Thursday, September 10, 2009

နေ

တစ်ဘဝလုံးလောင်ပြီး
စိတ်ကူးယဉ်စရာ မကောင်းလောက်အောင်
ပူပူလောင်လောင်ကောင်ကြီး ငါ..။

စကြဝဠာမြို့ကြီးထဲ
မီးဝင်းဝင်းတောက် မျက်လုံးကြီးနဲ့
နင့်ကို ခေါ်တောကြည့် ကြည့်နေတဲ့
လူကြမ်းမင်းသားကြီး ငါ….။

“လ”ဆိုတဲ့ သနားကမားကောင်လေး
ငါ မနာလိုပါ…။
စကြဝဠာမြို့ကြီးထဲ
လရောင်ခြုံထည်ပုဝါလေးနဲ့ နင် ရှက်သွေးဖြာ..။

ငါ
ငါ့ဒေါသနဲ့ ငါ
နင့် အနားထိ လာလို့ မရရှာ
ငါ
ငါ့ဝဋ်ကြွေးနဲ့ ငါ
နင့် အဝေးကြီးလည်း ထွက်မပြေးနိုင်ရှာ…။

စကြဝဠာမြို့ ပြီးဆုံးတဲ့နေ့အထိ
ငါ့ခန္ဓာ လောင်ကျွမ်းလင်းတောက်ရင်း ရှိနေချင်တာ
မင်း ကိုယ်ကာယလေးကို
လူပျိုတေးလေး ဟစ်ရင်း လှည့်ပတ် ငေး နေဦးမှာ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်း မူနွဲ့နေသူလေးရာ..။
လင်းဒီပ
၁၀.၉.၀၉

19 comments:

  1. နေ ကမ္ဘာ လ
    ကဗျာလေး လှ လိုက်တာဗျာ ...
    လရောင်ထက် ပိုပြီး
    မူနွဲ့ နေသူလေး လိုအပ်တဲ့
    စွမ်းအင်တွေ ရှိနေတာပဲ ဆရာသမားရယ် ...
    တောင့်ထား :)

    ReplyDelete
  2. ပြောဖို့ ကျန်သွားလို့
    ဆရာသမားမနာလိုတဲ့ကောင်
    မူနွဲ့ နေသူလေးကို
    ရှက်သွေးဖြာစေခဲ့တာလည်း
    ဆရာသမားရဲ့ သွယ်ဝှိုက် အလင်းပါပဲဗျာ ....

    ReplyDelete
  3. အဟမ်းးးအဟမ်းးးးး
    ရေးတဲ့သူနဲ့မြှောက်တဲ့သူ
    နဲ့တော့ဟုတ်နေတာပါဘဲ....

    ReplyDelete
  4. ကဗျာလေး ကို သီချင်းလေးတစ်ပုဒ်လို ရွတ်ဆိုမိသွားတယ်ဗျာ။

    ReplyDelete
  5. ကဗျာလေး ဖတ်ပြီး ပြုံးရတယ်။ comment တွေ ဖတ်ပြီး ရယ်ရတယ် ...:D (အထူးသဖြင့် ၁၂၃ :P )

    ReplyDelete
  6. အော် ..တောက်လောင်နေတာကိုး..နေလို..
    .......
    အလကားနောက်တာ
    အတွေးလေးက လှတယ် ...
    ၂၃ ၁/၂ မူနွဲ့နေသူကမ္ဘာလေး...

    ReplyDelete
  7. ဟိုက်... အိုင်ဒီယာလေး လေးစားတယ်...

    ReplyDelete
  8. idea လေးလှတယ်ဗျာ။
    နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်း မူနွဲ့နေသူလေးရာ..။တဲ့ :)

    ReplyDelete
  9. ချစ်သောကမ္ဘာမြေအတွက်
    ကဗျာဆရာလေးလင်းဒီပ..း))

    ReplyDelete
  10. သနားစရာ.........

    ReplyDelete
  11. ကျွန်တော့်အထင်ကတော့ မူနွဲ့သူလေးက ကိုကြီးနေကို ရစ်ပတ်နေတာလို့ထင်တယ် ... သူက လဆိုတဲ့ သနားကမားကောင်လေးရဲ့ ခြုံထည်ပုဝါနဲ့ရှက်သွေးဖြာနေပေမယ့် ... ကိုကြီးနေရဲ့ အရောင်နဲ့ ဒီကောင်လေးကပါးပြောင်နေရရှာတာပါဗျာ ခွင့်လွှတ်လိုက် ခွင့်လွှတ်လိုက်

    ReplyDelete
  12. တိမ်းစောင်းမူနွဲ့နေမှတော့ မစဉ်းစားပါနဲ့တော့ ၉၀ ဒီဂရီရှိတဲ့လူဆီပြောင်းတော့

    ReplyDelete
  13. တင်စားချက် တွေက ပီပြင် ပါပေတယ်...

    ReplyDelete
  14. လရောင်ခြုံထည်ပုဝါလေးနဲ့ နင် ရှက်သွေးဖြာ တဲ့လား..
    ကောင်းလိုက်တာလို့ ထပ်ရေရွတ်သွားပါတယ်။

    ReplyDelete
  15. အဟမ်း အဟမ်း။ ငါ့အကိုသိပ်နုနေပါလား။

    ReplyDelete
  16. မူနွဲ့နေသူလေး ရဲ့ မရှိမဖြစ် နေမင်းကြီး ..း)

    တင်စားသွားတာလေးတွေ ထိတယ် မိတယ် ဗျာ..

    ReplyDelete
  17. ဘလော့မှာ လူပျိုတေး မဟစ်ကြွေးရ
း)

    ReplyDelete
  18. နေမင်းလား..
    ကိုယ်အပူငွေ့နဲ့ကိုယ်လောင်ကျွမ်းတောက်ပနေသူလား..
    သတ္တလောကအတွက်မရှိမဖြစ်အရာပါလား..
    လမင်းကို..သူက ရောင်ပြန်အလင်းညှိပေးခဲ့တာပါလား

    ReplyDelete
  19. ကောင်းလိုက်တဲ့ကဗျာလေးဗျာ . . . လရောင်ခြုံထည်ပ၀ါလေးနဲ့ နင်ရှက်သွေးဖြာတဲ့ . . .
    အဝေးကပဲငေးရတာ တစ်မျိုးမိုက်တာပဲနေား)

    ReplyDelete