Friday, February 13, 2009
သူရဲကောင်း
ကြယ်တစ်လုံး ဖြတ်သန်းရာ လမ်းမှာ
ခြေရာတွေ ကဋေကဋာ ကျန်နေလိမ့်။
ကြယ်ကလေး ပြန်သွားပြီးတဲ့နောက်
ကြယ်ခြေရာတွေ ကို အသေအချာ
(တကယ့်ကို အသေအချာပါ)
လိုက်ဖျက်ပစ်လိုက်..
ကြယ်ကလေး
ကောင်းကင်က ငုံ့ပြီး
ပြုံး
ကြည့် နေလိမ့်..
ကြယ်ဆိုတာ သူ့ခြေရာ သူ
မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။
လင်းဒီပ
၁၃.၂.၀၉
ဓာတ်ပုံလေးက ကိုငြိမ်သက် အလစ်မှာ မ,လာတာပါ။
13 comments:
  1. ကိုလင်း ကဗျာလာဖတ်သွားပါတယ်။ တင်စားထားပုံလေးကိုကြိုက်တယ်။ ဒီကြယ်ပြန်သွားတာ စောလွန်းတယ်လို့ ခံစားနေရတုန်းပဲ။
    ReplyDelete
  2. ခြေရာရဲ့ အတိမ်အနက်ကို မတိုင်းတာတတ်သူများ အတွက်-
    ReplyDelete
  3. အဲဒီကြယ်လေး အချိန်မတန်ဘဲ ပြန်သွားခဲ့လို့ အားလုံး
    ReplyDelete
  4. ဒီအဖွဲ့လေးကို သိပ်ကြိုက်တာပဲဗျာ
    'ကြယ်ဆိုတာ သူ့ခြေရာ သူ
    မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။'
    ReplyDelete
  5. ကြယ်ဆိုတာ သူ့ခြေရာ သူ
    မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။
    ကောင်းလိုက်တဲ့ အဖွဲ့အနွဲ့လေးပါလား...
    ကဗျာကောင်းလေးတစ်ပုဒ်အတွက် ကျေဇူးပါညီလေး...
    ReplyDelete
  6. ကိုလင်းဒီပ ရေ..
    အရမ်းကောင်းတာပဲ ဆိုတဲ့ စကားလုံး ထက်
    ပိုကောင်းတဲ့ စကားလုံး ရှာမတွေ့ လို့ပါ...
    ...................
    ခြေရာတွေကို..အသေအချာ
    ဘယ်သူ ဘယ်လောက် လိုက်ဖျက်ပေမဲ့....
    ဖျက်တိုင်း...ပျက်ရရိုးလားကွယ်.....
    ............
    ဘယ်သူဖျက်ဖျက်
    ဘယ်တော့မှ မပျက်တဲ့ ခြေရာတွေ..
    အသေအချာ ရှိနေသေးတယ်..
    တကယ့်ကို...အသေအချာ ပါပဲ....
    ReplyDelete
  7. ထာဝရ ထွန်းလင်းနေမယ့် ကြယ်လေးအကြောင်း လာဖတ်သွားတယ် အစ်ကိုး)
    ReplyDelete
  8. ကြယ်အကြောင်းကဗျာလေးဖတ်သွားပါတယ်
    မောင်လေး။
    ReplyDelete
  9. ထိထိ မိမိလေးဗျ
    ကဗျာလေးကရိုး၂ရှင်း၂လေးပေမယ့် ဖတ်မိရင် အတော်တာသွားတယ်
    ReplyDelete
  10. ခြေရာမဟုတ်တဲ့ အလင်းအစအနလက်ရာတွေကတော့ ဘယ်လိုမှဖုံးဝှက်မခံပဲ တောက်ပနေတုန်းပဲ။
    ReplyDelete
  11. ဓာတ်ပုံလေးရော၊ ကဗျာရော.. မ သွားချင်ပါတယ်...။
    ဘယ်ကိုမှ Fwd မပို့ပါ..။ ကိုယ့်ဘာသာ သိမ်းထားချင်လို့..။
    ReplyDelete
  12. ကြယ်လေးနဲ့ လင်းဒီပ
    ကဗျာလေးကောင်းပါ၏
    ReplyDelete
  13. ဒီကဗျာလေး မမသီရိ ဘလောက်မှာတွေ့ လို့ ကြည့်တော့အကို့ ကဗျာဖြစ်နေတယ်။ ဘလောက်မှာ အကို့ နာမည်လင့်နဲ့ တကွ ဖော်ပြခွင့်ပြုပါ။ ကဗျာကိုမူရင်းအတိုင်း ဖော်ပြပါ့မယ်။
    ReplyDelete