Thursday, December 17, 2009

ပျော်တော်ဆက်



မိုးဥတုကို ဖန်ဆင်းဖို့
မုတ်သုန်ရဲ့လေးနဲ့မြား
ငါ့မှာမှ မရှိတာ ။

မိတ်ဖက်ကြယ်တချို့ရဲ့ အပံ့အပိုးနဲ့
ပန်းကလေးကို
ညညမှ ရေခိုးလောင်းခွင့်ရတာ ။

ခြံစည်းရိုးလေးရယ်
မိုးလင်းတဲ့အထိတော့
ငါ့ကို
ရပ်ကြည့်ခွင့်ပေးပါ ။

လင်းဒီပ
(ကဗျာဟောင်းလေးပါ ။ ၂၀၀၄ လောက်က ရေးခဲ့တာလို့ထင်ပါတယ်။)
၁၇.၁၂.၀၉
Photo Source: http://www.angy1380.com/pics/misc/blog/night scene.jpg

25 comments:

  1. မိတ်ဖက်ကြယ်တချို့ရဲ့ အပံ့အပိုးနဲ့
    ပန်းကလေးကို
    ညညမှ ရေခိုးလောင်းခွင့်ရတာ ...

    အင်း .. ငါ့အကို ညညဂစ်တာများသွားတီးလားး)

    ReplyDelete
  2. ကိုလင်းဒီပရေ... လွမ်းနေတုန်းပဲလား။
    တနေ့နေ့တော့ ပိုင်ဆိုင်ခွင့်ရမှာပါလေ...။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. မိုးရွာထဲမှာ ခြံပြင်ကနေ သီချင်းသွားဆိုတာ ထင်ရဲ့. :P
    အဒိတ်ပယ် မပေါက်ဖူး..တော်တာအဲ့လို။း))
    မအိပ်ခင် အိပ်ချင်မူးတူးနဲ့ လာဖတ်သွားပါတယ် ဦးလင်းဒီပရေ။

    ခြံစည်းရိုးလေးကို မိုးလင်းတဲ့အထိ ရပ်မကြည့်ပဲ ထိုင်ကြည့်နိုင်ပါစေ.. တစ်ညလုံးဆို ခြေထောက်ညောင်း
    မှာ စိုးလို့..း))

    အစ်မ၀ါ

    ReplyDelete
  4. ၅နှစ်လုံးလုံး ရပ်ကြည့်နေတာပေါ့...း)

    ReplyDelete
  5. မိုးမလင်းခင်လေး
    ပန်းတစ်ပွင့်
    လရိပ်တွေ အေးမြစိုစွတ်နေပုံ ...။

    ReplyDelete
  6. ခြံစည်းရိုးကတော့ခွင့်ပြုပါလိမ့်မယ် ငါ့ညီ ...
    မှောင်ရိပ်ခိုမှုနဲ့ အကိုတို့နဲ့ ခဏလောက်လိုက်ခဲ့ပါဦး ...။
    ....

    ..... စခန်းရောက်မှ ဆက်လွမ်းလိုက်ပါ ငါ့ညီ ..
    အစ်ကိုတို့က တာဝန်နဲ့ ၀တ္တရားအရပါ ...။

    ....

    ခင်မင်စွာဖြင့် ...
    ရဲသားကြီး Zephyr ( ခြံစည်းရိုးရှေ့ လွမ်းနေသူများကို ဖမ်းသည်။)

    ReplyDelete
  7. ရဲသားကြီး Zephyr ဖမ်းလာတဲ့ တရားခံ ပုဒ်မ ထပ်တိုးမယ်.. သူ့ကောင်မလေး ပျော်ဖို့ ဘေးလူတွေ နားငြီး မှု.. နေအုံး ပုဒ်မ ဘယ်လောက်ပါလိမ့်..း)

    ပုံ - မမသီရိ

    ReplyDelete
  8. အော် ကဗျာလေးကောင်းကြောင်းပြောချင်တာ
    ခမျာ အဖမ်းခံသွားရရှာပြီကိုး ...
    (တစ်သက်တစ်ကျွန်းသာချလိုက်ပါ .. သူနေချင်တဲ့ကျွန်းမှာ)

    ReplyDelete
  9. တရားခံသည် ...

    ပန်းပင် နမိုးနီးယားဖြစ်လောက်အောင် ရေလောင်းမှု ...။

    မရိုးသားသောအကြည့်များဖြင့် ခြံစည်းရိုးကို အကြည့်ဖြင့် ကျော်မှု ...။

    ရေကောင်းရေသန့် ဖြုန်းတီးမှု ...။

    ပတ်ဝန်းကျင်အား အလွမ်းညစ်ညမ်းစေမှု .... အပါအ၀င် ... လေ၀ဲအနမ်းများဖြင့် ခြံစည်းရိုး ကို ဖြားယောင်းသွေးဆောင်မှု ထင်ရှားသဖြင့် ..

    တရားသေလွှတ်လိုက်သည် ...။

    ပုံ
    Zephyr (တရားသူကြီး ...)
    အမိန့်အရ ....

    p.s တစ်သက်တစ်ကျွန်းချလိုက်ရင် ကျွန်းပေါ်က သစ်ပင်တွေကို ဆက်ငေးနေလိမ့်မယ် ....။ အဲဒါကြောင့်ပြန်လွှတ်ပေးလိုက်တာ ....။

    ReplyDelete
  10. ဒီတရားသူကြီးက ကိုယ်ချင်းစာတတ်ပုံရတယ်း))

    ReplyDelete
  11. မဖတ်ရသေးရင် အသစ်ပဲမို့

    ဟောင်းဟောင်းလေးလဲ ကောင်းပါတယ် ..

    ပျော်ရွှင်ပါစေ ။။

    ReplyDelete
  12. ရဲတွေ တရားသူကြီးတွေကြားက
    ရေခိုးလောင်းနေသလား။ ရပ်ကြည့်နေသေးသလား ...
    သတင်းလာမေးပါတယ် :P

    ReplyDelete
  13. ကဗျာလေးက တိုပေမယ့် ထိမိတယ်နော်..
    အပေါ်ကလူတွေ အတွေးများအောင်တောင် လုပ်နိုင်သားပဲ..

    ReplyDelete
  14. ရပ်ကြည့်နေတာပါ
    မင်းခြံထဲက ဘာတစ်ခု ယူမသွားပါဘူးကွယ်
    ရပ်ကြည့်နေရုံသက်သက်ရယ်ပါး)

    ReplyDelete
  15. အရပ်ကြည့်ခံနေရတဲ့ မိန်းခလေးအစား
    ကြည်နူးမိသွားတယ်။

    ReplyDelete
  16. ကဗျာလေးလှလိုက်တာ

    ReplyDelete
  17. ကဗျာက ချစ်စရာ... အပေါ်က comments က နှလုံးရွှင် စရာ...း)
    ရောက်၏။

    ReplyDelete
  18. ကိုဒီပရေ...

    ကဗျာအဟောင်းလေး ဆိုပေမဲ့
    ခုမှ ဖတ်ဖူးတော့ အသစ်လေးပါပဲ...

    ဒုတိယရယ် တတိယအပိုဒ်လေးရယ်ကို
    အရမ်းကို သဘောကျမိတာပဲ..

    ခင်မင်စွာ ချစ်ခြင်းများဖြင့်

    ReplyDelete
  19. ကဗျာလေးကဟောင်းပေမယ့်..လှတုန်း.. :)

    ReplyDelete
  20. ဒီပန်းပင်လေးက ညညကျ ရေခိုးလောင်းခွင့်ကျ ပေးသလား။ ဟွန်း။
    တခြားအဟောင်းတွေ ပြန်တင်ပါဦး။း)

    ReplyDelete
  21. ကဗျာလေးကထိတယ် ကိုလင်း။ ဒါပေမယ့် ခေါင်းစဉ်ကိုဘာလို့အဲလိုပေးတာလည်း နားမလည်ဘူး။

    ReplyDelete
  22. နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  23. လှလိုက်တာ ကိုလင်းဒီပရာ...

    ReplyDelete
  24. ကဗျာလေး လှလွန်းလို့ ပြောမလို့ဟာ Zephyr လုပ်တာနဲ့ ရီရတာ သေတော့မယ်။ ;D

    ReplyDelete
  25. ကဗျာလေးကောင်းတယ်ဗျာဒါပင်မဲခြံရှေနေတိုင်သွာရပ်မနေနဲဗျာအဲခင်လိုပြောတာနော်

    ReplyDelete