မတ်လက မကုန်သေးပါဘူး။ စိတ်ထဲမှာ အခုတည်းက သင်္ကြန်ကျနေတာ ။ရုံးပိတ်ရက်ဆိုတော့ အိမ်က သူငယ်ချင်းတွေကလည်း ကာရာအိုကေ သင်္ကြန်သီချင်းတွေ ဆိုနေလို့။ မနက်က သူငယ်ချင်းဆီ ဖုန်းဆက်လိုက်တော့ သင်္ကြန်သီချင်းတွေ online ကနေ နားထောင်ပြီး ငြိမ့်နေတယ်တဲ့။ ကျွန်တော့်ဆီ link တောင် ပို့လိုက်ပါတယ် ။ဒီမှာ သွားနားထောင်လို့ရပါတယ် ။လောလောဆယ်တော့ ကျွန်တော် “Alpine သင်္ကြန်” ဆိုတာလေး နားထောင်နေပါတယ် ။ သီချင်းကောင်းကောင်းလေးတွေနဲ့ လူစုံ ပါလို့ပါ ။
ဒီအခွေက ၂၀၀၇ သင်္ကြန်က ထွက်တာထင်ပါတယ်။ အောက်က သီချင်းလေးက အဲဒီ အခွေထဲကပါ ။
အမေပြောတယ် အမောပြေလေးရေ..
ကောင်မလေး ကေမလောင်းကြေး..
နေမယ့်လမ်း နာမည်လေး မေး
ရင်ခုန် ရုံခင် တယ်လေ..ကောင်မလေးရေ..
သကြားခံ သင်္ကြန်ကားတွေ..
မြင်နေတုန်း မြုံနေတဲ့ရင်..
ရင်တုန်လို့ ရုံတင်ပြချင်..
ကြည်ပါဗျာ ကြာပါပြီလေ..ကောင်မလေးရေ..
(နှလုံးသားကို အလစ်သုတ်တယ် အလုပ်သစ်နဲ့မိန်းကလေး
ငြိမ်းသတ်ကာ သိမ်းပေးပါ ရင်ထဲက မီးတွေ..
အတုံးအရုန်း ငါ အဆုံးအရှုံးတွေ အရေးပေါ် အလျှော်ပေး..
ဟေ့ ကောင်မလေး…..သင်္ကြန်မလေး..အဖြေပြန်ပေး..)
(မောင်မောင်ဇော်လတ်)
 ရန်ကုန်မှာလည်း သင်္ကြန်သီချင်း VCD တွေ ပလူပျံနေလောက်ပြီ ။ဒီအချိန်ဆို ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ မဏ္ဍာပ်တွေ ထိုးနေလောက်ပြီ ထင်ပါတယ် ။ စီးပွားရေးတွေ မကောင်းကြဘူး ဆိုပေမယ့် အနည်းနဲ့အများတော့ လုပ်ကြမှာပါပဲ။ မန္တလေးက သူငယ်ချင်းကတော့ မလာနိုင်မှန်း သိရက်နဲ့ မန္တလေးသင်္ကြန် မလည်ဖူးဘူး မဟုတ်လား လာခဲ့ လိုက်ပို့ပေးမယ် လျှောက်လည်ကြမယ် ဆိုပြီး email ပို့ပါတယ် ။ ငယ်ငယ်ကတော့ လည်ရတာ ကားပေါ်မှာ အော်ရတာ သဘောကျပေမယ့် နောက်ပိုင်းကျတော့ သူများလည်တာ ပျော်တာပဲ ထိုင်ကြည့်နေချင်တော့တယ် ။ ရေတွေ စိုစို ရွှဲရွှဲ ကနေ ခုန်နေကြတာ ကြည့်နေရင်းနဲ့ကို ပျော်စရာ ကောင်းနေတော့တာ ။ အိမ်ထဲမှာ နေ နေရင်းနဲ့ပဲ သင်္ကြန်သီချင်းလေးတွေ နားထောင်နေရတာ သင်္ကြန်ရုပ်ရှင်တွေ ကြည့်ရတာ အိမ်ရှေ့က ဖြတ်သွားတဲ့ သင်္ကြန်ကားတွေပေါ်က အော်ဟစ်သွားတာ နားထောင်ရတာ အနားအိမ်တွေက လာပို့တဲ့ သင်္ကြန်စာလေးတွေ စားရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ နောက် နှစ်ဆန်းတစ်ရက်နေ့ဆို လမ်းထဲက အတာအိုးတွေ စု ဘုန်းကြီးတွေ ပင့် ပြီးတော့ ပရိတ်ရွတ်ကြတာ တစ်မျိုးကြည်နူးစရာ ကောင်းပါတယ် ။
ဘာရယ် မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း သီချင်းတွေနားထောင်နေရင်း Share လုပ်ချင်လို့တင်လိုက်တာပါ။
ကျွန်တော့် စိတ်ထဲမှာတော့ အခုတည်းက သင်္ကြန်ကျနေတော့တာလေ။
ခင်မင်စွာ
လင်းဒီပ 
၂၈.၃.၀၉
မြနန္ဒာ နေညိုညို ရိပ်ခါ သန်းတာ ရွှေမန်းတောင်ရိပ်က တူတူငိုမယ် တူတူပိုမယ်း) သင်္ကြန်ရက်ဆို ညီတို့ဆိုင် က ရေထိုးလို့ကောင်းမှကောင်း အစ်ကိုရေ့ သတိရတယ် ဖောက်သည်တွေက ပျော်နေတော့ ရေဘယ်လောက်ရောရော မသိဘူးလေ ။ အနော်တို့ဆီမှာလည်း သင်္ကြန်ကျပါတယ် ထိုင်းသင်္ကြန် လာခဲ့ပါလား ထိုင်းမလေးတွေလန်းတယ် :P
ReplyDeleteမောင်လေးတို့ မြန်မာသူငယ်ချင်းတွေ စုပြီး
ReplyDeleteအလွမ်းပြေ မြန်မာ သင်္ကြန်လေး လုပ်ကြပေါ့
သင်္ကြန်ရက်တွေ က လိုပါသေးတယ်
ဟုတ်ပဗျာ ...
ReplyDeleteရာသီနီးတော့ မရိုမရွ ဖြစ်မိသား :P
လွမ်း
ReplyDeleteလင်းဒီပရေ---
ReplyDeleteလွမ်းပါ့ကွယ်---
ကိုလင်းဒီပ အိမ်ကသူငယ် ချင်းတွေ ကို သတိပေး ထား အုံးနော် ၊ ဘေးအိမ် က Complain လာနေ အုံးမယ်လို. ..... ရုပ်ချောချောတစ်ယောက်က အသံလည်းကောင်းဆိုပဲ ဟာ ဟ...........
ReplyDeleteခုတလော သင်္ကြန်သီချင်းတွေ နားထောင်နေမိပါတယ်။ ဒိုးသံတွေကြားတိုင်း စိတ်ထဲမှာ တမျိုးကြီးပဲ။ ရန်ကုန်မှာတုန်းကလည်း မလည်ရပေမယ့် သင်္ကြန်တွင်းမှာ TV ကလာတဲ့ သင်္ကြန်အကတွေ ပုံရိပ်တွေကြည့်ရင်း ကျေနပ်နေခဲ့တာတွေကို သတိရနေမိပါတယ်။
ReplyDeleteဗီဒီယိုလေး ကြည့်ရရင် ကောင်းမယ် ညီရာ...
ReplyDeleteဗီဒီယို လင့်ခ်လေးရှိရင် ရှဲပါဦး...
သင်္ကြန်ရောက်ပြီဆို ငယ်ငယ်တုန်းက လွယ်အိတ်တွေထဲ ပလက်စတစ်ဗူးဖြူကို ထည့် ရေပြွတ်တစ်ဖက် နို့ဆီခွက်နဲ့ အုပ်စုအချင်းအချင်း ခွက်စောင်းခုတ်ပြီး ရေတိုက်ပွဲနွှဲကြတာ သတိရတယ်
ReplyDeleteရေမစိုပဲဖြတ်သန်းခဲ့ရတဲ့သင်္ကြန်တွေလဲမနည်းတော့တာဘာကြောင့်လဲ အသက်ကြီးသွားလို့ပဲ
ReplyDelete