Thursday, October 22, 2009

ရည်းစားအမည်ပေါက်

နင့်နှလုံးသားအခန်းလေးရဲ့
အနီးကပ်ဆုံး အပြင်လူ….

ရင်ခုန်သံ သံပတ်နာရီကလေး
ချက်ချက်သံကြားတိုင်း…

နင့်နှလုံးသားထဲ
ချစ်သူလို့ တမ်းတမြည်တမ်းလိုက်တိုင်း…

ရည်ရွယ်ရာကို မသိပေမယ့်
“ငါ့ကို” လို့ တွေးပြီး ရင်ခုန် ရူးနှမ်းပါတယ်။
လင်းဒီပ
၂၂.၁၀.၀၉

12 comments:

  1. ဂလိုမှပေါ့ ...ကဗျာဆရာရယ်။
    အရင်ထဲက စိတ်နောက်နေတဲ့သူ အံသေနေ့များဖတ်ပြီး
    စိတ်ကလေး ချာလည်သွားတာ အခုမှ =)
    ညီမလေးရဲ့ လက်ခုပ်ကလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်ကူးပါ ကဗျာဆရာရေ ညီမလေးဆီကလည်း မှန်ကန်တဲ့အသံကြားနေရတယ် မဟုတ်လား :P

    ReplyDelete
  2. အနုပညာနဲ့ ရူးနှမ်းခြင်းပေါ့နော်။

    ReplyDelete
  3. မမတို့ မောင်လေး က
    ကိုယ့်ကိုကိုယ် အထင်ကြီး လှချီလား..း)

    ReplyDelete
  4. ငါ့နှလုံးသားစည်းချက်ရဲ့
    ရည်ရွယ်ရာကလည်း
    “နင့်ကို” ပဲမို့ပါ
    ချစ်သူ။

    (ကဗျာကို ဆက်စပ်လိုက်တာပါ :D)

    ReplyDelete
  5. ရည်ရွယ်ရာကိုသိသိကြီးနဲ့
    အမည်ပေါက်ကြေညာလိုက်ပုံကလည်း
    ပညာသားပါပ ..
    အော် လင်းဒီပ လင်းဒီပ...း))

    ReplyDelete
  6. အဟဲ ..
    ဒါ မှ ကို ဒီပ ကွ :)
    လှ ပါ့ ဗျာ ....

    ReplyDelete
  7. လှပါပေ့ လူတိုင်းဟာ ကိုယ့်အတွေးကို ကိုယ်တိုင် ပုံစံ အမျိုးမျိုးနဲ့ ဖျော်သောက်နေတတ်ကြတယ် . . . . . ကဗျာလေးက ထိတယ် . . . .

    ReplyDelete
  8. ကဗျာလေး ကောင်းတယ်နော်။
    နောက်ဆုံးတော့ အမည်ပေါက်က ကိုယ်တိုင် ဖြစ်နေတာပေါ့။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. ဟဲဟဲ အမည်ပေါက်ဆိုတော့ နောက်ကြောင်းရှင်းတာပေါ့... ဟီး စတာ... အိမ်ခြံမြေနဲ့ မှားလို့...

    ဒါမျိုးကဖြစ်တတ်ပါတယ်... :)

    ReplyDelete
  10. ဖွဖွလေး ဖတ်သွားတယ်...

    ReplyDelete