Saturday, February 21, 2009

ချစ်သူချော့

ငါ့ desktop ပေါ်က မိုးဟေကို ပုံကြည့်ပြီး
ငါ သူ့ကို ပိုစိတ်ဝင်စားတယ်လို့ မစွပ်စွဲသင့်ဘူး
မင်း ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့စိတ်ကို
တစ်အုပ်လုံးမဟုတ်တောင် လေးငါးမျက်နှာတော့ မင်းလှန်လှောကြည့်သင့်ပါတယ်။

တခါတလေတော့ J.Lo ရဲ့ အကတွေ ငါလည်းကြည့်ချင်တယ်..
တခါတလေတော့ Jolie ရဲ့ အကြည့်တွေ နှစ်သက်လို့
သူ့ရုပ်ရှင်တွေ ဝယ်သိမ်းထားတာလည်း ရှိတယ်..
မင်း လေးဖြူရဲ့ သီချင်းတွေ ရူးသွပ်သလောက်ပါပဲ
သိပ်လည်း ကိုယ့်ကိုကိုယ် မီးပုံ မရှို့စမ်းနဲ့ကွယ်
မင်းမွှေးတဲ့မီးက နှစ်ယောက်လုံး စိုက်လို့ပျိုးလို့ ကောင်းတဲ့မြေဖြစ်မလာဘူး။

စိုင်းထီးဆိုင်သီချင်းတစ်ပုဒ် လိုပါပဲ
ငါ အရက်သောက်တာ မင်းမကြိုက်ဘူး
ငါ ဘာကြောင့် အရက်သောက်ဖြစ်နေသလဲ
မင်း စဉ်းစားဖို့ လိုနေသလိုမျိုးပေါ့…

ငါဟာ မင်းအတွက်ဆို ကျဆုံးစရာရှိရင်
ရှေ့ဆုံးက ကျဆုံးပေးချင်တဲ့ စစ်သူကြီးပါ..
ရုံးအဆင်းကို အချိန်မှန် လာမကြိုတာလောက်နဲ့
အချစ်တွေ ကျပျောက်ကုန်ပြီလို့
အဖော်တွေကို လော်လည်ပြီး တိုင်တန်းမနေစမ်းနဲ့ ဟန်နီ

ဒေါသတွေ စိန်လိုစီထားတတ်တဲ့ မျက်ဝန်းစိုစိုလေး
မင်းဒေါသတွေ မှုတ်မှုတ်သောက်ရတာ ငါလည်း နုန်းလှပြီ..
မနက်ဖြန်မနက် ဈေးဝယ်ထွက်ရအောင်
အရင်လိုအပြုံးလေးပဲ ဝတ်လာခဲ့
အရင်စကားမျိုးလေးတွေပဲ ပြောရအောင်ပါ
အရင်လို တွတ်ထိုး…
နည်းနည်းကြာလာတော့ အရင်လို ရန်ဖြစ်ရင်း မောရအောင်
အရင်လို အုတ်ခုံလေးက စောင့်နေမယ်ကွာ…
လင်းဒီပ
၂၁.၂.၀၉

28 comments:

  1. ကိုယ်ပိုင်ခံစားချက်လား၊
    ကောင်းတယ်။

    ReplyDelete
  2. မိုက်တယ်
    တည့်တည့်ပါလား :)

    စောင့် စောင့် .. စောင့်ရမှာ ကမ္ဘာဦးကတည်းက ၀တ္တရား :)

    ReplyDelete
  3. ကောင်းပါတယ်ဗျိုး

    ReplyDelete
  4. မုသားတွေပြောနေတာပါ မယုံပါနဲ့ ကိုဒီပချစ်သူရေ့း)

    သူမူးနေသည် မဟုတ်တာတွေပြောတော့မည် :P

    ReplyDelete
  5. ဟုတ်ပါပြီကိုဒီပရာ ...
    စကားလုံးတွေက ပုံမှန်အတိုင်း
    စီးကျလာတာနဲ့ မတူဘူး .....
    နှစ်ပတ်လောက် သောက်ထားတဲ့လက် :P
    ကဗျာအနုလေးကောင်းတယ်ဗျာ ....

    ReplyDelete
  6. အကိုရေ
    ချစ်သူချော့နည်း လာသင်ပါတယ်ဗျာ :P

    အောက်ဆုံးစာပိုဒ်ကတော့ ညီတို့တောင် ကြွေဆင်းချင်ချင် အဟဲဟဲ :)

    ReplyDelete
  7. ကိုယ်ပိုင်ခံစားချက် ပေါက်ကွဲမှုသံစဉ်တွေထင်တယ်ညီရေ့...
    မိုက်တယ် အချစ်တွေ ဆက်လက်ရှင်သန်နိုင်ပါစေ...
    ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ ညီရေ့

    ReplyDelete
  8. မျက်ဖြေလင်္ကာ လှလှလေး တပုဒ်ပါလား... ညီရေ့....း)

    ReplyDelete
  9. desktop ပေါ်မှာမိုးဟေကိုပုံတင်တာတော့လွန်ပါတယ်

    ReplyDelete
  10. မင်းဒေါသတွေ မှုတ်မှုတ်သောက်ရတာ ငါလည်း နုန်းလှပြီ..

    စကားလုံးလေးတွေ လှမှလှ

    (ဒါနဲ့ စကားမစပ်
    မောင်မျိုးနဲ့ ကိုအိုင်လွယ်ပန်
    ဘယ်လို အနံ့ရပါလိမ့်)

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. နှစ်ခေါက်ဖတ်သွားသည်။

    ReplyDelete
  13. အသာလုပ်ပါ မိုးဟေကိုတော့ မတင်နဲ့လေ
    သူ့ပုံတင်မှပေါ့
    ဒါတော့လွန်တယ်လေ

    ReplyDelete
  14. မိုးဟေကို တင်တာတင်ပါစေ. ဘာမှမဖြစ်။

    ReplyDelete
  15. လုပ်ပါစေပေါ့ဆို.. စိတ်မဆိုးစေနဲ့ပေါ့ဆို

    ReplyDelete
  16. ရန်ဖြစ်ပြီး ပြန်ချစ် ..
    ပျော်စရာ ဒုက္ခလေး မျှဝေချင်လိုက်တာ။
    အပျိုအဒေါ်ကြီး နေကောင်းပါစ .. ..

    ReplyDelete
  17. မန့်တာမရလို့ ထပ်မန့်သွားတယ် မောင်လင်းဒီပရေ။
    ကဗျာလေးလန်းတယ်။
    စကားလုံးလေးတွေက ရှယ်ပဲနော်။

    ဒါနဲ့ မိုးဟေကိုပုံအစား ချစ်သူပုံထားကြည့်ပါလား။း)

    ReplyDelete
  18. ကဗျာလေးတွေ လာလာ ဖတ်ဖြစ်တယ်။
    အားပေးနေပါတယ်။

    ReplyDelete
  19. ကောင်းပါတယ်...ကောင်းပါတယ်....
    ချော့နေကြပြီ.....

    ReplyDelete
  20. “ရုံးအဆင်းကို အချိန်မှန် လာမကြိုတာလောက်နဲ့
    အချစ်တွေ ကျပျောက်ကုန်ပြီလို့
    အဖော်တွေကို လော်လည်ပြီး တိုင်တန်းမနေစမ်းနဲ့ ဟန်နီ”
    ရေရေလည်လည်မိတယ်ဗျာ အဲ့ဒိစာသားလေးကိုသိမ်းထားမယ်နော်

    ReplyDelete
  21. အန်မယ်လေး...
    ဒီကဗျာ ဖတ်ရ တဲ့ ချစ်သူ ကတော့..
    အသဲ တွေ အရည်ပျော်..ပြီး...း)...
    ....
    ကောင်းလိုက် တာ.....
    .........
    ကံကောင်းလိုက် တဲ့ ချစ်သူလေး...း)...
    ............
    comment့ ပေးလို့ မရ..
    ဘလော့ဂ် ကဖွင့် မရ နဲ့ မို့ အရောက် နောက် ကျတယ်
    ခွင့် လွှတ်မောင်လေး ရေ..
    အဆင်ပြေပါစေ..

    ReplyDelete
  22. ဒေါသတွေကို စိန်လို စီအုံးမလား ညီလေးရေ၊ တော်ကြာ
    စိန်စီသောညတွေ ဖြစ်နေအုံးမယ်၊ အရေးအသားက
    အရမ်းကောင်းတယ်။

    ReplyDelete
  23. မိုက်လှချည်လား.. တကယ်ပါ.. ။

    ReplyDelete
  24. ဒေါသတွေ မှုတ်မှုတ်သောက်ရတာ.......

    အပြုံးလေးပဲ ၀တ်လာခဲ့............

    လှတယ်ဗျို...း)

    ReplyDelete
  25. “သိပ်လည်း ကိုယ့်ကိုကိုယ် မီးပုံ မရှို့စမ်းနဲ့ကွယ်
    မင်းမွှေးတဲ့မီးက နှစ်ယောက်လုံး စိုက်လို့ပျိုးလို့ ကောင်းတဲ့မြေဖြစ်မလာဘူး။”

    ဖွဲ့ထားတာမိုက်တယ် ..ဖတ်လို့ကောင်းလိုက်တာ ....

    ကြယ်ပြာ

    ReplyDelete
  26. ချော့တာကလည်း ပိုင်စိုးပိုင်နင်းနော်

    ReplyDelete
  27. ခေါင်းစဉ်ကလွဲပြီးအကုန်ကြိုက်တယ် ၊ ရေလည်မိုက်တယ်။

    ReplyDelete