Saturday, April 17, 2010

ပင်လယ်အသစ်ထဲက ငါးတွေ

ခေတ်ကြီးက
သီအိုရီ ထည်လဲ ဝတ်တဲ့မိန်းမ…

ရူပါ တစ်သိန်းနဲ့ ဖမ်းစား
အာရုံတစ်သန်းနဲ့ ဖမ်းစား
တွေးတိုင်း အသက်ရှုမှားတယ် ။

လူငယ်စိတ် သစ်ထွင်းလှေကလေးက
လောကဓံ ညကြီးမင်းကြီးကို
လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

လူသားဦးနှောက်
တွေးတတ်သလောက် တွေးထားသမျှ
ကူးတတ်သလောက် ကူးခတ်သမျှဟာ
အိုလွယ်မင်းလွယ် ။

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။
လင်းဒီပ
၁၇.၀၄.၁၀

17 comments:

  1. ကြိုက်တယ်ကိုလင်းဒီပ ရေ။ ကျွန်တော်ယူသွားပါတယ်။ ခွင့်ပြုပါ။

    ReplyDelete
  2. လူငယ်စိတ် သစ်ထွင်းလှေကလေးက
    လောကဓံ ညကြီးမင်းကြီးကို
    လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

    ဆရာသမား...သိပ်တော့ အများကြီးတွေ ပစ်ပစ်မထည့်နဲ့....း)

    ReplyDelete
  3. ကဗျာဆရာ လက်တွေ တွေ့နေတာ။ ခုတလော။
    ကျေးဇူးတင်ရတယ်။ ကျွန်တော်တို့ စိတ်အာဟာရအတွက်လေ။း)

    ReplyDelete
  4. လိုက်စရာ သမင်တွေ ပေါလို့
    မောနေတဲ့ ခေတ်ထဲ
    (မေမေတောင်)
    လောဘကြီးတယ် လို့
    ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။

    ထိတယ် ကိုလင်းရေ မိုက်မိုက်မိုက်စ်. . . .

    ReplyDelete
  5. the age of complexity !!
    simply complex !!
    let's trying to be simple in this complexity!!
    mnhy

    ReplyDelete
  6. ကူးခတ်ဦးပေါ့ မမောသေးသ၍ :)

    ReplyDelete
  7. မေမေ လဲပဲ ခေတ်ကိုမီအောင် ကြည့်နေရတော့မှာ ကိုး....း)..
    လိုက်စရာ သမင်တွေထဲ ရွှေသမင်တွေချည်းဆို ကောင်းမယ် နော်..း)..

    ReplyDelete
  8. နိုး .. ကျွန်တော်မြင်တာ သမင်မဟုတ်
    ဂမ္ဘီဖန်ဆင်းထားတဲ့သမင်တွေ
    ကဗျာလေးက သိပ်ကောင်း သို့သော် ခုဗျာ အားတက်နေချင်တယ်

    ReplyDelete
  9. အရမ်းသဘောကျတယ် အစ်ကိုရေ ... ။
    ဒါမျိုးလေးတွေ မဖတ်ရတာ ကြာပြီ။

    လိုက်စရာ သမင်တွေ ပေါလို့
    မောနေတဲ့ ခေတ်ထဲ
    (မေမေတောင်)
    လောဘကြီးတယ် လို့
    ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။

    လေးစားအားပေးလျက်။
    ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

    ReplyDelete
  10. အရမ်းသဘောကျပါတယ်။ ငါး...ပင်လယ်အတုထဲက ငါးပြီးတော့ လှောင်အိမ်ထဲက ငါး... ပင်လယ်အတုထဲ မမောအောင် ကူးချင်တဲ့ ငါးလည်း ရှိသေးတယ်။တရားလေး ထပ်ဟောပါဦး။

    ReplyDelete
  11. အဲ့ဒိနောက်ဆုံး ပိုဒ်လေး

    အပိုင်ဝယ်သိမ်းထားလိုက်ချင်တယ်။ :D

    ReplyDelete
  12. ဆင်ဆင်ခြင်ခြင်တော့ နေဗျာ...

    ခုလိုခေတ်ကြီးထဲ...

းဝ)

    ReplyDelete
  13. နောက်ဆုံးအပိုဒ်လေးမှာ သက်မ ချမိတယ်... စာက ခါးသက်သက်လေးနဲ့ လှနေတာ...

    ReplyDelete
  14. ကျွန်တော်လည်း မကြာခင် ငါးဆန်ဆန် ပြန်ဖြစ်ရတော့မယ်ဗျ ..။
    ပင်လယ် အတုထဲကို ပြန်လာရင်းပေါ့ ..။
    အဆင်ပြေပါစေ ကိုဒီပရေ :)

    ReplyDelete
  15. လူသားဦးနှောက်
    တွေးတတ်သလောက် တွေးထားသမျှ
    ကူးတတ်သလောက် ကူးခတ်သမျှဟာ
    အိုလွယ်မင်းလွယ် ...

    သိပ်မှန်တာပဲ။

    ReplyDelete
  16. မေမေက လောဘကြီးတယ်လို့ မပြောလည်း ညီမကတော့ ပြောမှာပဲ။ သူ့ဘာသာ ဘယ်လောက်များလာလာ အဲဒါတွေကို ဒုက္ခတွေလို့သာမှတ်ပါ။ :D

    ReplyDelete
  17. ကိုယ့် အရောင် နဲ့ ကိုယ် ပြန်မှောင်ထားတဲ့

    လောကပါ ဗျာ ...

    စိတ်မောကိုယ်မောကြီး

    ဖြတ်သန်းနေရတာကတော့ နေတိုင်းလိုပါပဲ

    ကိုလင်းဒီပရေ ...

    ReplyDelete