Friday, March 26, 2010

မြေလတ်မြို့

မြေသားနီနီလမ်းဘေး နေကြာပွင့်ဝါဝါကြီးတွေက
နေရောင်အောက်မှာ
မျက်နှာပြဲပြဲ အပြုံးဝါဝါကြီးတွေ ပြုံးလို့ ။

ထော်လာဂျီက စိုင်းစိုင်းသီချင်းနဲ့မောင်းတဲ့အခါ
ရွာသူကလေးဟာ ဆံပင်ကို အနီရောင်တွေ ဆိုးခဲ့တယ် ။
ဖုန်ထောင်းထောင်းထ လှည်းလမ်းပေါ်
ဆိုင်ကယ်တွေ စီးဖြစ်ကြတဲ့အခါ တွံတေးသိန်းတန်ကို အမှတ်ရတယ် ။
နှစ်လမ်းမောင်း အဝေးပြေး ကတ္တရာလမ်းက
ကုက္ကိုတန်းတွေကို ထီးအမှတ်နဲ့ ဆောင်းတယ် ။
အရှေ့ဘက်လှမ်းလှမ်းမှာ ပိတ်ရပ်နေတဲ့ ရိုးမတောင်တန်းကြီးက
နွေအခါ ပရိဒေဝတောမီးတွေနဲ့…။

တောထမင်းဆိုင်လေးက
တောချက်ဟင်းကလေးတွေနဲ့ မြို့သားကို ထမင်းမြိန်အောင်ကျွေးတယ် ။
ဟိတ်ကြီးဟန်ကြီး မလုပ်တတ်တဲ့ တောဘူတာရုံလေးက
ညည သူ့ဆီ သွားလည်ရင်
သူ့မှာရှိတဲ့ ရိုးရာမုန့်ကလေးတွေနဲ့ လက်ဖက်ရည်ချိုချို တိုက်တယ် ။
အင်တာနက်မရှိတဲ့မြို့ကလေးမှာ
တောင်ဘက်ခြမ်းက ဘာဘာညာညာသတင်းက
မြောက်ဖက်ခြမ်းကို စက္ကန့်သုံးဆယ်နဲ့ အမြန်ချောပို့…။

ညအခါ လသာသာ
ဘောလုံးပွဲ လောင်းမယ် ကာရာအိုကေဆိုမယ် စည်ဘီယာဆိုင်ရှိမယ်
အဝေးပြေးကားတွေက ပစ်ချသွားတဲ့ ယဉ်ကျေးမှုအသစ်တွေနဲ့
ပျော်ပျော်နေတတ် ဖော်ရွေတတ်တယ် ။

ဖြတ်ဖြတ်လတ်လတ်ကလေး ခေတ်ကို အမီလိုက်နေတဲ့ မြို့ကလေးကို
နှစ်နှစ်ကလေး ပေါင်းသင်းမိရုံနဲ့
ထင်ထားတာထက် ပိုချစ်သွားမိတဲ့ မြို့သားခမျာ
မြို့ကလေးမသိအောင် ညရထားနဲ့ လွမ်းလွမ်းကြီး ထွက်ခွာ
နောက်တစ်နေ့မနက်မှာ ငါ့ကို လိုက်မရှာပါနဲ့ မြို့ကလေးရယ် ။
လင်းဒီပ
၂၅.၀၃.၁၀
site bar ကို ကြည့်လိုက်တော့ ကျွန်တော်ရေးပြီး ဘလောဂ့်မှာ တင်ဖြစ်တဲ့ကဗျာတွေထဲ ဒီကဗျာက အပုဒ်(၁၀၀)မြောက် ဖြစ်သွားတယ် ။ဘာရယ်မဟုတ်ဘူး ပျော်သွားပါတယ် ။ :)

30 comments:

  1. from 100th poems to 100th thousands poems!
    :)

    ReplyDelete
  2. လက်ညှိုးညွှန်ရင် အဲလေ လက်ကလေးထောက်ရင် ကဗျာဖြစ်နေတာပဲ ။ ၁၀၀ မကလို့ ၁၀၀၀ ဖြစ်လဲ မထူးဆန်းပါဘူးဗျ။ ( ရန်လာထောင်တာ :P >>)

    ဒါနဲ့စကားမစပ် မြို့သားကို ကျွေးတဲ့ တောချက်ဟင်းတွေ
    ဘာတွေလဲဟင်။ စဉ်းစားမိပြီး တံတွေးမျိုချမိလို့

    ReplyDelete
  3. ၁၀၀ မှသည် ၁၀၀၀ သောင်းများစွာ ဆက်လက် အားပေးနေမယ် အကိုး)

    မြေလတ်မြို့ကို ရောက်သွားသလိုကို မြင်ယောင်တယ်

    ReplyDelete
  4. ကဗျာဆရာ ခြေချမိရာ မြို့ က
    ကဗျာနဲ့ မလွတ်တတ်ဘူးဗျ :)
    ကဗျာ လှတယ်ဗျ :)

    ReplyDelete
  5. ကဗျာဆရာတွေ လာလာနေကျ အဲဒီမြို့ကလေးက
    လာလာတိုင်းလည်း ပါပါလာသမျှ ကဗျာတွေကို
    အခါခါ ခါချ...

    ဒီလိုနဲ့ မြို့ကလေးမှာလည်း
    ကဗျာဗိုက်ကြီးက ဖုံးမရဖိမရ...
    ကဗျာဆရာကို ပြန်ရှာတော့လည်း
    မနေ့ညကတည်းက ပြေးပဗျ...

    (အကြိမ် ၁၀၀ မြောက် အမှတ်တရပါဗျ)

းဝ)

    ReplyDelete
  6. ရာပြည့်လေးတော့တကယ်ကြိုက်တယ်ဗျာ..

    ReplyDelete
  7. တစ်ယောက်မြာ ဗျာဂါ ကိုဖတ်ရပါတယ်။

    ReplyDelete
  8. ဘာရယ်မဟုတ် ရောက်ခဲ့ဖူးတဲ့ မြို့လေးတွေကို သတိရသွားတယ်။ ၁၀၀ မှ ၁၀၀၀ တိုင်ပါစေဗျာ။

    ReplyDelete
  9. မြို့ကလေးတင်မကဘူး ဆံပင်အနီဆိုးထားတဲ့ ရွာသူလေးတွေပါ ကဗျာဆရာကိုလိုက်ရှာနေသတဲ့။ မြို့ကလေးရော ကဗျာရော ချစ်စရာကောင်းတယ်။ ကဗျာ ၁၀၀ မှ ၁၀၀၀ တိုင်ပါစေဗျာ။

    ReplyDelete
  10. မြေလတ်မြို့လေး တွေ ရဲ့ အငွေ့အသက်...ရိုးမတောင်တန်းကြီး ရဲ့ အထွေးအဖက်.. ထိထိမိမိ ခံစားလိုက်ရတယ်.. ကဗျာဆရာရေ..
    ရာပြည့် ဆိုတော့လည်း..မှတ်မှတ်ရရ ကဗျာလေးပေါ့..
    တမူထူးသစ် တဲ့ အဲဒီလို ကဗျာလေးတွေ..စောင့် ဖတ်နေပါအုံးမယ်..

    ReplyDelete
  11. 100 မြောက်ကဗျာလေးက ခမ်းခမ်းနားနား ပျံ့ပျံ့လွင့်လွင့်လေးပဲ
    1 နောက်မှာ သုညပေါင်းမြောက်များစွာထိဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  12. မင်္ဂလာပါ...

    ဖုန်ထောင်းထောင်ထ လှည်းလမ်းပေါ်.. ဆိုင်ကယ်တွေ စီးဖြစ်ကြတဲ့အခါ တွံတေးသိန်းတန် ကို အမှတ်ရတယ် တဲ့..... မြင်မြင်သမျှ ကဗျာတွေ ဖြစ်နေတော့တာဘဲ နော်....

    ကဗျာချစ်သူမို့ ကဗျာအပုဒ်ပေါင်း ၁၀၀ မက ရင်ထဲမှာ အစီအရီ တည်ရှိနေမှာ မလွဲပါဗျာ။

    အမြဲအားပေးနေမယ်...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  13. ပျော်တဲ့အထိမ်းအမှတ်နဲ့မုန့်ဝယ်ကျွေး။ ၂နှစ်ပေါင်းပြီး အကို့လိုလွမ်းလွမ်းဆွေးဆွေးမဟုတ်ဘဲ ပျော်ပျော်ကြီးပဲ မကြာခင်မှာ မြို့တမြို့ကိုစွန့်ခွာရတော့မယ်။ :P

    ReplyDelete
  14. အစ်ကိုရေ ...
    ကဗျာလေး ဖတ်ရတာ လွမ်းတယ်
    ပျော်လည်းပျော်တယ် ... ။

    ReplyDelete
  15. ကဗျာက ချစ်စရာကောင်းလိုက်တာ မောင်လေးရေ
    အညာရနံ့.. ကျေးလက်ရနံ့
    ပြီးတော့ ကဗျာအဆုံးသတ်မှာ လွမ်း လို့.. အဲဒိကျေးလက်ကလေးကို..

    ReplyDelete
  16. :) နောင်နှစ်၁၀၀တိုင်ပါစေ .. ကျွန်တော်ဖြတ်သွားဖြတ်လာလုပ်ဖူးတဲ့ အဝေးပြေးညများ
    သတိတရရှိသွားတယ်ဗျာ

    ReplyDelete
  17. ကိုယ်က မြေလတ်သူ မို့လို့ (အင်တာနက်မရှိတဲ့မြို့တော့ မဟုတ်ပါဘူး.. :P)
    ကဗျာလေး ဖတ်ရတာ လွမ်းသွားတယ်..။

    ReplyDelete
  18. ရာပြည့်မှသည်..........
    ..................................

    ReplyDelete
  19. လွမ်းသွားတယ်။။။။။။။။။

    ReplyDelete
  20. မြို့ဖွဲ့ကဗျာတွေ မရေးတတ်တာ ..
    မနာလိုဘူးဗျ

    ReplyDelete
  21. အဲ့ဒါ သမီးတို့မြို့လေးလား
    ကဗျာထဲမှာထက် အပြင်မှာပိုချစ်စရာကောင်းတယ်နော်

    ReplyDelete
  22. အဲ့ဒါ သမီးတို့မြို့လေးလား
    ကဗျာထဲမှာထက် အပြင်မှာပိုချစ်စရာကောင်းတယ်နော်


    မိဇင်ရေးသွားတာဗျ ညီကထပ်ကူးပြီးတင်လိုက်တာ

    ReplyDelete
  23. နောက်တစ်ခါ ထပ်ရေးတယ်ဗျာ
    အခု မီးမပျက်တော့ဘူး
    ......................

    ReplyDelete
  24. တို့လဲပျော်သွား၏. ဘာဘဲဖြစ်ဖြစ်.

    ReplyDelete
  25. မြို့ လေးကို ပုံဖော်သွားတယ်။

    ReplyDelete
  26. ဖတ်ရတဲ့သူတွေကို ရသတွေအပြည့်အဝပေးခဲ့တဲ့ ကဗျာ အပုဒ်ပေါင်း ၁၀၀ အတွက် ကျေးဇူးတင်ပါတယ် ကိုလင်းဒီပ... Congratulations ပါ...

    ReplyDelete
  27. ရာပြည့်ကဗျာလေးကို တော်တော်နှစ်သက်မိတယ်
    နန်းညီကနေတဆင့် ပထမဆုံးအကြိမ် အလည်ရောက်ပါတယ်..
    ဆက်လက်ပြီး ကဗျာတွေ ရေးသားနိုင်ပါစေ
    ထွေးငယ်

    ReplyDelete
  28. လေးလေးလင်းဒီပ ၁၀၀ ပြည့်မှစ ၁၀၀၀ မက ကဗျာလှလှတွေ ဆက်လက်ရေးနိုင်ပါစေ =)

    ReplyDelete
  29. ရာပြည့်မှ သည် ထောင်ပြည့်နိုင်ပါစေ

    ReplyDelete