Thursday, March 18, 2010

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။

လင်းဒီပ
၁၈.၀၃.၁၀
(တပေါင်းလပြည့်နေ့ မေမေ့(၅၉)နှစ်ပြည့်အမှတ်တရ…နောက်ကျမှ တင်ဖြစ်ပါတယ်။ မနှစ်ကလည်း အိမ်ပြေးလေး ပိုစ့်ကို မေမေ့အတွက် အမှတ်တရ ရေးဖြစ်ပါတယ် ။)

18 comments:

  1. ကိုလင်းမေမေ အသက်ရာကျော်ရှည်ပြီး ချစ်တဲ့ သားအမိနှစ်ယောက်အမြန်ဆုံး အတူနေနိုင်ပါစေနော်။

    ReplyDelete
  2. ကိုလင်းဒီပ မေမေ ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  3. ရင်ဘတ်ထဲထိ ဒုတ်ဒုတ်ထိစီးဝင်သွားတယ်။
    ဘာနဲ့မှ မဖော်ပြနိုင်ဘူး။ဒီကဗျာ လွှတ်ခိုက်မိတာပဲ။

    ReplyDelete
  4. ကဗျာဆရာ ရဲ့ မေမေ...

    ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး...

    ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ပါစေ..။

    ReplyDelete
  5. အမေကို ချစ်တဲ့သား နဲ့
    သားကို ချစ်တဲ့အမေ
    အစစ အရာရာ
    ချမ်းမြေ့ ပါစေဗျာ ..။

    ReplyDelete
  6. အမေတစ်ခု သားတစ်ခု သီးချင်းကို သတိရမိတယ် အစ်ကိုရေ ... ။
    ရိုးဂုဏ်ကြောင့် ဖတ်လို့ ကောင်းနေယ် အစ်ကို ... ။
    လေးစားလျက်။
    ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

    ReplyDelete
  7. ကဗျာလေးကောင်းလိုက်တာ ... ဘလော့ဂါတွေ အမေကိုပိုချစ်ကြသလိုပဲ ... အမေ့ပို့စ်တွေ ဒီနေ့ သုံးခုတိတိတွေ့တယ် ..

    ကဗျာဆရာရဲ့အမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ် ...

    ReplyDelete
  8. ကိုလင်းဒီပ ရေ ...

    ဒီတစ်ပုဒ်တော့ အသေအချာကို ဖတ်ဖြစ်ခဲ့ပါကြောင်း ။

    အမေ နဲ့ ပဲ အတူနေရတော့ အမေ့ အကြောင်း ပြောပြတာ

    စိတ်ထဲ တစ်မျိုး ပဲ ...။

    ReplyDelete
  9. ကိုလင်းဒီပ မေမေ ကျန်းမာပျော်ရွှင်ပြီး ချစ်တဲ့သားနဲ့ ပြန်လည်ဆုံစည်းနိုင်ပါစေဗျာ။ ကဗျာက ကောင်းတာထက်ပိုတယ် :)

    ReplyDelete
  10. ကဗျာက ”ရှယ်”ပဲညီလေးရေ...
    အားလုံးသောအမေများ ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

    ခင်တဲ့....
    ဆောင်းယွန်းလ

    ReplyDelete
  11. ဒီကဗျာလေးကို အမေ့ကိုဖတ်ပြရင် အမေတော့ပြုံးနေမှာ အိမ်ပြန်ရောက်ရင် သွားရွတ်ပြမယ် .. အမေ .. ကျွန်တော်ဖြစ်နေတာ အကုန် ဒီကဗျာအတိုင်းပဲဆိုပီး အမေတော့ နားလည်မှာပဲ

    ReplyDelete
  12. ကဗျာတပိုဒ်ချင်း...
    စာတကြောင်းချင်း...
    စကားလုံး တလုံးချင်စီက ရင်ထဲကို ဒုန်းကနဲ ဆောင့်ဆောင့်ဝင်လာတယ်...

    ညက အော်ခေါ်ခဲ့တဲ့ သား
    အမေကြားလိုက်မိမှာ အမှန်ပါ ကိုယ့်လူ...

းဝ)

    ReplyDelete
  13. မေမေ့ သင်္ဘောလေး မေမေ့ ကမ်းကိုလဲ တချိန်ချိန်မှာ ကပ်နိုင်မှာပါ...

    kalayma :)

    ReplyDelete
  14. ချစ်စရာကောင်းတဲ့ ကဗျာလေး..
    ခံစားချက်တွေ ထပ်တူညီလို့ သဘောကျပါတယ်..

    ReplyDelete
  15. အိန္ဒြာMarch 24, 2010 at 9:00 PM

    အမေတွေ အတွက်
    ဘယ်တော့မှ မပြီးမြောက်မယ့်..ကဗျာတွေ...


    လင်းဒီပရဲ့ မေမေက
    သူ့သား အင်ဂျင်နီယာဘွဲ့ယူတုန်းကလို အပြုံးနဲ့
    ဒီကဗျာကိုလည်း ဖတ်နေဦးမှာပါ....

    ReplyDelete
  16. ချစ်တဲ့အမေနဲ့ အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ပါစေ

    ReplyDelete