Tuesday, September 22, 2009

ကဗျာရေးမရတဲ့ ရာသီ

နှလုံးသားလက်ယက်တွင်းလေးထဲ

ရေကြည်သန့်သန့်တွေ

စိမ့် ထွက် မလာတဲ့အခိုက်

တိတ်နေတဲ့ စိတ်ရဲ့ဂီတကို

ပဲ့တင်ထပ်လို့ မရတော့

စာရွက်ကလေးနဲ့ ဘောလ်ပင်လေးဟာ ရှင်ကွဲ ကွဲ။

သွေးရူးသွေးတမ်းနဲ့

စိတ်ပလိုင်းပေါက်ထဲ

မြင်မြင်ကရာ အက္ခရာတွေ ကောက်ကောက် ထည့်….

ကိုယ့်မိုးလေဝသမှာ

ပန်းမိုးတွေ ခေါင်နေတော့

ကိုယ့်နှလုံးသွေး ကိုယ် ကြိုးကျစ်

တစ်ရာသီလုံး လွန်ဆွဲနေခဲ့ရတယ်။

လင်းဒီပ

၂၂.၀၉.၀၉

15 comments:

  1. ကဗျာတွေရေးမရတဲ့ရာသီအကြောင်း
    ကဗျာတွေရေးဖွဲ့ ...း)

    ReplyDelete
  2. ကဗျာမရေးဖြစ်တဲ့အချိန်တွေအကြောင်း ကဗျာရေးနိုင်သေးတာကိုပဲ အားကျမိရဲ့။

    ညီမ ခုဖြစ်နေတာနဲ့ တထပ်ထည်း...။

    ReplyDelete
  3. ကဗျာတင် မဟုတ်ဘူး ပြတင်းတံခါးလည်း မတပ်ရသေးဘူး :) ကောင်းသောနေ့ကိုဒီပရေ :)

    ReplyDelete
  4. ပထမ ကွန်မကောင်းဘူးလို့ ထင်နေတာ ...
    စောင့်ကြည့် စောင့်ကြည့် နဲ့ ...
    နောက်မှသိတယ် ...
    ငါ့ဆရာက .. ကဗျာရေး မရဘူးဆိုပြီး
    ပြူတင်းတံခါး တစ်နေရာစာ လှပ်ထားခဲ့ သကိုး :)

    ReplyDelete
  5. ကဗျာရေးမရတဲ့ ရာသီမို့ပဲနော်။
း)

    ReplyDelete
  6. ကဗျာကို လွန်ဆွဲယူနေရသလားဗျ။ ဒါဆို အခုကဗျာဆရာ နိုင်သွားပြီနော်။ ကဗျာရောက်လာလို့ :D

    ReplyDelete
  7. စိမ်းလိုပဲ ကဗျာရေးမရလို့...
    ရေးမရတာတောင် သူက ကဗျာဖြစ်သေးတယ်..
    တော်ပါ့... တတ်လည်းတတ်နိုင်ပါပေတယ်...

    ReplyDelete
  8. သွေးရူးသွေးတမ်းနဲ့

    စိတ်ပလိုင်းပေါက်ထဲ

    မြင်မြင်ကရာ အက္ခရာတွေ ကောက်ကောက် ထည့်….

    ...
    အောက်ကို တော့ မကျစေနဲ့ လေ
    ကီးဘုတ်လေးနဲ့ ခံထား
    နှလုံးသား တူသူတွေ ခံစားပစေ ပေါ့

    ကဗျာလှလှလေး ကြိုက်တယ်

    ReplyDelete
  9. ဘလော့လေးကလှ ကဗျာလေးကလည်း လှ...
    ကဗျာရေးမရတာတောင် ကဗျာလှလှစပ်နိုင်တယ်။ တော်ပရှင် =)

    ReplyDelete
  10. ကဗျာရေးမရပေမယ့် နှလုံးသွေးက ကဗျာတွေစီးဆင်းနေတာ တွေ့နေတာပဲ။

    ReplyDelete
  11. ဟုတ်တယ်
    ညီမလည်း ခုတလော ကဗျာရေးလို့ မရဘူး

    ReplyDelete
  12. လင်းဒီပရေ..

    အဲဒီရာသီထဲမှာ...

    စိတ်တွေနာဖျားနေပုံများ..

    H1N1 ထက်သာတယ်....

    စက်တွေမနိုးလို့ ဆောင့်ကန်နိုးသလို..
    ကိုယ့်စိတ်ကိုယ်ဆောင့်ဆောင့်ကန်ချင်တာ....

    ReplyDelete
  13. မိုးတွေ အမြန်ဆုံး ရွာသွန်းပါစေ။

    ReplyDelete
  14. ကဗျာရေးမရပေလို့ပဲ... ရေးလို့ရရင် ဖတ်တဲ့သူတွေပါ ဝင်ပြီး လွန်ဆွဲပေးနေမိကြမလား မသိ...း)

    ReplyDelete