Sunday, February 7, 2010

မိတ်ဆွေကြီးနဲ့ ကျွန်တော်

သူငယ်ချင်း
မင်း ဆေးလိပ်လျော့သောက်ကွာ
ဆေးလိပ်သောက်တာ မကောင်းဘူး
အဲဒီက စပြီး
ကျွန်တော်တစ်အုပ်လုံး ဖတ်ပြီးတဲ့
စာအုပ်တွေရဲ့ နာမည်တွေ တန်းစီ ရွတ်ပြတယ်
“အေး အေး…ဆင်ခြင်ပါမယ့်”

ငါလည်း ထင်တော့ထင်တယ်
မင်းEnglish နဲ့ဆို ဒီအလုပ်နဲ့ မဖြစ်ဘူးလေ..
“အေး…အေး နားလည်ပါတယ်ကွာ
ငါ မလျှောက်တော့ပါဘူး…။”

ဒီပန်းချီကားလေးကို ကြည့်
တွေ့လား..
ဒါက ဘာart ညာart ဖျာချုပ်တဲ့အပ်..
“အော် အေးအေး…မင်းက အရမ်းခံစားနိုင်တာပဲနော်…။”

ဒီရုပ်ရှင်က ဝတ္တုကို မမှီဘူးကွ..
ဝတ္တုက ၁၉…. လောက်က ဘယ်သူဘယ်ဝါ ရေးခဲ့တာ…
အဲဒီ စာရေးဆရာကြီးဟာ ဆိုရင်…
“မင်းက ဗဟုသုတ ကြွယ်လိုက်တာ…။”

သွား မလုပ်နဲ့လေ…
ဒါ မင်းနဲ့ မဖြစ်ဘူး
ငါတောင် အတော် လေ့လာခဲ့ရတာ…

အဲဒီလိုနဲ့
ကျွန်တော့်မိတ်ဆွေကြီး
ရွှေမန်းတင်မောင်ကြီး …
စိန်အောင်မင်းကြီး...
မြို့တော်ချစ်ဖွယ်ကြီးနဲ့ တွေ့တိုင်း
ကျွန်တော်က လက်ကလေးတွေ ဆုပ်ဆုပ်ပြီး
ချိုမိုင်မိုင် ကပြနေဖြစ်တယ်…။
သူ ပျော်အောင်လို့ပါ..။
လင်းဒီပ
၀၇.၀၂.၁၀

15 comments:

  1. အဲလို လူမျိုးတွေလောကမှာ တကယ်ကိုအများကြီး ရှိတာနော်။ အကိုကဗျာစပ်လိုက်တော့ ပိုသရုပ်ပေါ်သွားတယ်။

    ReplyDelete
  2. ကိုဒီပ မိတ်ဆွေကြီးက ချစ်စရာလေးဗျ နော် :)

    ReplyDelete
  3. ကဗျာက နက်နဲတော့ နည်းနည်းမျက်စေ့လည်တယ်

    ReplyDelete
  4. ဟားဟား
    တကယ်ရှိတယ်ဗျို့။ :D

    ReplyDelete
  5. ချိုမိုင်မိုင် ချိုမိုင်မိုင်း)

    ReplyDelete
  6. အဟက် ဟက်.. အဲ့လိုပဲရယ်လိုက်တော့မယ်။
    သဘောကျတယ်ဗျိုးးးးးး

    ReplyDelete
  7. ချိုမိုင်မိုင်တော့သေချာ ကတတ်ရဲ့လား ကွဲ့..း)
    (မိတ်ဆွေကြီး ကိုယ်စားမေးပေး သည်။)..း)

    မမသီရိ

    ReplyDelete
  8. :D ...သည်းခံခြင်းသည် အောင်မြင်ရာဧ။်တဲ့ ။ ဖတ်ဖူးတာ ပြောပါတယ် :P

    ReplyDelete
  9. စိတ်ချမ်းသာအောင် ကပြခဲ့ရပေါင်းလည်း များပေါ့
း))

    ReplyDelete
  10. ချိုမိုင်မိုင်တောင်..အသက်ကြီးလာတော့ ကောင်းကောင်းမကတတ်တော့ဘူး

    ReplyDelete
  11. ဘယ်သူကြိးတုန်း ??????????


    ကိုမင်းအိမ်ကြိးလား ဟိဟိ

    မင်းအိမ်ဖြူ

    ReplyDelete
  12. မိုက်တယ် ... ပြောချင်တာကို တန်းကနဲမြင်ရတယ် ... ဟား ဟား .... ဒီလိုမိတ်ဆွေကြီးမျိုးရှိတာ အပျင်းပြေတာပေါ့ ...း)

    ReplyDelete
  13. ခင်မင်ခွင့်ရတာ ကျေးဇူးတင်ပါတယ်...
    ပျော်ချင်လို့ပါ...

းဝ)

    ReplyDelete
  14. မိတ်ဆွေကြီးက တော်တော် ဆိုးတာပဲဗျ

    ReplyDelete
  15. ပြုံးကြည့်နေရမယ့် မိတ်ဆွေပါပဲ။ ဖတ်ပြီး ကိုလင်းဒီပရဲ့ မိတ်ဆွေကြီး (ရွှေမန်းတင်မောင်ကြီး၊ စိန်အောင်မင်းကြီး၊
    မြို့တော်ချစ်ဖွယ်ကြီး) ကို မြင်ယောင်တောင် လာမိတယ်။

    “ဒါက ဘာart ညာart ဖျာချုပ်တဲ့အပ်..” အဲဒီနေရာရောက်တော့ အသံထွက် ရယ်မိတယ်။ ရေးတတ်လိုက်တာ ကိုလင်းဒီပရာ...

    ReplyDelete