Tuesday, August 11, 2009

ဂျူလိုင်အလွန်

သမိုင်း တစ်ဆစ်ချိုး
ခေတ်ဆိုးကို ပျိုးယူဖို့ ရွာလိုက်တဲမိစ္ဆာမိုး ။

ငါးခုံးမတစ်ကောင်ကြောင့်
တစ်ခေတ်လုံး ပုပ်ခဲ့ …။

ရေပုပ်တွေ ခပ်ခပ်ထုတ်နေရ
ကုန်,မကုန်နိုင်သေးတော့…..

ခေတ်ကြီးကတော့
သူ့အကြွေး သူဆပ်ချင်လို့
သူ့တာဝန် သူယူထားတယ်
(ဒီနေ့ထိ)
သူရဲကောင်းတွေ လှိုင်လှိုင် မွေးထုတ်ပေးဆဲ။
လင်းဒီပ
၁၄.၇.၀၉

ပြီးခဲ့တဲ့ (၆၂) နှစ်မြောက် အာဇာနည်နေ့အတွက်ရေးထားပေမယ့် မတင်ဖြစ်ခဲ့ပါဘူး ။ အခုတော့ တင်ချင်လို့ တင်လိုက်ပါတယ် ။

15 comments:

  1. တင်ချင်လို့ တင်လိုက်တဲ့ကဗျာကို

    ဖတ်ချင်စိတ်အပြည့်နဲ့ဖတ်ပြီး..

    ခံစားချင်တိုင်းခံစားသွားတယ်

    လင်းဒီပရေ......

    အိန္ဒြာ

    ReplyDelete
  2. ကိုလင်းဒီပရေ.. ကဗျာလေး လာဖတ်သွားပါတယ်ဗျာ။

    yu ya

    ReplyDelete
  3. အကိုရေ တကယ်ပဲခေတ်ဆိုးကြီး ဖြစ်နေပြီလား။ တရားမျှတမှုဆိုတာကရော ဘယ်မှာလဲ။

    ReplyDelete
  4. July အလွန်မှာ
    မိုးတွေဖြိုင်ဖြိုင်ရွာခဲ့ပေါ့
    မျှော်လင့်ချက်တွေရေစီးထဲမျောမပါသွားအောင်ကြိုးစားရင်း
    သီချင်းတစ်ပုဒ်ကို ခပ်တည်တည်ဆိုနေလိုက်တယ်
    (ဘာသီချင်းလဲ.........ဟုတ်လား
    ခင်ဗျားလည်းလိုက်ဆိုကြည့်လိုက်ပါ....)

    ReplyDelete
  5. တင်ချင်လို့ တင်တော့ ဖတ်ချင်လို့ ဖတ်တယ်ဗျာ။
    :)

    ReplyDelete
  6. ခံစားသွားတယ် ကိုဒီပရေ ...

    ReplyDelete
  7. အချိန်နှောင်းပေမယ့် ဖတ်ကောင်းဆဲ။

    ReplyDelete
  8. ကဗျာတွေ လာလာဖတ်ဖြစ်တယ်ကိုဒီပရေ
    ကောင်းသောနေ့ပါ :)

    ReplyDelete
  9. တကယ်ပါပဲ BRO ။ မတွေ့တာ တောင် ကြာပေါ့။ နေကောင်းစ?/?/

    ReplyDelete
  10. (ဒီနေ့ထိ)
    သူရဲကောင်းတွေ လှိုင်လှိုင် မွေးထုတ်ပေးဆဲ။ တဲ့
    ဟုတ်ပါ့မလားလို့ စဉ်းစားသွားတယ်

    ReplyDelete
  11. သမိုင်းကတော့ သူ့တာဝန်သူကျေပြွန်မှာ အသေအချာပါပဲလေ

    ReplyDelete
  12. ကိုလင်းရေ ဖတ်သွားတယ်ဗျာ .. သူရဲကောင်းဖြစ်ချင်စိတ်တွေ ခုံးထလာတယ့်အထိ
    ကဗျာလေးက ကောင်းပါတယ်

    ReplyDelete
  13. ကဗျာလေးကောင်းတယ်ဗျ။ ခေတ်ရဲ့ လိုအပ်ချက်အရ သူရဲကောင်းတွေ မွေးဖွားနေဦးမှာပါ။

    ReplyDelete
  14. မာန်တွေပါတဲ့ လေသံတင်းတင်းတွေကို နားဆင်သွားတယ်။

    ReplyDelete