်သီးချဉ် တွေ ဟာ မကောင်းသော--
    ဝိုင်အရက်တွေပဲ ဖြစ်တတ်လို့ပါ----

    ReplyDelete
  11. မျှဝေပေးတာ ကျေးဇူးပါခင်ဗျာ

    ReplyDelete
  12. ကောင်းပါတယ် ။

    နေရာတိုင်းမှာတော့ ဒါဖြစ်နေလို့ ဒါဖြစ်ရမယ်ဆိုတာ ပုံသေမှတ်မထားပါဘူး ။

    ReplyDelete
  13. ဆရာစွမ်းရဲ့ ကဗျာအဟောင်းလေးတစ်ပုဒ် မျှဝေပေးထားတာ ကျေးဇူးအ၇မ်းတင်တယ်၊ ဆရာစွမ်းက မြန်မာစာပေ ဝေဖန်ရေးမှာလည်း ကောင်းလှသလို၊ ဆောင်းပါး၊ ကဗျာတွေလည်းအရေးအသားကောင်းလှတဲ့ မြန်မာစာပေရဲ့ က၀ိတဆူပါ။ မြန်မာစာပေလေ့လာနေတဲ့ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဆရာစွမ်းရဲ့ စာတွေကိုလည်း လက်လှမ်းမှီသလောက် လေ့လာသင့်တယ်။

    ReplyDelete
  14. လင်းဒီပရေ..

်အစ်မသိပ်ကြိုက်တဲ့ ကဗျာလေးပါလား..
    အစ်မဆီမှာလဲရှိတယ်...
    စိတ်ကူးလေးကောင်းလိုက်တာ..
    အမုန်း tag ကို ကဗျာနဲ့ဖြေပြလိုက်တာပေါ့

    ReplyDelete
  15. ကဗျာလေးကကောင်းလွန်းလို့ ကူးသွားပါတယ်... မျှဝေပေးတာ ကျေးဇူးပါ....

    ReplyDelete