Thursday, August 13, 2009

မီးတောက်ကဗျာဆရာ(၂)

ကဗျာဆိုတာ လမ်းဘေးက လေထိုးကျွတ်ဖာဆိုင် မဟုတ်ဘူး။
မင်းဘဝကြီး လေလျော့နေလို့ပဲ ဖြစ်ဖြစ်
မင်းဘဝကြီး ကျွတ်ပေါက်သွားလို့ပဲ ဖြစ်ဖြစ်
ငါ့ဆီ ရောက်မလာနဲ့ ငါဘာမှ မတတ်နိုင်ဘူး ။

ကဗျာဆိုတာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်မှု မဟုတ်ဘူး ။
ဖက်ရှင်တစ်ခုအနေနဲ့တော့ ကဗျာတွေ ဖတ်မပြနဲ့
ကဗျာစာအုပ်လေး ကိုင်ရင်း လမ်းလျှောက်မနေနဲ့။
ကဗျာတွေ အဖတ်လွန်ပြီး အစာမကြေတဲ့အခါ ဘယ်ဆေးဝါးမှ မင်းကို မကုနိုင်ဘူး ။

ကဗျာဆိုတာ ပစ္စည်းမဲ့တွေရဲ့ လက်ငုတ်လက်ရင်း မဟုတ်ဘူး ။
မင်းက BMW စီးနေတဲ့
သဌေးလူမိုက်တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ် ။
မင်းက စာအုပ်အဟောင်းတန်းမှာ
ငုတ်တုတ်ကလေး ထိုင်ဖတ်ရတဲ့
ကဗျာငတ်မပြေတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။
အရေးတော့ မကြီးဘူး
မင်းကြိုက်ရင် မင်းဖတ်
မင်းသွေးတွေ ယားလာရင် မင်းရေး…

ကဗျာဆန်အောင်ဆိုပြီး ရှပ်အင်္ကျ င်္ီအဟောင်းကြီး
တမင် မီးဖောက် ဝတ်မနေစမ်းနဲ့…
အဲဒီခေတ် မဟုတ်တော့ဘူး။

သူဟာ အနုပညာရဲ့ ကိုင်းကြီးကြီးတစ်ခု…
မင်းကြိုက်ရင် မင်းနား မင်း မကြိုက်ရင် မင်း ထွက်သွား

မင်းသွေးကြောတွေထဲ ကဗျာသွေးတွေ မစီးဆင်းသေးခင်…
မင်းခန္ဓာထဲ ကဗျာဝိညာဉ်လေးတွေ ပူးကပ်မလာခင်…
မင်းစကားလုံးတွေ မင်းစိတ်သစ်ပင်က ကြွေကျမလာခင်တော့…
သူ့ဘာသာလှနေတဲ့ အနုပညာတစ်ခုကို အိုင်တွေ့တိုင်း ခြေဝင်မဆေးစမ်းနဲ့။

ဟန်ကြီးပန်ကြီးနဲ့တော့ ကပြမနေစမ်းနဲ့ ငါ့ကောင်..။
ဟောသမှာ
ကဗျာကို ကြိုက်လို့ ခံစားနေကြသူတွေ ချည့်
(ဘယ်သူမှ ပြဇာတ်မင်းသား မဟုတ်ဘူး)
ချစ်ချင်ယောင်ဆောင် မနေစမ်းနဲ့
မင်း တကယ်မချစ်ရင် သူ့ဆီက (မင်း) ဘာမှ ရမှာ မဟုတ်ဘူး။
လင်းဒီပ
၁၃.၈.၀၉

20 comments:

  1. မီးတောက်နေလို့ ကြောက်ကြောက်နဲ့ လာဖတ်ပါတယ်။
    ဆိုလိုရင်း အရမ်းကြိုက်သွားလို့  သွားရင်းလာရင်းလည်း ရွတ်ဖြစ်ပါဦးမယ်။ :)

    ReplyDelete
  2. ရပြီ အစ်ကိုရေ... အရေးအသားကတော့ ရဲရင့်ပါတယ်ဗျာ... ဟုတ်တယ် ကိုယ်သွေးယားရင် ကိုယ်ရေူးလိုက်မယ်ဗျာ... ဘာတွေပဲဖြစ်ဖြစ်ပေါ့

    ReplyDelete
  3. ကဗျာဆရာရေ

    ပေါက်ကွဲပြင်းထန်ချက်
    ကဗျာလေးက ထက်၇ှတယ်ဗျာ။ ကြိုက်တယ်ဗျာ..
    ဒါပေမဲ့ ဘာမှ မပြောရဲဘူးးး
    ကဗျာရွတ်ရမှာောတင် လတ့်သလိုလို ရှိလာလို့..

    ခင်မင်စွာဖြင့်

    ReplyDelete
  4. မင်း တကယ်မချစ်ရင် သူ့ဆီက (မင်း) ဘာမှ ရမှာ မဟုတ်ဘူး။
    ဟုတ်ပဗျာ ...
    ကောင်းတယ် ...

    ReplyDelete
  5. ရှပ်အင်္ကျ င်္ီအဟောင်းကြီး
    တမင် မီးဖောက် ဝတ်မနေဘူး ..
    အဲဒီခေတ် မဟုတ်တော့ဘူး။ ကိုဒီပတို့က LEVIS ကိုနောက်မှာ နှစ်ကွက် ဖောက်ပီးဝတ်တာ။ ဟီး အဲလိုလူမြင်လို့က ကိုဒီပသာမှတ်။ (အဲဒါခေတ်)
    ဟီး.. နောက်တာနော်..ခင်လို့
    တော်ကြာမီးတောက်တွေဒီဘက် မှုတ်ထုတ်နေဦးမယ်။
    :)

    ReplyDelete
  6. စကားလုံးတွေ အားကောင်းလွန်းတယ် ကိုဒီပရေ
    ကောင်းသောနေ့ဗျာ :)

    ReplyDelete
  7. ဟုတ်တယ်
    ချစ်ချင်ယောင်ဆောင်နေသူတို့ရေ
    မင်းတကယ်မချစ်ရင်
    သူ့ဆိက မင်း ဘာမှရမှာမဟုတ်ပါဘူး......
    ....သိပ်ကိုသေချာနေခဲ့ပေါ့.......
    .......

    ReplyDelete
  8. တကယ်မချစ်ရင် ဘာမှမရဘူး။ အဲဒါအမှန်ပဲ။ ကဗျာဆရာရေ မီးတတို့လောက်။ :P

    ReplyDelete
  9. ဟုတ်တယ် ဘယ်သူမှ ပြဇာတ်မင်းသားမဟုတ်ဘူး...
    အဲ့စကားလုံးလေး ကြိုက်တယ် ကိုချက်အရက်

    ReplyDelete
  10. ကဗျာလေးကောင်းလို့ ဘာမှ ထပ်ပြောစရာမလိုတော့ဘူး။ :)

    ReplyDelete
  11. သားလည်း ပါဘူးးးးးး

    ဘာတွေ ပေါက်ကွဲနေတုန်း ................


    ကြောက်ကြောက်နဲ့ တိတ်တိတ်လေး ပြန်ပြီ P;

    ReplyDelete
  12. ပေါက်ကွဲနေတာလား နောက်နဲ့နော့။ ဒို့ကကြောက်တတ်တယ်။

    ReplyDelete
  13. ကဗျာခေါင်းစဉ်ကကို ဟုန်းဟုန်းတောက်လို့..
    သတိရမိတာ ဆရာဒေါင်းနွယ်ဆွေ ကြိမ်းသလို..
    (ဒေါင်းကွ.. ရိုးရိုးဒေါင်းတောင်မဟုတ်ဘူး.
    ခွပ်ဒေါင်း .. ထောင်းလမောင်းကြေအောင် ခွပ်ပစ်မယ့်ဒေါင်း ..)
း) ... အကိုကြီး ပေါက်ကွဲနေတယ် ...

    ReplyDelete
  14. ကဗျာဆန်အောင်ဆိုပြီး ရှပ်အင်္ကျ င်္ီအဟောင်းကြီး
    တမင် မီးဖောက် ဝတ်မနေစမ်းနဲ့…
    အဲဒီခေတ် မဟုတ်တော့ဘူး။
    ..
း)
း)

    (အိ... ကြောက်စရာလေး ပဲ..)
    အနုအလှ လေးတွေနဲ့ ယဉ်ပါးနေတဲ့ ကဗျာဆရာလေး
    ဒီလိုရေးပြန်တော့လဲ ရဲရဲရင့်ရင့်ကြီး ပဲ ဟေ့

    ReplyDelete
  15. ဆိတ်၏ပြေးရာလျှောက်လိုက်နေသော လင်းဒီပ

    လုပ်လှချည်လား ကိုယ့်ဆရာရ။ ပေါက်ကွဲမှုတွေက အားကောင်းလှချည်းလား။ ခင်ဗျားရေးတဲ့အထဲမှာ ဒီကဗျာကို အကြိုက်ဆုံးဘဲ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  16. ဘယ်လိုပြောရမှန်းမသိဘူး။
    ဟိုက်ရှာလပတ်ရည် ကောင်းပါတယ်ဗျာ ဟီးး

    ReplyDelete
  17. “မင်း တကယ်မချစ်ရင် သူ့ဆီက (မင်း) ဘာမှ ရမှာ မဟုတ်ဘူး။”...

    မှန်တယ် အရမ်းမှန်တာပဲ ကိုလင်းဒီပရေ... မီးတောက်ကဗျာဆရာဆီက အပူတွေ ဟပ်နေပေမယ့် ကျေကျေနပ်နပ်ကြီး ဖတ်သွားပါတယ်...း))

    ReplyDelete
  18. ရည်ရွယ်ချက်ကလေးကို သဘောကျ လေးစားမိပါတယ် အကိုရေ...
    အားပေးလျက်ပါ...။

    ReplyDelete
  19. ကဗျာလေးဖတ်သွားတယ်ညီ

    ReplyDelete