Friday, August 14, 2009

မြက်ရိုင်းပြတိုက်

သရဲ

လတစ်စင်းနဲ့ မျောနေ။

ငါ့ကို
ဆေးလိပ်တစ်ဖွာလောက် တိုက်ပါကွာ
လမင်း ပြန်ရင် ငါ ဝင်အိပ်ရတော့မယ်။
တိန်းတောင်

အင်းစိန်ဂျီတီအိုင်မှာ တွဲဖြစ်တဲ့ သူငယ်ချင်း တိန်းတောင် ရေးထားတဲ့ ကဗျာလေးပါ ။ အဲဒီတုန်းက လုပ်တဲ့ မြက်ရိုင်းပြတိုက် ဆိုတဲ့ စာအုပ်မှာ ထည့်ဖြစ်ရင်း နောက်ပိုင်းကျတော့ ကန်တင်းရောက်ရင် သူ့ကဗျာက ပြောစမှတ်တစ်ခု ဖြစ်သွားတယ် ။ ငါ့ကို ဆေးလိပ်တစ်ဖွာလောက်တိုက်ပါကွာ လမင်းပြန်ရင် ငါ ဝင်အိပ်ရတော့မယ် ဆိုပြီး…။

လူရိုင်းစကား

မြင်းစီးနေတုန်း
ဆင်ရံလာရင်တော့
ငါ့ဘဝပျက်ဖို့ တစ်ဝက်သေချာသွားပြီ ။
တိန်းတောင်

ဒီကဗျာလေးကလည်း လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ရုန်းကြွနေတဲ့စိတ်ကို ရေးထားလို့ ကျွန်တော် မကြာခဏ သတိရမိတဲ့ကဗျာလေး ။

သူငယ်ချင်းရယ်
ချစ်တတ်တဲ့စိတ် သိုသိပ်ဝှက်ကွယ်
သူငယ်ချင်းမို့ ဖွင့်ပြောဖို့လည်း
ကိုယ်မရဲတော့
ကြေကွဲတိတ်တိတ် လရိပ်မှာ

ရင်ခုန်သံများ သူ,မကြားအောင်
ဟန်ဆောင်ရယ်မော ရင်မောသက်ပြင်း
စိုးကြောက်ရင်းနဲ့
ငိုချင်းညည ကာလကြာ…။

သံယောဇဉ်ဖွဲ့ ရင်ခုန်တဲ့အချစ်
ရစ်ဖွဲ့နာကျင် မြင်မြင်သမျှ
ကိုယ်ရေးချတော့
ကဗျာတွေပဲ ဖြစ်ဖြစ်လာ…။

ဒီကဗျာလေးကတော့ ကျွန်တော့် လေးလုံးစပ် ကဗျာလေးပါ။ ဂျီတီအိုင်ကျောင်းသားဘဝ ညလေးတွေ အမှတ်ရရင်း တွဲတင်လိုက်တာပါ ။သုံးပုဒ်လုံးက ကျွန်တော်တို့ မြက်ရိုင်းပြတိုက်ကလေး ထဲကပါပဲ ။
မနေ့က ကဗျာက မီးတွေ တောက်နေလို့ ဒီနေ့ ဒါလေးတွေနဲ့ ပြန်ဖြေလိုက်ပါတယ်… :P
လင်းဒီပ
၁၄.၈.၀၉

14 comments:

  1. ကျေးဇူးအစ်ကိုရေ လူရိုင်းစကားကို ပထမအနက်အဓိပ္ပါယ်တွေ ဖွင့်ကြည့်နေသေးတယ် နောက်မှ တည့်တည့်မြင်အောင် ဖတ်ကြည့်တော့ ရုတ်တရက် ရယ်လိုက်မိတယ်... ဆိုလိုတာက အဲ့လိုပဲတည့်တည့်လား... ကျွန်တော်ကလည်း ကဗျာတွေကို ဘာလို့အဓိပ္ပါယ်လိုက်ဖွင့်နေချင်ပါလိမ့် :)
    ကျွန်တော်မသိတဲ့ ကိုတိန်းတောင်ကို ကျေးဇူးပါဗျာ..

    သူငယ်ချင်းလေးရော အခုဘယ်လိုလဲ ? :P

    ReplyDelete
  2. ဒီတခါ ခွင့်လွှတ်လိုက်မယ်
် မီးတောက်ကဗျာဆရာလေး..း)

    သံယောဇဉ်ဖွဲ့ ရင်ခုန်တဲ့အချစ်
    ရစ်ဖွဲ့နာကျင် မြင်မြင်သမျှ
    ကိုယ်ရေးချတော့
    ကဗျာတွေပဲ ဖြစ်ဖြစ်လာ…။

    ဟုတ်ပါ့..အတိအကျ ပဲမောင်လေး ရေ့..။

    ReplyDelete
  3. မြက်ရိုင်းပြတိုက် လာအားပေးသွားတယ်။ ကျောင်းတုန်းက အမှတ်တရတွေက သတိရစရာဗျာ။

    ReplyDelete
  4. လင်းဒီပ

    မီးတောက်ကဗျာ သိပ်လှတယ်..
    ကဗျာတစ်ပုဒ်ထပ်ရေးလိုက်

    ReplyDelete
  5. ဒါလဲကောင်းတာပဲ........

    ReplyDelete
  6. လေးလုံးစပ်လေးလည်း အားပေးပါတယ်။

    တိန်းတောင်ရေးတဲ့ ကဗျာက

    “ဆေးလိပ်လည်းတို
    နေလည်းညိုပြီ
    ငါ့ကို အိမ်ပြန်ပို့ပါတော့ ” ဆိုတဲ့ “ဧည့်သည်” လား “ဧည့်သည်ကြီး” လား နည်းနည်းမေ့နေတဲ့ကဗျာကို သတိပြန်ရမိစေပါတယ်။

    ReplyDelete
  7. ဖြေဆေးလေးတွေ လာဖတ်သွားပါတယ်..
    သရဲကို ကြိုက်တယ်..
    :)

    ReplyDelete
  8. ကဗျာလေးတွေ က နှစ်သက်စရာ :)
    ကောင်းသောနေ့ပါ ကိုဒီပရေ :)

    ReplyDelete
  9. ကဗျာလေးတွေလာဖတ်သွားတယ်ညီလေးရေ

    အဆင်ပြေပါစေ

    ReplyDelete
  10. မြက်ရိုင်းပြတိုက်ကို
    လာကြည့်သွားတယ်။

    ReplyDelete
  11. မြက်ရိုင်းပြတိုက်ကို
    လာကြည့်သွားတယ်။

    ReplyDelete
  12. လူရိုင်းစကားကို သိပ်ကြိုက်တာပဲ ကိုလင်းဒီပရေ... မြက်ရိုင်းပြတိုက်ထဲကနေ ကဗျာဖတ်ပြီး ကျေနပ်ပျော်ရွှင်စွာနဲ့ ပြန်ထွက်လာခဲ့ပါတယ်...

    ReplyDelete