Wednesday, April 28, 2010

ကဗျာဆရာရဲ့ပုံတူ

ပြောင်းလဲသွားတယ်
အရာရာ….
ပြောင်းလဲလွယ်တယ်
နင် နောက်ရည်းစားတစ်ယောက် ထပ်ပြောင်းတွဲတယ် ။

ရာသီတွေကလည်း
အရင်လို မှန်းဆလို့မလွယ်
ပူလွယ် အေးလွယ် နေ့တွေထဲ
လောင်လွယ် ကျွမ်းလွယ် ဘဝတွေထဲ

လယ်ကွင်းတွေဟာ လမ်းတွေအဖြစ် ပြောင်းလဲသွားတယ်
လမ်းအကောင်းတွေဟာ လမ်းအဟောင်းတွေအဖြစ် ပြောင်းလဲ
ကားတွေကလမ်းတွေ ပေါ်မောင်းကြပြီး
လမ်းတွေက ဘယ်ကို ဆက်မောင်းကြလဲ ။

ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ် ။

ပြောင်းလဲသွားတယ်
ပြောင်းလဲမလွယ်တဲ့ ငါ့ဘဝထဲ
ဖြတ်သန်းစီးဆင်းသမျှ အာရုံတွေ ပြောင်းလဲသွားတယ် ။

ငါလည်း ပြောင်းလဲလာတယ်…
နင့်ဓာတ်ပုံလေးတွေ ပျောက်ကုန်တယ်…။
စီးနေကျ ဖိနပ်ကလေး အတော်ပါးသွားပြီ…။

သစ္စာရှိ
ရိုးမြေကျ
ဘဝမှာ ပေါင်းဖက်မိတာဆိုလို့
(တိုးတိုးဖော်အဖြစ်ကော
သူငယ်ချင်းအဖြစ်နဲ့ပါ )
ကဗျာကို
ဟိုး……..အရင်
ချောကလက်နံ့သင်းတဲ့ ညနေခင်းတွေကထက်
ပိုသောက်ဖြစ်လာတယ် ။

ငါလည်း ပြောင်းလဲခဲ့တယ်ဆိုပါတော့ ။

လင်းဒီပ
၂၈.၀၄.၁၀
(ဒီဧပရယ်လထဲ ကျွန်တော်ရေးမိသမျှ ကဗျာတွေ အကုန်လုံး အပူရောင်တွေ များနေတယ် ။ဒီကဗျာလေးကတော့ အဲဒီကဗျာတွေ အားလုံးရဲ့ သက်ပြင်းချသံ ဖြစ်သွားမလားပါပဲ...။)

16 comments:

  1. ပြောင်လဲသွားတယ် အရင်က တပက် ဆိုရင် အခု နှစ်ပက်
    :))
    ကဗျာဆရာ ကဗျာကို ပိုသောက်ဖြစ်ဟန်တော့ မထင်မိဘူး
    :)

    ReplyDelete
  2. တိတ်မပူပါတဲ့ ရာသီကပူ၇တဲ့အထဲ တူ့အချစ်ကပူနေ ၂ ဆ ၂ ဆ ကောင်းဝူး အပူ၇ည်လေးထပ်ထဲ့ အေ့....

    ReplyDelete
  3. မှန်ပါ့ ငါ့အကိုရယ် အပူတွေချည်းပဲ
    ခုထိ သူငယ်တန်းဖတ်စာလေးကိုပဲ သတိရနေတယ် :)
    အပူရေတွေသောက်ပြီး ဗိုက်ကြီးပူလာမယ်နော် ..

    ReplyDelete
  4. ပြောင်းလဲလွယ်တဲ့ခေတ်ထဲ ပြောင်းလဲခက်တဲ့လူတွေ
    ပူလောင်ကြတာပဲရော..။

    ReplyDelete
  5. ကဗျာဖတ်လိုက်ရတာ အပူတွေတောင်လာဟပ်သွားတယ်။ သဘောကျတယ်။ ကြိုက်တယ် 5/5

    ReplyDelete
  6. ခေတ်ကြီးက
    သီအိုရီထည်လဲဝတ်တဲ့ မိန်းမ ... ။

    လေးစားအားပေးလျက်ပါ အစ်ကိုကြီး။
    ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

    ReplyDelete
  7. ပြောင်းလဲသွားတာ ဘယ်သူလဲဆိုတာ တိုးတိုးတိတ်တိတ် Facebook ပေါ်မှာပြောပြပါ။ :P ကဗျာတွေဟာ ရေးတဲ့ သူရဲ့စိတ်တံခါးပေါက်တဲ့။ ငါ့အကို သက်ပြင်းချလိုက်ပြီ ဆိုတော့ နောက်ကဗျာတွေကျ စိတ်ပျော်စရာတွေ ဖြစ်လာတော့မှာပေါ့။

    ReplyDelete
  8. "ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
    ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ်။"

း)
    အဲလိုနဲ့ပဲ အိမ်ပြန်ဖို့ ဝေးနေဆဲ။

    ReplyDelete
  9. ဟုတ်လိမ့်မယ်ဗျ
    သက်ပြင်းချသံ ဖြစ်သွားဖို့

    ReplyDelete
  10. မပြောင်းလဲချင်ပဲနဲ့လည်း ပြောင်းလဲနေကြ ..
    ပြောင်းလဲချင်လည်း မပြောင်းပဲ နေချင်နေကြ...
    ညနေခင်းတွေလည်း ဘာရနံ သင်းမှန်းတောင် မသိတော့ပါဘူး..

    ReplyDelete
  11. everthing is change ပေါ့ ပူပါစေ ဒါမှ ဖတ်လို့ ကောင်းတား) အယ် ဒါပေမယ့် စိတ်အေးချမ်းပါစေလို့ ဆုတောင်းပါတယ် ပြောင်းလဲခြင်း အတုတွေနဲ့ မဟုတ်ဘူးနော် အတည်ပြောတာပါ ။

    ReplyDelete
  12. ဟင်းးးးးးးးးးးးးးးးးးး

    လို့ သက်ပြင်းချကူသွားပါတယ်.. တကယ်တော့ အစောကတည်းက ကိုယ်တိုင်ချချင်နေတာပါလေ..

    ReplyDelete
  13. မပူနဲ့တော့ မောင်မူး လိုကဗျာလေးဖတ်ချင်တယ်။

    ReplyDelete
  14. ကိုကျော်ညိုသွေးရေ...
    ခင်ဗျား ဒီကဗျာလေးအကြောင်းပြောတာ နှစ်ခါရှိပြီ ။ ကျွန်တော်ကိုယ်တိုင်လည်း ရေးပြီး သိပ်ကြိုက်တဲ့ကဗျာလေးပါပဲ ။ ဒါမျိုးလေး ထပ်ရေးဖြစ်ရင် တင်ချင်ပါတယ် ။
    ကျေးဇူးတင်ပါတယ်ဗျာ ။

    ReplyDelete
  15. သက်ပြင်းချမိတယ်။

    ReplyDelete