Wednesday, February 18, 2009

မပြည့်တဲ့အိုးလေး

ပါးပါးလေး တချက်လှုပ်ခတ်လိုက်တာနဲ့
ရင်ထဲက တိုက်တာတွေက ပြိုလိုပြို လဲလိုလဲ..

အချစ်ရေ မင်းကြောင့်ပါပဲ
အရင်ထက်လည်း ရဲတင်းမာကြောလာခဲ့
အရင်ထက်လည်း ပျော့ညံ့အားငယ်တတ်လာ..
အချစ်ရေ မင်းကြောင့်ပါပဲ
အရင်ထက်လည်း အေးဆေးတည်ငြိမ်
အရင်ထက်လည်း လှုပ်ခတ်ဆူဝေ..

ကြိုတင်တွက်ဆလို့လည်းမရ
စကေးအတိအကျလည်း တိုင်းတာမရပေမယ့်
ကိုယ့်ရင်တခင်းလုံးက ငလျင်ကြောမိနေခဲ့တာ
(ကြာပေါ့)
နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ ငလျင်လှလှလေးရယ်။
လင်းဒီပ
၁၈.၂.၀၉

ကျွန်တော့်ရဲ့လက်ဆော့မှု
မနေ့က ကိစ္စလေးကို သူငယ်ချင်းညီအစ်ကိုမောင်နှမတွေကိုတောင်းပန်ပါတယ်။ ပိုစ့်အသစ်မတင်ပါပဲ..ရွာသားလေး(ဝိုင်တီယူ) ဘလောဂ့်က Link to this post ကို ကလိရင်းနဲ့ တင်လိုက်သလို ဖြစ်သွားတာပါ။ချက်ချင်း ပြန်ဖျက်ပေမယ့် မမီတော့ပါဘူး..။ တောင်းပန်ပါတယ်ဗျာ။ တင်တယ်ထင်ပြီး လာကြည့်တဲ့ မောင်နှမတွေ sorry ပါဗျာ။

18 comments:

  1. နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ ငလျင်လှလှလေးက ဘယ်လိုလဲ .. တစ်ခါမှ မကြားဘူး... အထူးအဆန်းဖြစ်နေလို့း)

    ReplyDelete
  2. နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ ငလျင်လှလှလေးရယ်။ တဲ့ ဘီလိုကြီးတုန်း မတွေးရဲစရာ အဟမ်းး :P

    ReplyDelete
  3. ရေးလိုက် ဖျက်လိုက် နဲ့ဆင်ဆာ မလွတ်လို့

    ReplyDelete
  4. ဖတ်သွားပါသည်လို့ဘဲ။

    ReplyDelete
  5. မနေ့က အကြိမ်ကြီမ် ကလစ်လုပ်မိသေးတယ်။

    ReplyDelete
  6. နှုတ်ခမ်းလှလှလေးက ငလျင်လှုပ်ရက်တယ်
    မပြည့်တဲ့အိုးလေးကိုမှ :D

    ReplyDelete
  7. အင်းးးးးးးးး
    အချစ်ရေ !
    မင်းကြောင့်ပါပဲ .................
    ကိုယ်ကိုကလည်းဘောင်ဘင်ခတ်တာ .........

    ReplyDelete
  8. အမငီး....နုချက်တော်....
    ဒါပေမယ့်...တော်တော်ကောင်း၏။
    ကြိုက်မိပါ၏။

    ReplyDelete
  9. နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ငလျင်..တဲ့
    တစ်ကိုယ်စာလှုပ်တဲ့ငလျင်ပေါ့...း)

    ReplyDelete
  10. ရင်တခင်းလုံး ငလျင်ကြောမိနေခဲ့တယ်..
    ဒီကဗျာလေးကိုတော့ အရမ်းကြိုက်သွားပြီညီရေ့...

    နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ငလျင်...
    ကောင်းလိုက်တဲ့ တင်စားချက်ပါလားကိုယ့်ညီရေ...

    ReplyDelete
  11. နှုတ်ခမ်းနဲ့တောင် ငလျင်လှုပ်ရင်၊ ပါးစပ်နဲ့ဆို ဆူနားမီ ဖြစ်လောက်တယ် ကိုဒီပရေ......။

    ReplyDelete
  12. စာသားလေးတွေ ခိုက်သွားတယ်
    အလန်းတွေ အလန်းလေးတွေ ..

    ReplyDelete
  13. ဟေ့...ကဗျာခေါင်းစဉ်ကို..မင်းကြောင့်..လို့ ပေးလိုက် ရင် ပြီးရော...း)...
    ဒါမှ မဟုတ်လဲ...နှုတ်ခမ်းလေနဲ့လှုပ်တဲ့ ငလျင်...း)..
    ...
    ပျော်စေချင်လို့ နောက်တာပါ..
    စိတ်မရှိပါနဲ့....

    ReplyDelete
  14. ငလျင်လှလှလေး

    ReplyDelete
  15. ငလျင်..ငလျင်..ပြေးမှပဲ... :P

    ReplyDelete
  16. ပင်လယ်ထဲမှာဆိုရင်တော့ ငလျင်ပြီးရင် ဆူနာမီလာမယ်နော် သတိ

    ReplyDelete
  17. မင်းကြောင့် မင်းကြောင့်နဲ့ နှုတ်ခမ်းကငလျင်ဖြစ်ရတယ်
    ငလျင်ကြောနဲလွတ်အောင်နေပေါ့

    ReplyDelete
  18. dont say sorry, i cant forgive you , you make ever careless mistake.bar ma lar shin ma pya nae.:(

    ReplyDelete