Tuesday, June 9, 2009

ပန်းရိုင်းအလင်္ကာ

ပန်းအလင်္ကာ

“ပန်းမခူးရ”တဲ့။

ငါက
လှည့်ပြန်မယ် ကြံတော့
ပန်းကလေးက
ငါ့နာမည် သီချင်းလုပ်ဆိုနေတယ်။

ဧဝ ဘယ်လိုမူခဲ့သလဲ
အာဒံကို ပြန်မေးကြည့်ချင်တယ် ။



အရိုင်းတေး

တခါမှ သူ့ကို
စွယ်တော်ရွက်ကလေးလည်း ခူးမပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
နှင်းဆီပန်းလေးလည်း ဆူးသင်မပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
ပုံတော်ဖိနပ်ကလေးလည်း ဝယ်မပေးခဲ့ဖူးဘူး။

ဆုံလိုက်တိုင်းမှာ
တွေ့ကရာတစ်ခုခုနဲ့ သူက ပစ်ပေါက်တတ်သလို…
ဆုံလိုက်တိုင်းမှာ
ရန်စကားတစ်ခုခုနဲ့ နှုတ်ဆက်ဖြစ်သလို….
ဆုံလိုက်တိုင်းမှာ
ပြဿနာမိုးပြေးလေးရွာမှ ကျေနပ်သွားကြတာမျိုး…

အဲဒိ မိုးလေဝသကို
ဘယ်သူမှ သတိမထားမိတာလား
နှစ်ယောက်တည်းသတိမထားမိတာလား
ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်လွင်ပြင်မှာ
အတေးအမှတ်မရှိတဲ့ အမာရွတ်ကလေးတွေ စိမ်းစိမ်းစို
အရိုင်းတေးတွေ ပွင့်နေ ဝေနေပေါ့။


လတ်တလောကျွန်တော်…..
ဒီကဗျာလေးနှစ်ပုဒ် က ၂၀၀၀ ပတ်ဝန်းကျင်လောက်က ရေးထားတာလေးပါ။( “ပန်းအလင်္ကာ” ကတော့ သက်တန့်ရောင်စဉ်ဂျာနယ်မှာ ပါခဲ့ဖူးပါတယ် ။ ဒေဝ နာမည်နဲ့ပါ) ။ ကျွန်တော်ကဗျာမရေးရင် လာလာအော်တတ်တဲ့ ကိုမင်းအိမ်ဖြူ ကိုဆိုးသွမ်း ညီမမယ်ကိုး ညီမဝတ်လုံတော်ရမင်းတို့ကို ကြောက်လို့ ရှာကြံပြီး တင်လိုက်ရတာပါ။ ဒီရက်တွေမှာ အလုပ်များနေတော့ ဘလောဂ့်ကို ပစ်ထားသလို ဖြစ်နေပါတယ် ။ တခြား ဘာမှမဟုတ်ပါဘူး။ ဘယ်လက်ခုပ်ထဲမှလည်း မရောက်ပါဘူးဗျာ ။ အစ်မ မနော် ပြောသလို ငါးက ကျွန်တော်မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ပုံမှန် စာပြန်ရေးဖြစ်အောင် ကြိုးစားနေပါတယ် ။ အခုတော့ ဒီကဗျာဟောင်းလေးတွေနဲ့ပဲ ပိုစ့်လေးတစ်ပုဒ်ဖြစ်အောင်တင်ခွင့်ပြုပါ။

မှတ်မှတ်ရရ ဒီပိုစ့်လေးက ပိုစ့်တစ်ရာမြောက်ပါ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၉.၆.၀၉

15 comments:

  1. ပို့စ်(၁၀၀)ပြည့်အတွက် Congratulations ပါ ကိုလင်းဒီပရေ။ ဖတ်ခဲ့ရတဲ့ ကဗျာကောင်းပေါင်းများစွာ အတွက်လည်း ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောချင်ပါတယ်။ အခု ၂ပုဒ်ထဲမှာ “ပန်းအလင်္ကာ”ကို ပိုကြိုက်မိပါတယ်။ ဖြစ်တတ်တဲ့ သဘာဝလို့ပဲ ပြုံးနေမိပါတော့တယ်။ ကိုလင်းဒီပ စိတ်ကြည်လင် ချမ်းမြေ့စွာနဲ့ ကဗျာကောင်းပေါင်းများစွာကို ဆက်ပြီး ဖန်တီးနိုင်ပါစေ...

    ReplyDelete
  2. ဆားက နဲနဲငံပေမယ့် အဆင်တော့ပြေသားဗျ :)

    ဒါလဲအသစ်ပါပဲ။ဖတ်မှ မဖတ်ဖူးတာ..နော်

    လေးစားခင်မင်လျက်

    ReplyDelete
  3. ကဗျာလေးတွေ တင်ပေးတဲ့ အတွက် အထူးကျေးဇူးပါ။နှစ်ပုဒ်စလုံး ကြိုက်ပါတယ်။
    ...

    ပို့စ်(၁၀၀)ပြည့် အတွက်လည်း Congratulations ...နောက်လည်း ထောင်ပေါင်းများစွာ ရေးနိုင်ပါစေ...
    ကဗျာလေးတွေ ဖတ်ရတာ စိတ်ချမ်းသာလို့ ပါ။

    ကြောက်ရတဲ့ လူဆိုးစာရင်းထဲ ပါဝင်သွားလည်း နောက်လည်း လာအော်ပါဦးမယ်နော် :D

    ReplyDelete
  4. ရာပြည့် အမှတ်တရပါ အစ်ကို
    ဘဝမှာ ပျော်ရွှင်ပါစေ
    အောင်မြင်ပါစေ

    ReplyDelete
  5. ကဗျာလေးတွေက ချစ်စရာလေး
    အော်..ငါးမဟုတ်ကြောင်းဝန်ခံဖို့စောသေးတယ်လေ
    နော့..နောက်မှ..း)

    ReplyDelete
  6. ရာပြည့်လက်ဖက်ရည်တိုက်ပါ မဟုတ်ရင်တော့ သက်သေလိုက်ရပါလိမ့်မယ်

    ReplyDelete
  7. h`h`h`h`

    အဲဒီလိုလုပ်ပါ...ဦးဒီပကလည်း :)

    ဒါတောင် ကဗျာက တိုနေသေးတယ်။ :D

    ReplyDelete
  8. ဃုလို ရသမြောက်တဲ့ ကဗျာကောင်းလေးတွေ များစွာ ရေးဖွဲ့နိုင်ပါစေ ကဗျာ ဆရာရေ။

    ReplyDelete
  9. နှစ်ပုဒ်လုံးကောင်းပဗျာ ...
    ပန်းအင်္လကာကို ပိုနှစ်သက်မိတယ် .....

    ReplyDelete
  10. ဒီဆား ၂ ပွင့်ကတော့ ချိုနေပါရော့လား...

    ReplyDelete
  11. ၂ပုဒ်လုံးကြိုက်တယ်ရှင့်

    ReplyDelete
  12. ကိုလင်းရေ ရာပြည့်နော် ... တစ်ခုခုတော့ ကျွေးသင့်တယ်နော်....
    ဆားက မငံဘူးခါးနေတယ်။ ဘာလို့ခါးတာလည်းမသိ....

    ReplyDelete
  13. အင်း ကဗျာဟောင်းလည်း တင်ပေါ့ဗျာ ကောင်းနေဆဲပါ
    (ဟဲဟဲ )
    မှန်တယ် ၊ ဒီရက်သူများတွေကိုသာ လျှောက်အော် နေတာ ၊၊ ဘာတွေရှုပ်နေမှန်းမသိဘူး ၊၊ ဘလော့ကို
    မ၀င်ဖြစ်တာ ၊၊ ကိုဒီပအသစ်တင်တာကို မတွေ.တာသာကြည့် ၊၊ အခုလည်းခဏဆို ၀င်ကြည့်တာ ၊၊ ဘာတွေ စိတ်ရှုပ်နေမှန်းမသိပါဘူးဗျာ ....

    ဒီကဗျာလေးတွေ.တော့ ကျွန်တော့်ဘ၀ဟောင်းသတိယ သဗျာ ၊၊ တကယ်တော့ မကောင်းဘူးဗျ ၊၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်သာဆိုတာ ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် စကားကောင်းဆိုလို. မရတော့ဘူး ၊၊ ကြာတော့ ကိုယ်ကို ကစားနေတယ် ထင်လာတယ် ၊၊ ခင်ဗျား ကဗျာထဲကလိုပေါ့ဗျာ ၊၊
    ကိုယ်ကသွားမယ်ပြင် ရင် ပြန်ဆွဲတယ် ၊၊ ကိုယ်ကအနီး သွားရင် ပြသနာ ရှာတယ် ၊၊ ကြာလာတော့ အဲဒီအတွက် စိတ်ညစ်လာ တယ် ၊၊ ပထမတော့ ဘာရယ်မဟုတ် ချော့လိုက် ချစ်လိုက်ပေါ့ဗျာ ၊၊ ပျော်စရာကောင်းသား ၊၊ နောက်တော့ ဒီလိုနဲ. ကျွန်တော့် စွယ်တော်ရွက်လေး တစ်ခြမ်းပဲ့ သွားပါရော လားဗျာ ၊၊
    ဘာရယ်ဟုတ်ပါဘူးဗျာ ၊၊ စာမရေးရတာကြာလို. နောက် ပိုစ့်အသစ်လည်းမတင်ချင်လို. ကိုဒီပကဗျာလေးက ကျွန်တော့်ဘ၀ တစ်စိတ်တစ်ပိုင်းနဲ.တူလို. စာတွေ အရှည်ကြီးရေးသွားတာပါ ၊၊
    အိမ်မှာရော အစစ အရာရာ အဆင်ပြေတယ်မဟုတ်လား
    ပျော်ရွှင်ပါစေဗျာ၊၊

    ReplyDelete
  14. ပို့စ် ၁၀၀ မြောက်မှသည်
    နောက်ထပ် ထောင်ပေါင်း သောင်းချီ
    ကဗျာတွေစီ စာတွေစီ လို့
    နှလုံးသားနဲ့ဆွဲတဲ့ ပန်းချီလေးတွေ
    အမြဲဝေနိုင်ပါစေ မောင်လေးရေ...

    ReplyDelete
  15. ရာပြည့်..ပေါ့...

    ဘာတွေရှုပ်နေလဲ...

    အရှုပ်တွေရွေးလုပ်နေရင်တော့
    သည်းကိုးဖြာဆီ ဖုန်းဆက်လိုက်ရမလား..ပဲ

    အိန္ဒြာ

    ReplyDelete