Sunday, March 14, 2010

ဆုံလည်နွား

သူ့ဆီ တခါပြန်ရောက်ဖို့
မျှော်လင့်ငတ်မွတ်ရင်း
ငါးရက်တိတိ ကြိုးစားကူးခတ်ခဲ့ရ..။

ရောက်တော့လည်း
လေးဆယ့်ရှစ်နာရီလှောင်အိမ်ထဲက
စက္ကန့်တံလေးတွေက
ကြွက်ကလေးတွေလို
ဖြတ်ကနဲ
ဖြတ်ကနဲ
စနေထဲက ထွက်ပြေး
တနင်္ဂနွေထဲက ထွက်ပြေး…။

တခါ ပြန်“နစ်”ရပြန်ပြီ
တနင်္လာ ပင်လယ်နက်နက် လှိုင်းကြမ်းထဲ

သူငယ်ချင်းရာ..
ဘယ်မှာများလဲ
နေပျော်တဲ့ဘဝ ဆိုတာ ။
လင်းဒီပ
၁၄.၀၃.၁၀

10 comments:

  1. လခထုတ်တဲ့ရက်..

    ReplyDelete
  2. ဒီလိုပဲ... လူကြီးတွေလဲ ကျောင်းပြေးချင်ကြတယ် :P

    တနင်းဂွေ ည ခံစားမှုများ...

    ReplyDelete
  3. တစ်ပတ်နှစ်ရက် ရတဲ့ သူတွေက
    တော်ပါသေးတယ် ဗျာ ..။
    တစ်ခါတစ်လေ တစ်ပတ်တစ်ရက်တောင်
    cancel အလုပ်ခံရပေါင်းများနေတော့ ..။
    off ဆိုတာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
    ခပ်ဆင်ဆင် ဖြစ်နေတာကြာပြီ )

    ReplyDelete
  4. ဒို့ အမေရိကားမှာတော့ အဲတာကို ချည်တိုင် ဝင်တယ်ခေါ်တယ် ကိုလင်း !

    ReplyDelete
  5. နေပျော်အောင် ဒီနေ့ MC ယူထားတယ်။
း))

    ReplyDelete
  6. Time Off ယုထားတဲ့ Monday မှာ I don't like mondays သီချင်းလေးဆိုရင်း လာဖတ်ကြည့်သွားပါတယ်။ ရုံးမှာပျော်အောင်နေပါ။ ရုံးကနေ စာရေးပါ။ ရုံးကနေ Blog များများဖတ်ပါ။ အလုပ်ကို အမြန်ပြီးအောင်လုပ်ပြီး သူငယ်ချင်းတွေနဲ့ chat ပါ။ ကိုယ်ဖတ်ချင်တဲ့ Technical စာအုပ်တွေ ရုံးယူသွားပြီး အားတဲ့အခါ ထိုင်ဖတ်ပါ။ အိမ်ရောက်ရင် ကောင်းကောင်းနားပါ။ Office Sweet Office ဖြစ်လာပါလိမ့်မယ်။

    ခင်မင်စွာဖြင့်
    Zephyr
    (ကိုယ်တွေ့နည်းလမ်းများဖြစ်သည်)

    ReplyDelete
  7. မနက်က အိပ်ယာနိုးနိုးချင်း ခုတင်ပေါ်မှာထိုင် ခြေထောက်အောက်ကိုချ ခေါင်းကို လက်နှစ်ဘက်နဲ့အုပ်ပြီး အကြာကြီး မတ်တပ်ရပ်ဖို့ စိတ်အားယူရတယ်... ဒီငါးရက်ကို ပျော်ပျော်ရွှင်ရွှင် ကူးခတ်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားနေဆဲပါပဲ ကိုလင်းဒီပရေ...။ ဟို“ဖြတ်ကနဲ ဖြတ်ကနဲ” ထွက်ပြေးတာလေးတွေကိုတော့ တွက်မနေချင်တော့ပါဘူး။ အကုန်တွေ မြန်လွန်လွန်းလို့...

    ReplyDelete
  8. အော် ကိုယ့်ဆရာက ရုံးသွားဖို့ ပျင်းနေတာကိုး။
    ဆိတ်၏ပြေးရာလျှောက်လိုက်ပေါ့ ဆရာရယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  9. တူတူပဲ
    လျှောက်ပြော အဲ လျှောက်ရေးမနေနဲ့...

    ငါတို့က စနေတောင် တစ်ပတ်ခြားနေတစ်ဝက်ဆင်းပေးရသေးးးး(

    လင်းဒီပရေ...

    ငါ ချယ်ရီမှာ ရေးခဲ့တဲ့ တော်တော်ကြာပြီက ကဗျာလေးတစ်ပုဒ်ကို သတိရသွားတယ်..
    (ရှာရရင် တင်ဦးမယ် ဘလော့မှာ)
    အဲဒါတောင် ဗမာသူဌေးလက်ထက်ကနော်....

    စင်ကာပူသူဌေးလက်ထက်မှာတော့ ကဗျာတောင်မဖွဲ့နိုင်ပါတော့....

    ReplyDelete
  10. ကိုလင်း သမီးလည်းကျောင်းမတက်ချင်ဘူး။ တနင်္လာကြီးကလည်းရောက်ရောက်လာတယ်နော။်

    ReplyDelete