Thursday, April 2, 2009

မြို့ပျက်ကလေး

ချစ်သူ စစ်ချီလာတည်းက
ရင်တံခါး ဖွင့်ထားခဲ့ပြီးသား..။

ရောင်စုံလက်နက်ဆန်းတွေလည်း မလိုပါဘူး
မာယာ ထရိုဂျင်မြင်းရုပ်ကြီးလည်း မလိုဘူး
အချစ်ဆိုတာ
ငါ့အတွက်တော့ လက်နက်ချခြင်းတစ်မျိုးပါပဲ..။

စိတ်အလိုကို လိုက်
မိုက်မိုက်မဲမဲ ပြန်မတိုက်ခိုက်ခဲ့ဘူး..
မင်းရာဇဝင်မှာ အရှုံးမရှိစေရပါဘူး
ချစ်သူဘုရင်မလေးရယ်..။

အငြိုးအတေးလည်း မွေးမထားပါဘူး
ပုန်ကန်ခြားနားဖို့လည်း
တစ်သက်တာလုံး အခွင့်ကောင်း စောင့်မနေဘူး…။

စစ်လျော်ကြေးအနေနဲ့တော့
ဝဲနေတဲ့ပုဝါလေး လေအလွင့်ကို
ငေးမောနေခွင့်မျိုးပဲဖြစ်ဖြစ်
ခပ်လှမ်းလှမ်းက ကိုယ်ရနံ့လေးတွေ
ခိုးနမ်းနေခွင့်မျိုးပဲဖြစ်ဖြစ်
အမိန့်တော်မြတ်ကလေး တေးမှတ်ပေးပါ…။

(ကျေနပ်ပြီဆို)
မခိုးမခန့်လေး ရယ်မော
မင်း ပြောပြလိုက်စမ်း…အားလုံးကို
ဒီပွဲမှာ မင်းနိုင်တယ်လို့..။
ချစ်လို့ အရှုံးပေးလိုက်တဲ့
မြို့ပျက်ကလေး ပြုံးရယ်နေလိုက်မယ်..။
လင်းဒီပ
၂.၄.၀၉

21 comments:

  1. စစ်လျော်ကြေးအနေနဲ့တော့
    ဝဲနေတဲ့ပုဝါလေး လေအလွင့်ကို
    ငေးမောနေခွင့်မျိုးပဲဖြစ်ဖြစ်
    ခပ်လှမ်းလှမ်းက ကိုယ်ရနံ့လေးတွေ
    ခိုးနမ်းနေခွင့်မျိုးပဲဖြစ်ဖြစ်
    အမိန့်တော်မြတ်ကလေး တေးမှတ်ပေးပါ…။

    လှလိုက်တာဟာ...

    အိန္ဒြာ

    ReplyDelete
  2. မြို့ကတော့ ပျက်သွားပြီ စစ်သူကြီးက ဘယ်မလဲ ကဲ....

    ReplyDelete
  3. လှလိုက်တဲ့...စကားလုံးတွေ

    လေးစားပါတယ်ဗျာ။ ကိုယ်တိုင်လည်း ကဗျာဆရာ ဖြစ်ချင်တယ်။ ကဗျာတွေကိုချစ်တယ် ၊ ကဗျာဆရာတွေကိုလည်း ချစ်တယ်။

    ReplyDelete
  4. အညတြကလေးကိုး...

    ReplyDelete
  5. ကောင်းပဗျာ ...
    ညက်ပ ညောပ ....

    ReplyDelete
  6. ဟောဒီ ကမ္ဘာမြေတခုလုံးမှာ
    အလှပဆုံးသော မြို့ပျက်ကလေးတခုဖြစ်မှာ
    အသေအချာပါပဲ...

    ReplyDelete
  7. ချစ်သူကို
    ငေးကြည့်ယုံ
    ကိုယ်သင်းနံ့လေး ရှုရှိုက်ယုံလေးနဲ့
    ကျေနပ်နိုင်တဲ့ အချစ်ဆိုတော့
    နည်း၂တောင် ဒနားသွားတယ်။

    ဆင်ဆင်ပြေပါစေ
    (ကဗျာကောင်းလေးပါ)

    ReplyDelete
  8. အချစ်ဆိုတာ စစ်ပွဲပဲ တွေဝေနေရင်တော့ ရှုံပြီး ကြားထဲမှာ ခံလိုက်ရတာကတော့ အလွမ်းမြို့က တစစီးကျိုးပျက်.........................။

    ReplyDelete
  9. လှလိုက်တာာ........
    ပြီးခဲ့တဲ့တနင်္ဂနွေအပြီးမှာ..ဒီကဗျာလေးကိုအကြိုက်ဆုံး
    ဒီကဗျာတော့လှတယ်..

    ReplyDelete
  10. လှပတဲ့ ကဗျာလေးကို လာရောက်ဖတ်ရှုသွားကြောင်းပါ။ ချစ်တတ်ပုံကလည်း စိတ်ကူးယဉ်စရာ ကောင်းလိုက်တာ။ ပ၀ါလေးလွင့်လာတာကိုတောင် ချစ်နေတာဆိုတော့။ အပြင်မှာလည်း ဒီအတိုင်းဆိုရင်တော့ ချီးကျုးပါတယ်။

    ReplyDelete
  11. (ကျေနပ်ပြီဆို)
    မခိုးမခန့်လေး ရယ်မော
    မင်း ပြောပြလိုက်စမ်း…အားလုံးကို
    ဒီပွဲမှာ မင်းနိုင်တယ်လို့..။
    ချစ်လို့ အရှုံးပေးလိုက်တဲ့
    မြို့ပျက်ကလေး ပြုံးရယ်နေလိုက်မယ်

    ကဗျာလေးက မိုက်တယ်ညီလေးရာ..
    ကောင်မလေးကြွေမကြွေတော့မသိဘူး
    အကိုတော့ ကြွေသွားတယ်

    ReplyDelete
  12. သံစဉ်အနိမ့်အမြင့်တွေပါတဲ့ သီချင်းကောင်းတစ်ပုဒ်ကို မျက်လုံးနဲ့ နားထောင်လိုက်ရ သလိုပါပဲ။ တချို့ကဗျာတွေက အံ့သြတဲ့ ခံစားချက်ကို ပေးပါတယ် (Surprise in a very pleasant way ဆိုတာမျိုးပေါ့) ဒီကဗျာလဲ အဲဒီလို ကဗျာတွေထဲက တစ်ပုဒ်ပါ။ နောက်ဆုံးအပိုဒ်မှာ (ကျေနပ်ပြီဆို) နဲ့ ပြန်ချိုးသွားတာ အရမ်းကိုလှပါတယ်။ “အချစ်ဆိုတာ
    ငါ့အတွက်တော့ လက်နက်ချခြင်းတစ်မျိုးပါပဲ..။” တဲ့။ မှန်၏။ ကဗျာကောင်းတွေ အမြဲဖတ်ရလို့ ကျေးဇူးတင်ပါတယ် ကိုလင်းဒီပရေ။

    ReplyDelete
  13. မင်္ဂလာပါ ၊၊ ကဗျာလေး လာတောင်းတယ် ဗျာ ၊၊ အချစ်မှာ အရှုံးအနိုင်တွေ တွက်တက်တဲ. ကျွန်တော်. ချစ်သူအတွက် ..............

    ReplyDelete
  14. မြို့ပျက်ကလေးရေ မြို့ရိုးတွေကျိုးသွားပြီလား
    :)
    ကဗျာလေးကအရမ်းချစ်ဖို့ကောင်းတယ်
    မြို့လေးကိုတောင် ဖြိုဖျက်ရက်မယ်မထင်ဘူး ကိုလင်းဒီိပ
    :)
    ကောင်းသောနေ့ဗျာ

    ReplyDelete
  15. အားကြီးကြိုက်တယ်... အရမ်းကောင်းတဲ့ ကဗျာ..။ချစ်လို့ အရှုံးပေးလိုက်တဲ့ မြို့ပျက်တဲ့...ရေလည်မိုက်ဒယ်။ :D

    ReplyDelete
  16. ချစ်ဖို့ ကောင်းလိုက်တဲ့ ကဗျာလေး...လှလိုက်တဲ့ စာလေးတွေ

    ReplyDelete
  17. ကျေနပ်ပြီဆို)
    မခိုးမခန့်လေး ရယ်မော
    မင်း ပြောပြလိုက်စမ်း…အားလုံးကို
    ဒီပွဲမှာ မင်းနိုင်တယ်လို့..။
    ချစ်လို့ အရှုံးပေးလိုက်တဲ့
    မြို့ပျက်ကလေး ပြုံးရယ်နေလိုက်မယ်..။

    --တဲ့--လား--ကွယ်--
    ရေးတတ်လိုက်တာ--

    ReplyDelete
  18. တကယ်ကို ဟန်မဆောင်ပဲ နှစ်သက်မိပါတယ်

    ReplyDelete
  19. စစ်လျော်ကြေးကလဲ နည်းလိုက်တာကွာ..း)
    .....
    အရမ်းလှတဲ့ ကဗျာလေး.
    ..........
    မင်းမို့ နုနုလေးတွေ ရေးပြီဆို..
    ကောင်းချက်.. ပြောမထွက်နိုင်ဘူး တကယ်..

    ReplyDelete
  20. ကိုလင်း အရမ်းကောင်းတယ်ဗျို့။ စစ်ဘုရင်မလေးတော့ ခိုက်သွားမှာပဲ။

    ReplyDelete
  21. ကဗျာလေးက မိုက်တယ်..
    ကောင်မလေး
ိုတော့ ကြွေသွားတယ် Khit Khit Khit :)

    ReplyDelete