Sunday, November 1, 2009

ဖြောင့်ချက်

အမှတ်တမဲ့လေး ညည်းမိရင်း

ပါးစပ်ဖျားက လွှတ်ချ မရတော့တဲ့ သီချင်းလေးလို…

မျက်စိကလေး အညောင်းပြေ ငေးမိရင်း

အကြည့်တွေ ပြန်ခွာ မရတော့တဲ့ ရှုခင်းတစ်ခုလို…


နှလုံးသွေးကြောထဲ

မင်း စိမ့်ဝင်လာခဲ့ပုံ

တကယ့်ကို

ဖြည်းဖြည်းလေး

ဆင်မယဉ်သာ ခြေလှမ်းကလေး

အခုတော့

မင်းမေတ္တာရနံ့ဟာ ငါ့အသက်ဓာတ် ဖြစ်ခဲ့ရ..။


အချစ်ဆိုတာ တခါတလေ

ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ

အမှန်တကယ် ချစ်သွား

လက်လွတ်ဆုံးရှုံးမှာ ပြန်ကြောက်ရတဲ့ ဝဋ်လည်ခြင်းတစ်မျိုး …။


အချစ်ဆိုတာ တခါတလေ

ကိုယ့်ကို

ကိုယ့်လို

ပြန်လိမ်ညာသွားလေမလားလို့

တထိတ်ထိတ်

ဥစ္စာခြောက်စေတဲ့ အခန်းဆက်အိပ်မက်ဆိုး..။


(ညီမလေးရေ)

ဒီကောင်တော့

မင်းကို ချစ်မိခြင်းမှာ

လက်လွန်ခြေလွန်

နှလုံးသားတစ်ခုလုံး သွေးလွန်

တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။

လင်းဒီပ

၁.၁၁.၀၉

25 comments:

  1. ညီမလေး တဲ့။
    နူးညံ့တဲ့ ခံစားမှုမျိုး ကဗျာလေးကနေ ခံစားရပါတယ်။

    ReplyDelete
  2. “အမှတ်တမဲ့လေး ညည်းမိရင်း
    ပါးစပ်ဖျားက လွှတ်ချ မရတော့တဲ့ သီချင်းလေးလို…
    မျက်စိကလေး အညောင်းပြေ ငေးမိရင်း
    အကြည့်တွေ ပြန်ခွာ မရတော့တဲ့ ရှုခင်းတစ်ခုလို…”
    ညီမလေးကို ချစ်မိ သတဲ့လား...
    မြန်မြန် ဖွင့် ပြောပြလိုက် ပေါ့နော...

    ReplyDelete
  3. တို့မှောက်ရက်လဲတာ ဒူြး့ပဲသွားတယ။် နစ်ဘက်လုံး။

    ReplyDelete
  4. ကျွံဝင်သွားရင်းနဲ့
    စကားလုံးတွေ စိမ့်ထွက်နေပုံ ...။

    ReplyDelete
  5. တစ်ဘဝလုံးကျွံဝင်သွားတာကရော
    နှုတ်လို့လွယ်လားဟင် ... ??? :P

    ReplyDelete
  6. ကိုလင်းဒီပ
    ခုလိုဖြောင့်ချက်ပေးတာဝမ်းသာပါတယ်.

    ReplyDelete
  7. (ညီမလေးရေ)
    အဲဒီ ကဗျာဆရာလေးကတော့
    မင်းကို ချစ်မိခြင်းမှာ

    လက်လွန်ခြေလွန်
    သူ့နှလုံးသားတစ်ခုလုံး အဆုံးစွန်
    တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။
    ..
    ..

    ပြန်နှုတ်မနေပါနဲ့တော့ မောင်လေးရေ..း)

    ReplyDelete
  8. ဖျက်ဆီးတယ်တော့လည်းမဟုတ်ပေမယ့် ဘော်ဒါတစ်ပွေ သူကြောင်နေတဲ့ ကောင်မလေးကို ခေါ်ခေါ်နေတဲ့.. “ညီ..မ..လေး” ဆိုတဲ့ အသံကြီးကိုပဲ ကြားကြားမိနေတယ်.. ခက်ပြီ....

    ReplyDelete
  9. အင်း ဥစ္စာခြောက်တာထက် ဥစ္စာစောင့်လို့တောင် ကိုယ့်ကိုကိုယ်ထင်မိတဲ့အထိ ...း)

    ReplyDelete
  10. ကဗျာဆရာရယ်..
    တစ်ဘဝလုံးကို ကျွံဝင်သွားတယ် ဆိုပါလား..

    စကားလုံးတွေက ထိမိပိရိလိုက်လေ..

    ReplyDelete
  11. ကျွံသွားပီလား
    မည်သို့လုပ်ကြမည်နည်း။

    ReplyDelete
  12. ဟိုက်ရှားပါး.. နောက်ဆုံးအပိုဒ်ကို ခိုက်သွားပြီဗျာ..ကိုလင်းဒီပရေ...

    ခြေလွန်လက်လွန်...
    သွေးလွန်..
    တစ်ဘ၀လုံး ကျွံ...

    စဉ်းစားကြည့်ရင်တော့ တော်တော်လေးမသက်မသာပါလား ကိုလင်းဒီပရယ်..

    ReplyDelete
  13. ကဗျာလာဖတ်သွားပါတယ်။

    ReplyDelete
  14. ကိုလင်းဒီပရဲ့ ကဗျာတွေက ခံစားချက်တွေနဲ့ သီကုံးထားလို့လား မသိဘူးနော်။ ကဗျာလေးရဲ့ အပိုဒ်တိုင်းဟာ လေးလေးနက်နက် ခံစားစေတယ်။

    "အချစ်ဆိုတာ တခါတလေ
    ကိုယ့်ကို
    ကိုယ့်လို
    ပြန်လိမ်ညာသွားလေမလားလို့" ဆိုတဲ့ အပိုဒ်လေးကို နှစ်သက်ဆုံးပဲ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  15. နူးညံ့တဲ့ ချစ်ခြင်းတွေ ကို ခံစားချင်ပေမယ့် ဘ၀က အခွင့်မပေးတာလား ၊ အသိက အလှည့်မပေးတာလား
    တကယ်ကို နူးနူးညံ့ညံ့ ချစ်ခြင်းတွေ မြင်ရလေတိုင်း အားကျငေးမော တိတ်ဆိတ်ကြေကွဲနေရုံကလွဲလို့
    ကျွန်တော်ဘာမှ မတက်နိုင်ဘူး

    ဘ၀မှာလေ တခါတလေ သူများတွေ ကြေကြေကွဲကွဲ ချစ်နေတာ မြင်တိုင်း ချစ်တက်သူဖြစ်ပါရစေလို့ ဆုတောင်းမိတယ် တကယ်

    ချစ်ချင်တယ် ရူးရူးမိုက်မိုက် ချစ်ဖူးချင်တယ်

    ကဗျာလေး ခံစားသွားပါတယ်

    အဆင်ပြေပျော်ရွှင်ပါစေဗျာ
    မင်းအိမ်

    ReplyDelete
  16. အရမ်းကြိုက်တယ်...အရမ်းခိုက်တယ်..

    ReplyDelete
  17. ကဗျာလေး ကောင်းလိုက်တာ။

    ReplyDelete
  18. (ညီမလေးရေ)

    ဒီကောင်တော့

    မင်းကို ချစ်မိခြင်းမှာ

    လက်လွန်ခြေလွန်

    နှလုံးသားတစ်ခုလုံး သွေးလွန်

    တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။

    ကောင်းတယ်ကဗျာဆရာရှင့်

    ReplyDelete
  19. ကဗျာတွေကောင်းလို့ လင့်ထားခွင့်ပြုပါ

    ReplyDelete
  20. နုတ်ရခက်သတဲ့လားဗျာ....

    ReplyDelete
  21. ကဗျာတွေဖတ်သွားပါတယ်

    ReplyDelete
  22. ဘာမှလာမရှင်းပြနဲ့ အခုမှးp

    ReplyDelete
  23. အချစ်ဆိုတာ တခါတလေ

    ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ

    အမှန်တကယ် ချစ်သွား

    လက်လွတ်ဆုံးရှုံးမှာ ပြန်ကြောက်ရတဲ့ ဝဋ်လည်ခြင်းတစ်မျိုး …။

    ကောင်းလွန်းလို့ ထပ်လာဖတ်တယ်

    ReplyDelete
  24. ရဲရဲသာ ကျွံပစ်လိုက်။း)

    ReplyDelete
  25. “အချစ်ဆိုတာ တခါတလေ
    ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ
    အမှန်တကယ် ချစ်သွား”

    တစ်ပုဒ်လုံး လှလိုက်တာ... ။ နောက်ဆက်တွေးမိတာက “အချစ်ဆိုတာ တခါတလေ ကိုယ့်ဘာသာတောင် တိုးတိုးလေး ဝန်မခံမိဘဲ အမှတ်တကယ် ချစ်သွား” တယ်ဆိုတာပါ... တွေ့ဖူးလို့ပါး))(မဆီမဆိုင်တွေ ပြောသွား၏)

    ReplyDelete