Tuesday, September 1, 2009

လိပ်ပြာမသန့်တဲ့ လိပ်ပြာ

ရည်ရွယ်မထားတဲ့စကားတစ်ခွန်းက
တင်ကူးကြံစည်မှု မပါဘဲ
မတော်တဆ ထွက်သွားတယ်။

ချစ်ခြင်းမှ အနားယူလိုက်ပါပြီ ဆိုတဲ့ နှလုံးသား
မကြေညာဘဲ
အရေးပေါ် ထခုန်လို့။

ချစ်ခြင်းဟာ
နီးစပ်မှုမှာ အရည်ပျော်လောက်အောင် မသိမ်ဖျင်းလှပါဘူး။
မင်းကတော့ ရိုးအ မျက်ဝန်းတစ်စုံနဲ့ ငါ့ကို ငေးလို့။

မင်းဟာ ပုံပြင်ထဲက ယုံငယ်လေးဆို
ငါက ကျားငစင်းလဲ ဖြစ်သွားပြီ။

မုသာဝါဒ ဆိုးဆေး မပါတဲ့ နှလုံးသားကိုတော့
နောင်ဘဝမှ ကြွေးကျန် အနေနဲ့ တောင်းယူပါတော့။

ဒီလို
ရာသီအခါး
တိမ်အမှားတွေနဲ့
တို့နှစ်ယောက် မတွေ့ဆုံသင့်ဘူး။

အခုတော့
နင်ရော ငါပါ
အညိုရောင် အိုင်ငယ်လေးထဲ
ခြေထောက်တွေ အခါခါ ဆေး
ညစ်ထေးသွားတဲ့ စိတ်တွေ
အသစ်ပြန် ဖြူစင်လို့ ရနိုးနိုး..။
လင်းဒီပ
၁.၀၉.၀၉

18 comments:

  1. နောင်ဘ၀ကမသေချာလို့ ဒီဘ၀မှာဘဲ အကြွေးဆပ်ခဲ့ပါ
    ဒါဘဲ

    ReplyDelete
  2. ကဗျာဆရာကြီး ခုတလော နောက်ဘဝလို့ ခဏခဏပြောနေပါလား။ ကြည့်ရတာ ဒီဘဝမှာ နိဗ္ဗာန်အရောက်ကျင့်တော့မှာမို့လို့ ကတိတွေ လွှတ်ပေးနေတာ ထင်တယ်း))

    အညိုရောင်ရေအိုင်ထဲမှာ ခြေထောက်တွေ ဆေးနေကြပေမယ့် စိတ်တွေပြန်ဖြူစင်နိုင်ဖို့ ကြိုးစားခွင့်တွေ မျှော်လင့်ခွင့်တွေ ရှိဦးမှာပါ...

    ကဗျာကတော့ ထုံးစံအတိုင်း ကောင်းပါ့။း)

    ReplyDelete
  3. အသစ်ပြန်ဖြူစင်ရနိုးနိုး...
    လန့်နိုးခဲ့ရတဲ့အိပ်မက်လိုလို
    တကယ်ဆို
    ဒီရာသီအမှားမှာ
    ငါတို့မဆုံတွေ့ခဲ့သင့်ဘူး
    ဒါပေမယ့်
    နီးစပ်မှုမှာ အရည်ပျော်လောက်အောင်
    မသိမ်ဖျင်းတဲ့ချစ်ခြင်းနဲ့
    ငါတို့ရိုးသားခဲ့ကြတယ်။
    (လက်စားချေတယ်မထင်ပါနဲ့
    ထွက်လာသလိုရေးကြည့်တာပါ) ...:D

    ReplyDelete
  4. ရာသီအချို
    တိမ်အမှားတွေ ပြို ပြီးတဲ့နောက်
    ထပ်တွေ့ဆုံနိုင်ကြပါစေရှင်။
း)

    ReplyDelete
  5. တခါတလေတော့လည်း ပြောရခက်တယ်
    အချစ်က....
    အမြဲကောင်းနေတာက
    ကဗျာ.....

    ReplyDelete
  6. တိမ်ညိုတွေ များပြီး
    အလိုအလျှောက်ရွာသွားတာပါ
    ရွာချဖို့ မရည်ရွယ်ဘူး ။

    မုသားစွက်လို့ ချောခဲ့တဲ့လင်္ကာတစ်ပုဒ်လို
    ဒီလို
    ရာသီအခါး
    တိမ်အမှားတွေနဲ့
    တို့နှစ်ယောက် မတွေ့ဆုံသင့်ဘူး။

    အခုတော့
    နင်ရော ငါပါ
    အညိုရောင် အိုင်ငယ်လေးထဲ
    ခြေထောက်တွေ အခါခါ ဆေး
    ညစ်ထေးသွားတဲ့ စိတ်တွေ
    အသစ်ပြန် ဖြူစင်လို့ ရနိုးနိုး ။။။

    ReplyDelete
  7. ချစ်ခြင်းမှ အနားယူလိုက်ပါပြီ ဆိုတဲ့ နှလုံးသား
    မကြေညာဘဲ
    အရေးပေါ် ထခုန်လို့။

    ကဗျာလေး လှတယ်ညီရေ။

    ReplyDelete
  8. ချစ်ခြင်းဟာ
    နီးစပ်မှုမှာ အရည်ပျော်လောက်အောင် မသိမ်ဖျင်းလှပါဘူး

    ကဗျာလေးတွေ အရမ်းကြိုက်ပါတယ်ဗျာ

    ReplyDelete
  9. ညစ်ထေးသွားတဲ့ စိတ်တွေအသစ်ပြန်ဖြူစင်လို့ရနိုးနိုးနဲ့ ဆေးကြောနေခဲ့တာပါ ... အညိုရောင်အိုင်လေးထဲမှာ

    ReplyDelete
  10. လင်းဒီပရေ...

    ရှင်အခုတော့ ဒီစကားမျိုးတွေပြောပြီပေါ့တဲ့...

    ကဗျာလေး လှ တယ်...

    ကဗျာထဲကကောင်မလေး...သနားတယ်...

    ReplyDelete
  11. အဖြူရောင် အိုင်လေးထဲ ပြောင်းဆေးကြည့်ပါလား မောင်လေးရေ

    ခံစားချက်တွေ ဟာ အချိန်နဲ့ ပြောင်းလဲနေတတ်သေးတယ် မဟုတ်လား

    ReplyDelete
  12. ကောင်မလေးကလည်း ခြေဆေးသတဲ့လား။တကယ်က ကဗျာဆရာအပြောကောင်းလို့ ပင်လယ်ထဲမြုပ်သွားတာ နေမှာ ;)
    ဘာပဲဆိုဆို ကဗျာလေးကတော့ လှတယ်။း)

    ReplyDelete
  13. မင်းကတော့ ရိုးအ မျက်ဝန်းတစ်စုံနဲ့
    ငါ့ကို ငေးလို့ ။ ။

    ReplyDelete
  14. ``ချစ်ခြင်းဟာ
    နီးစပ်မှုမှာ အရည်ပျော်လောက်အောင် မသိမ်ဖျင်းလှပါဘူး။´´
    ကြိုက်တယ် ... အားပေးလျက်...

    ReplyDelete
  15. အကိုရေ နောင်ဘ၀အထိမထားပါနဲ့။ ဒီဘ၀မှာပဲ နှလုံးသားလေးပြန်ဖြူစင်အောင်လုပ်ပြီး ပေးလိုက်ပါ။ :D

    ReplyDelete
  16. ခံစားချက်တွေ ခံစားချက်တွေ။ ကဗျာလှလှလေးတစ်ပုဒ်ပါ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  17. လှတယ်ဗျာ..တချက်ချင်းတို့ထိသွားလိုက်တာ။
    ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်ထဲကို သေချာစီးမျောသွားလိုက်မိတယ်။

    လေးစားခင်မင်လျက်

    ReplyDelete
  18. ကိုကျားရေ..အဲဆောရီး
    ကိုလင်းဒီပရေ....ကဗျာလေးဖတ်လို့
    ကောင်းလိုက်တာ.........

    ReplyDelete