Tuesday, February 9, 2010

ကျေးဇူးစကား

ဘယ်လိုအဆိပ်တွေမှ
ဝှက်မထားတတ်တဲ့ သစ်သီးလေး ။

ရိုးသားမှု အခွံစိမ်းစိမ်းလေးအုပ်ပြီး
သစ္စာတရားနဲ့ ချစ်မြတ်တတ်တဲ့ စိတ်ကလေး ရှိတာ
တစ်ကိုက်ကလေး ကိုက်မိရုံနဲ့
ထိတွေ့ခံစားခဲ့ရတယ် ။

(နှစ်သိမ့်ဆုကလေးရယ်)
ဘဝမှာ အလိုချင်ခဲ့ဆုံး ပထမဆုတွေထက်
ကိုယ့်ကို ပျော်ရွှင်အောင်ထားပေးခဲ့တယ်
ကျေးဇူးတင်ပါတယ် ။
လင်းဒီပ
၀၉.၀၂.၁၀

16 comments:

  1. ပန်းသီးကိုက်လိုက်မိသလား။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်
    တစ်ကိုက်လေးတင်ပဲတဲ့လား :))
    နှစ်ကိုက်လောက်ကိုက်မိရင်တော့ အင်း
    အတိုင်းထက်အလွန်ဖြစ်မယ် ထင်ပါရဲ့
    အခွံစိမ်းစိမ်းလေးရယ် :)
    ကောင်းသောနေ့ပါ ကိုဒီပရေ :)

    ReplyDelete
  3. အချစ်ကို
    တွေ့ရှိသေချာချိန် ..။

    ReplyDelete
  4. ကျေးဇူးတရားလည်းသိတတ်ပး))
    MNHY

    ReplyDelete
  5. ကဗျာလေးကနုနုငယ်ငယ်။
    စာတွေပြန်ရေးနိုင်အောင်ကြိုးစားနေပါတယ်။
    :)

    ReplyDelete
  6. ငါ့အကိုကတော့ နုသလားမမေးနဲ့။ :D

    ReplyDelete
  7. ကဗျာလေး ကောင်းတယ်။ နှစ်သိမ့်ဆုဆိုတာ တန်ဖိုး အရှိဆုံးပါပဲ။

    ReplyDelete
  8. valentine အကြိုလား :)
    သူ့ကျေးဇူးကို မမေ့ကောင်းဘူးနော် :P

    ReplyDelete
  9. အောက်ဆုံးအပိုဒ်လေး
    ငြိတယ်

    ReplyDelete
  10. ပန်းသီးကတော့
    အတွင်းပိုင်း အစေ့လေးနားကချဉ်တယ်ဗျ
    :D

    ReplyDelete
  11. ချစ်စရာ ကဗျာလေး။ ကဗျာလေးဖတ်ရတာ ကိုယ့်ချစ်သူကို ကိုယ် ငေးကြည့်နေရသလို အေးအေးချမ်းချမ်းလေး။

    ReplyDelete
  12. ကျွန်တော်လည်း ကျေးဇူးတင်ဖို့ သတိရသွားတယ်ဗျာ ..

    ReplyDelete
  13. ဒီပ က ကဗျာလိုင်း ပြောင်းသွားတာကိုး အေးလေ ရေးတတ်တဲ့သူများက ဘာရေးရေး ဖြစ်တာပါပဲ။

    ReplyDelete
  14. (နှစ်သိမ့်ဆုကလေးရယ်) လို့ သုံးသွားတာ တအားသဘောကျတယ်...

    “နှစ်သိမ့်ဆု”လေးတွေမှာ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေမှာ မရှိတဲ့ အားပေးမှု၊ စာနာမှု၊ ကရုဏာတွေ ကိန်းအောင်းနေကျပါပဲလေ...

    ReplyDelete
  15. အဟမ်း အဟမ်း

    ReplyDelete