Tuesday, June 2, 2009

ချစ်သူလက်ခုပ်ထဲက ငါး

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ငါ့အီးမေးလ်ကို မင်း ဝင်စစ်တော့မယ် ဆိုတာ
ဆေးလိပ်ကလေးတွေ ငါ့နှုတ်ခမ်းပေါ် ပြည်ဝင်ခွင့် ပိတ်တော့မယ် ဆိုတာ
ဒီပုလင်းကြီးနဲ့ငါ ရှင်ကွဲ ကွဲတော့မယ်ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
မနက်စောစော ဘုရားရှိခိုးဖို့ လှမ်းနှိုးတော့မယ် ဆိုတာ
ညနေစောင်းဆို လာလာကြိုခိုင်းတော့မယ် ဆိုတာ
ငါ့တနင်္ဂနွေတွေ ဟိုကောင်တွေနဲ့ ထွေရာလေးပါး နေလို့ မရတော့ဘူး ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
သဒ္ဓါထက်ထက် ကောင်မလေးတွေရဲ့
လမ်းပေါ်က ဖက်ရှင်ရှိုးကို FOC ခံစားခွင့်
မင်းမသိအောင်ဘဲ ရတော့မယ် ဆိုတာ ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ခင်တတ်လွန်းတဲ့ငါနဲ့ တချို့ညီမလေးတွေ ဆက်ဆံရေး
ခပ်တန်းတန်းလေး နေရတော့မယ် ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက
ဘဝကို မောင်းချင်သလို မောင်းပြီး
ရပ်ချင်တဲ့နေရာ ထိုးရပ်ထားလို့ မရတော့ဘူးဆိုတာ….

သိပါတယ်
သိပါတယ် ။

သိပါတယ်
(သဲကိုးဖြာလေးရယ်)
မင်းလက်ခုပ်လေး ကို
မဟာသမုဒ္ဒရာလို့ ငါအမှတ်မှားမိလိုက်ကတည်းက
ငါ့တစ်ဘဝလုံး မင်းရဲ့ ကိုလိုနီအဖြစ် ပေးပစ်လိုက်ရတော့မယ်ဆိုတာ
ငါ သိပါတယ်လေ….။
လင်းဒီပ
၂.၆.၀၉

32 comments:

  1. သြော်ဒီလိုလား

    ဒါဟာ အချစ်တဲ့လား

    အဲဒါအချစ်တဲ့လား

    ဒါများ အချစ်တဲ့လားကွယ် မင်းပြောအုံး
    (သီချင်း ဆိုတာပါ )

    သဲကိုးဖြာလေး ကြောင့်ကိုး

    ReplyDelete
  2. မပြုံးဘဲ မနေနိုင်အောင် ကဗျာလေးက ချစ်စဖွယ် ကောင်းလွန်းတယ်။ :)

    ReplyDelete
  3. မမယ်ကိုးပြောသွားသလိုပဲ ပြုံးချင်စရာ ကဗျာလေးပါ။ ကိုယ့်ချစ်သူလက်ခုပ်ထဲကို ရောက်နေတဲ့ ငါးတွေထဲမှာ အပျော်ရွှင်ဆုံး ငါးလေးတစ်ကောင် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ကိုလင်းဒီပရေ... (ခုထိ ပြုံးနေမိတုန်းး)

    ReplyDelete
  4.း)
    (လူကြီးဆိုတော့ ဘာမှမပြောပဲ လှည့်ပြန်တာ
    ကောင်းမယ်နော်..)

    ReplyDelete
  5. ပြောမှဖြစ်မယ်။

    ReplyDelete
  6. တို့ အီးမေးလ်ကိုဝင်စစ်မယ်ဆိုရင်မကြိုက်ဘူး
    ဆေးလိပ်လားသောက်ပစေ။ပိုယောက်ကျားလေးဆန်တယ်လို့ခံစားရတယ်။ တရားလွန်မဖြစ်ရင်ပြီးတာဘဲ

    အရက် သောက်တာတော့မကြိုက်ဘူး။တစ်ခါတစ်လေတော့လဲသောက်ပေါ့။ မူးမှ မှားနိုင်မယ်လေ။

    မနက်စောစောလာနှိုးရင် စိတ်ဆိုးမှာဘဲ။ ဘုရားရှိခိုးဘို့ မနက်စောစရာမလိုပါဘူး ကြိုက်တဲ့ အချိန်ရှိခိုးမယ။် နလုံးသားထဲ မှာ ရိုးသားယု့ကြည်မူ ဘုရားသခင်ကိုရှိရင်ကြေနပ်ပြီ

    ညနေစောင်းလာကြိုခိုင်းရင် လဲစိတ်ဆိုးမှာဘဲ. ဟိုကောင်းတွေနဲ့ လဘက်ရည်ဆိုင်တာ ရအရှိန်ပျက်တယ။် ကိုယ့်ဘာသာ ကိုယ်ပြန်ပေါ့။ တစ်ခါတ်လေ တော့လည်း ရှိပစေ

    လမ်းပေါ်က ဖက်ရှင် ရိုးဘာဖြစ်သလဲ ကြည့်ပစေပေါ့ အလကားရတာဘဲ အလကားမရတဲ ကနိုက်ကလပ် ကိုတောင် တို့လက်ပို့ဘူးသေးတယ။် သူပျော်တယ်ဆိုရင် ပြီးတာဘဲ။အ ချိနိန်တန်ပြန်လာမှာဘဲ။ စိတ်ချမ်းသာဘို့ အရေးကြီးမယ။်

    ခပ်တန်းတန်းနေစရာမလိုပါဘူး ကြိုက်သလိုနေ.ဥပဒေဘောင်ထဲက ဖြစ်ရင်ပြီးတာဘဲ။
    ဒီလိုမျိုး ကို ရည်းစားမလုပ်လိုပါကွယ်။ စိတ်ကျဉ်းကြပ်တယ။်

    ReplyDelete
  7. သဲကိုးဖြာလေး ဆိုတာ တစ်လုံးဘဲကြိုက်တယ။် ဟွန်း ကျန်တာ မကြိုဘ်ဘူး

    ReplyDelete
  8. တို့သာ ငါးဆိုရင်အဲဒီလက်ခုပ်ထဲကနေ ခုန်ထွက်ပလိုက်မယ်။

    ReplyDelete
  9. တော်တော်ကို မကျေမနပ်ဖြစ်မိတယ။် ဟွန်း

    ReplyDelete
  10. ကွန်မက်တွေ ပွားပေးသွားတယ။် ပျင်းနေမှာစိုးလို့။

    ReplyDelete
  11. အော် အမရယ် သူတို့က သဲကိုးဖြာအပြင်
    မန်ကျည်းကိုးပင်ပိုပါတယ်ဆို...
    ဒါကြောင့်ဘာမှမပြောခဲ့တာ ...း)
    ဒီကဗျာနဲ့ကို ဘယ်နှစ်မှတ်ရလိုက်လဲမသိဘူး

    ReplyDelete
  12. မကျေနပ်လို. တစ်ခေါက်ပြန်လာတယ်
    ရေးရင်စိတ်ဆိုးမှာဆိုးလို. cbox မှာ အော်ခဲ့တယ်
    ဟိဟိ နာမည် အတုနဲ.

    မခင်ဦးမေ ကိုထောက်ခံတယ်
    အမှန်က အရင်ဆုံးအဲဒီလို မန်.ချင်တာ
    နောက်တစ်ယောက် စိတ်ဆိုးမှာ ကြောက်လို.သာ ဟီဟိ

    မခင်ဦးမေကိုလုံးဝ ထောက်ခံပါတယ်
    .
    .
    .

    ReplyDelete
  13. ဟိုက်ရှာလပတ်..

    ဒီကဗျာဆရာ တော်တော်ချစ်တတ်တာပဲ

    ဘယ်တော့မှမလွတ်မြောက်ချင်တဲ့.
    သူမကျွန်ဖြစ်ချင်တယ်ပေါ့လေ...
    ကိုလိုနီဆိုလို့ပြောတာနော်...
    ကဗျာလှလှလေးနဲ့မလိုက်အောင်
    စကားလုံးက အကျည်းနည်းနည်းတန်သွားတယ်..

    အိန္ဒြာ

    ReplyDelete
  14. အစ်မ kom
    ဟုတ်ဖူးဗျ...စိတ်ကူးလေးနဲ့ လိုက်လျောကြည့်လိုက်တာ

    အစ်မ မနော်ပြောတာ ဟုတ်တယ် ဂုဏ်ထူးမှတ်ရလိုက်တယ်..။

    ဝင်ပြီး ခေါင်းကိုက်ပေးတဲ့ အစ်မ မနော် အစ်မ kom ကိုမင်းအိမ်ဖြူ ကျေးဇူး...။

    ReplyDelete
  15. ပြောပြီးသားဘဲ။ ရည်းစားများပါတယလို့။ မမြင်လည်းဒီကသိတယ်။ ပညာသည်ချင်းမို့ ခြေမြင်တယ်လေ။

    ReplyDelete
  16. တှို့ရည်းစားများတာ မဟုတ်ဘူး. လင်းဒီပများတာပါ။

    ReplyDelete
  17. ချစ်သူရှိတဲ့မြို့ကို
    ရောက်အောင်သွားပြီး
    ချစ်သူ့လက်ထဲ
    ငါးကလေးတကောင်ပဲ ဖြစ်ချင်တယ် ဆိုပါတော့...
    သတိထားကွယ့်...
    တချို့ငါးတွေက အလှကြည့်တာခံရပြီး... တချို့ငါးတွေကတော့ ကျော်စားခံရတယ်...
    ငါးဖြစ်ချင်ရင်
    ရွှေငါးလေးသာ ဖြစ်ပါလေ့စေ... ကိုယ့်ညီရေ့...း)

    ReplyDelete
  18. အမလေး အမလေး

    ကဗျာဆရာဖက်က နာပြီး ဘက်လိုက်မစောကြပါနဲ့.
    ကဗျာထဲမှာပဲလား အပြင်မှာပါ တကယ်ပဲလားဆိုတာ.
    ဆန်းစစ်ကြပါဦး..

    ကဗျာထဲကလိုနေဖို့ တလလား တနှစ်လား တသက်လုံးလားဆိုတာ မေးကြပါဥိး..အာမခံက ဘယ်လောက်ကြာမှာလဲ ဆိုတာ.မေးကြည့်ပါဦး.
    မခင်ဦးမေ..မှတ်ချက်မစောပါနဲ့.

    ReplyDelete
  19. ကဲကြည့် ...
    သိလျှက်နဲ့ :)

    ReplyDelete
  20. ကျွန်မလည်း ဘယ်သူတွေ ဘာရေးထားလည်း သိချင်လို့  တစ်ခေါက်ပြန်လာဖတ်တာ။

    အစ်မခင်ဦးမေ comment ဖတ်ပြီး သဘောတကျရယ်မိတယ်။

    အစ်မ မနော် ပြောသလို ... မန်ကျည်းကိုးပင်ကဗျာလေးပေါ့

    ဘာပဲဖြစ်ဖြစ် အမှန်တရားပြင်ပ နည်းနည်းတိမ်းစောင်းနေမှ လှတယ်ဆိုလည်း ...ဆက်သာလျှောက်လို့  အားပေးလိုက်ရဲ့ နော်...

    ReplyDelete
  21. မကျေမနပ်ရေးထားတာလား ကျေနပ်ပြီးရေးထားတာလား ..း)

    ReplyDelete
  22. ဒီအပြောလေးတွေနဲ့ပဲ...း)
    ကဲယယ ခင်တတ်တဲ့ ညီမလေးတွေရေ..
    သွယ်ဝိုက်ပြီး သတိပေးနေပြီ ..နော်...း)

    ReplyDelete
  23. ဟီးဟီး
    တစ်ခုမှလည်း ကျနော်နဲ့မကိုက်ဘူး။ ကျနော်များ လွန်နေသလားမသိဘူးနော်။ :)

    ReplyDelete
  24. ကဗျာလေးက ချစ်စရာ.. ကောမန့်တွေက ပြုံးရတယ်..။

    ReplyDelete
  25. စိတ်၏ပြေးရာလျှောက်လိုက်နေသော လင်းဒီပ

    တစ်ခုအကြံပေးမယ်။ လူပျိုကြီးလုပ်လိုက်ပါ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  26. ချစ်သူလက်ခုပ်ထဲက ငါး

    ကဗျာဆရာ လင်းဒီပ ကတော့ဖြင့်
    ရေးတတ်ပါပေ့ကွယ်
    ခံစားဖတ်သွားပါတယ်
    ခင်မင်လျက်

    ReplyDelete
  27. niceflavour.blogspot.com တွင် အသုံးပြုမည့် ငါးကြော် ဓါတ်ပုံ အတွက် model အလိုရှိသည်
း)
    နောက်တာနော်
    ငါးလေးရော ၊ လက်ခုပ်လေးရော စိတ်မဆိုးဘူးဟုတ်လား

    ReplyDelete
  28. တဲကိုးဖြာယေးက ဘူဒူယေးယဲငင်

    ReplyDelete
  29. သူ့ကိုသူသဲကိုးဖြာတဲ့ .. ငါးက သူကိုယ်တိုင်ပါဗျို့ သူကမသောက်တတ်ဘူး ကောင်မလေးကသောက်တတ်တာ အဲလိုဗျ
    ဟိဟိ....
    သီချင်းဆိုပြဦးနော် အသံကောင်းတယ်။။ ရွာကိုလွမ်းအောင်လုပ်တတ်တယ်..

    ReplyDelete
  30. ကောင်းလိုက်တဲ့အချစ်ကဗျာလေးညီရာ။ အတွေးအရေးတွေ ဆန်းသစ်လိုက်တာ။

    ReplyDelete
  31. can u please compose without nyimalay

    ReplyDelete
  32. တော်တော်...ကောင်းကောင်းနော်...

    ReplyDelete