Thursday, February 18, 2010

ရုက္ခစိုး

သတိရတယ် ဆိုတာ

မေ့မသွားခင် အထိပါပဲ တဲ့

ကိုယ့်အလွမ်းတွေကို အားအားရှိ ရန်ရှာနေ ။


ကိုယ်ကလည်း ဝဋ်ကောင်

ရင်ဘတ်ထဲ

နွေရာသီဆိုတဲ့ ငှက်တစ်ကောင်ကို လှောင်ထားမိ ။


သံသရာကုန်တောင် ဆုံမှာ မဟုတ်ဘူး ပြောပေမယ့်

အလိုက်မသိတဲ့ ဧည့်ဆိုးလို

မင်းနှလုံးသားတံစက်မြိတ်ကလေးအောက် ခဏခဏရောက်တယ် ။


သိတော့သိတယ်…

အဖြူရောင်ဂါဝန်လေး စွန်းပေသွားမှာစိုးလို့

မင်းမထိုင်ချင်တဲ့ အုတ်ခုံလေးက ကိုယ်။


စိတ်ကူးနဲ့ခိုးခိုးသောက်နေရတဲ့ ကော်ဖီခါးခါးလေးရယ်

မင်းအပြုံးထဲ ကဖင်းဓာတ်တွေ များလွန်းတယ်။

လင်းဒီပ

၁၈.၀၂.၁၀


လတ်တလောခံစားချက်…

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။

(ညိမ်းညို)

အဲဒိစာသားလေးလိုပါပဲ…ဒီရက်တွေမှာ ကျွန်တော်လည်း ရှုံးနေခဲ့တယ် ။ ကျွန်တော့်လိုမျိုး ခံစားဖူးမယ် ထင်ပါတယ် ။

11 comments:

  1. ကျွန်တော် ကဗျာ လာဖတ်ပါတယ်။
    ပထမ ဆုံးအကြိမ်နဲ့ NO 1ရသွားပါတယ်။
    ကဗျာကို မဝေဖန်တက်လို့ ဖတ်ယုံလေးပဲ ဖတ်သွားပါတယ်ဗျာ

    ReplyDelete
  2. 'သိတော့သိတယ်…

    အဖြူရောင်ဂါဝန်လေး စွန်းပေသွားမှာစိုးလို့

    မင်းမထိုင်ချင်တဲ့ အုတ်ခုံလေးက ကိုယ်။' အုတ်ခုံဆိုလို့ နည်းနည်းထက်ပိုပြီး လွမ်းသွားတယ်။ ဒီကဗျာကိုက ကဖင်းဓါတ်တွေ များလွန်းတယ်။ :)

    ReplyDelete
  3. ဟင်းးးးးးးးးးးးးး သက်ပြင်း ပျင်း ချလိုက်တယ်.

    ReplyDelete
  4. လှတယ်ဗျာ ..။
    ကော်ဖီမလေး ဖတ်မိရင်တော့
    ကိုယ့်ကိုကိုယ်တောင် ပြန်သောက်ချင်စိတ်ပေါက်လာမလား
    မသိ :)

    ReplyDelete
  5. ကောင်မလေးကြောင့် အိပ်မရတဲ့ ညတွေ များနေပုံပေါက်တယ်...

းဝ)

    ReplyDelete
  6.ွှအရမ်းကြိုက်တာပဲ ဒီကဗျာလေး ကို

    တချို့နေရာလေးတွေ မှာ တစုံတယောက်ကို
    ကိုယ်ပြောချင်တာလေးတွေ ဖြည့် ဖတ်ကြည့်ရင်းပေါ့...

    ReplyDelete
  7. ကျနော့် ရုက္ခစိုးရော ဖတ်ပြီးပလား။ ညိမ်းညိုကို ထောက်ခံပါတယ်။ သူ့စကားအရဆို ကျနော် ရှုံးနေတဲ့ ညတွေ တော်တော်များတယ်ဗျာ

    ReplyDelete
  8. “သတိရတယ် ဆိုတာ
    မေ့မသွားခင် အထိပါပဲ”
    အသည်းကွဲတဲ့ သူငယ်ချင်းတွေကို ကိုယ်ပြောနေကြစကားပဲ၊ သူတို့က ကိုယ့်ကို အသည်းနှလုံးမရှိတဲ့သူတဲ့..။

    ဘာပဲဖြစ်ဖြစ်.. ညိမ်းညိုရဲ့ စာသားလေးတော့ တကယ်ကြိုက်တယ်။

    ReplyDelete
  9. နွေရာသီကို ရင်ဘတ်ထဲ ထည့်ထားတဲ့ ဧည့်ဆိုးရေ.. ကဗျာလေးလာဖတ်သွားပါတယ်ဗျာ။

    ReplyDelete
  10. “သတိရတယ် ဆိုတာ
    မေ့မသွားခင် အထိပါပဲ တဲ့
    ကိုယ့်အလွမ်းတွေကို အားအားရှိ ရန်ရှာနေ ။”

    အဲဒီစကားလုံးတွေ စိတ်ထဲစွဲသွားပြီ...း)

    ReplyDelete