Monday, December 7, 2009

လူမိုက်

ကျွန်တော်က အနေအထိုင် မိုက်မဲတယ် ။

အသက်သာ ကြီးလာ

အသိဥာဏ်က ထွားမလာ

လူယဉ်ကျေးတွေနဲ့ ခဏခဏ ရန်ဖြစ်တယ် ။

သံသရာယန္တရားကြီးထဲ

အမေ့သားက လူရမ်းကားကြီးလို

နှုတ်ခမ်းမွှေးကားကားကြီးနဲ့ နေထိုင်

တိမ်ညိုတွေဆို ကျိန်ဆဲမိ…။

ချစ်သူကတော့ ကံဆိုးမလေးပါ မေမေ

ကျွန်တော့်ကြောင့် သူ့နှလုံးသားလေး မိုးမိရတာ ။

လင်းဒီပ

၇.၁၂.၀၉

16 comments:

  1. ဘာပြောရမှန်းတောင် မသိတော့ဘူး...။
    နှလုံးသားလေး မိုးမိနေတဲ့ ချစ်သူကိုတော့ သနားမိပါရဲ့..

    ReplyDelete
  2. အောက်ဆဲံုး sentence နဲနဲပျော့တယ်။
    သိတ်အားမရဘူး

    ReplyDelete
  3. လူမိုက်ချင်းချင်း သတင်းလွေ့လွေ့ ပေါ့
    ဒါကြောင့် ရောက်လာခဲ့တယ် အကိုး)

    ReplyDelete
  4. ကဗျာလေး လာဖတ်တယ်။
    ကိုယ့်ကိုကိုယ် လူမိုက်မှန်း ၀န်ခံတာက လူမိုက်လို့ မမည်သေးပါဘူး။ လူမိုက်က လူလိမ္မာလို ဟန်ဆောင်နေတာက လူမိုက် ဖြစ်ပါမယ်။

    ReplyDelete
  5. ဖျားတော့မှာဘဲ....... ကောင်မလေးကို မိုးရေထဲမထားနဲ့လေ တော်တော်ရက်စက်တဲ့လူ။

    ReplyDelete
  6. အစ်ကိုရေ... ကဗျာလေးလာဖတ်သွားပြီ
    မျက်စေ့ထဲမြင်ယောင်လိုက်တာက
    နှုတ်ခမ်းမွေးကားကားနဲ့ လူကြမ်းကြီး လင်းဒီပရယ်
    မိုးရေထဲက Lဆိုင်းဇီရယ်.... ခစ် ခစ် ...နောက်တာနော်
    ခင်မင်လေးစားလျှက်
    ညီမ နှင်း

    ReplyDelete
  7. ငါ့အကိုကဗျာတွေမဖတ်ရတာကြာသွားပြီ။ ကဗျာလေးတွေက ဆန်းသစ်နေတုန်းပဲ။ နှုတ်ခမ်းမွှေးတော့ မထားပါနဲ့အကိုရေ။ လူမိုက်ဖြစ်ရတာ လူယုတ်မာထက်တော့သာပါတယ်နော်။

    ReplyDelete
  8. ကဗျာကောင်းတွေကို မှတ်ချက်ပေးဖို့ဆိုတာ ခက်တယ်ဗျာ ..
    သိပ်ကောင်းတယ်ဆိုတာကလွဲရင် စကားလုံးမရှိတော့ဘူးလေ .. ခံစားချက်ဆိုတာ စကားလုံးနဲ့ လဲလှယ်လို့မှ မရတာ .. ဟုတ်တယ်ဟုတ် .. =)

    ကောင်းကင်ကိုရဲ့ ကဗျာတွေ ပြီးရင် အကို့ကဗျာတွေက ကျနော့်ခရေစီတွေပါပဲ ..

    ReplyDelete
  9. နှုတ်ခမ်းမွေးကားကားကြီးနဲ့ဆိုရင် လင်းဒီပမဟုတ်ဖူး.
    သေခြာတယ်... ကဗျာလေးက လွှတ်ကောင်း!!! :)

    ReplyDelete
  10. လူပျက်က လူမိုက်ကြီးကို လာကြည့်တာ
    လူမိုက်ကြီးထက် ကံဆိုးရှာတဲ့ ကောင်မလေးက
    သနားစရာ မိုးတွေစိုလို့ ..း))

    ReplyDelete
  11. နှုတ်ခမ်းမွှေးကားကား နဲ့ ဆရာသမားကြောင့်
    ကံဆိုးမလေး နှလုံးသား
    မိုးမိနေရှာပုံ :)

    ReplyDelete
  12. လူယဉ်ကျေးတွေနဲ့ ခဏခဏ ရန်ဖြစ်ရတဲ့ အထဲမှာ ခေါင်ခေါင်လဲ ပါတယ်..
    အဲဒါကြောင့် ကိုဒီပတို့နဲ့ပေါင်းမိတာ နေမှာ....

    မိုးမိနေတဲ့ကောင်မလေး.. သနားစရာ

    ReplyDelete
  13. ကဗျာက ကောင်းလိုက်တာ...
    ခေါင်းစဉ်လေးနဲ့လိုက်အောင် ကဗျာကလည်း မိုက်တယ်း)

    ReplyDelete
  14.း) ... ကဗျာလေးက သိပ်ကောင်း ...
    မိုးမိတဲ့ချစ်သူလေး သနားစရာ ...
    လူရမ်းကားကြီးလည်း သနားစရာ

    ReplyDelete
  15. နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ရမ်းကားနေတဲ့ ကဗျာဆရာလူမိုက်ကြီး... ဖတ်ရင်း နောက်ဆုံးအပိုဒ်လည်း ရောက်ရော... “ဟာ”ကနဲ ဖြစ်သွားတယ်။ အလွန်ကောင်း၏း)

    ReplyDelete
  16. မောင်မျိုးDecember 15, 2009 at 7:39 PM

    လူယဉ်ကျေးတွေဆိုတာ ဟို သစ်ရွက်လေးတွေ ၀တ်ပြီး ငှက်တောင်ကြီးတွေ ခေါင်းမှာ ပန်ထားကြတဲ့သူတွေလား အစ်ကိုး)

    သတိ နှုတ်ခမ်းမွှေးတွေ ရှည်နေရင်လည်း ရိတ်အုံး တော်ကြာ ကိုယ်ဟာ လူကြမ်းကြီင်္းပါဖြစ်နေမှ ကံဆိုးမလေး ငိုနေရအုံးမယ် ။

    ReplyDelete