Sunday, May 2, 2010

ချစ်သူ့ဖတ်စာ(၆)


ကတိမတည်တဲ့ မိုးသားတွေက
ထပ်မရွာတော့ဘူး ဆိုပြီး
ဒီနေ့လည်း သည်းသည်းမဲမဲ။

ထန်းလက်သူရဲကောင်းလေးလေ
မင်းဆီတည့်တည့်လာမယ့် မိုးကြိုးတွေရှေ့
ပြေးရပ်ပေးချင်စိတ်က
တကိုယ်ရည် အိပ်ရာလေးထဲ
လန့်လန့်နိုးတယ် ။

အဝေးနေ့စွဲတွေမှာ
တစ်ယောက်ထုတ်လွင့်တဲ့ အနမ်းကို
တစ်ယောက်က tuning ကောင်းကောင်းနဲ့
ဖမ်းယူနမ်းရှိုက်ရတာ….

အဝေးနေ့စွဲတွေမှာ
အဲဒီ တယ်လီဖုန်းလေး မရှိရင်
အဲဒီ မြန်နှုန်းမြင့်နည်းပညာနတ်ကောင်းနတ်မြတ်တွေ မစောင့်ရှောက်ရင်
အလို သေရချည့် ။

အဆင်မပြေပါဘူး အချစ်ရယ်
ယောက်ျားရင့်မကြီး ဆိုပေမယ့်
အလွမ်းဆိုတဲ့ ဘီလူးကြမ်းကြီးနဲ့
နေ့နေ့ညည စီးချင်းထိုးနေရတာ ။

ဒီမှာ….
ဝေးကွာခြင်းကွင်းကျယ်ထဲ
အထီးကျန်မြက်ရိုင်းတွေ
စိမ်းလွန်း စိုလွန်းတယ် အချစ်ရယ်။

လင်းဒီပ
၀၂.၀၅.၁၀

23 comments:

  1. အိန္ဒြာMay 2, 2010 at 10:30 PM

    1818 တစ်ကဒ် ရှစ်ဒေါ်လာခွဲ..

    ဘုရား ဘုရား...

    ကောင်လေး...

    အလွမ်းက သန်းချီတန်ပါပေါ့...

    ReplyDelete
  2. ကိုယ့်မှာလဲ ၁၈၁၈ ကဒ်တွေ အများးးးးးကြီးပဲ ရှိတယ်...
    ဖေဖေနဲ့ မေမေ ရန်ကုန်ပြန်သွားရင် တရက်ခြား ဆက်ဖြစ်တယ်... သူတို့ပြန်လာရင် အဲဒါတွေပြပြီး Bill ပြန်တင်တာပေါ့... (သမီး အလိမ်မာလေးပါ...)

    အဝေးနေ့စွဲတွေ ရပ်ပြီး အနီးဆုံးနေနိုင်မယ့်
    နေ့ရက်တွေ အမြန်ဆုံး ရောက်လာစေကြောင်း ဆုတောင်းပေးမယ်လေ... (မုန့်ကျွေးမလား...)

    ReplyDelete
  3. မိုးရေထဲမို့ ကိုးနတ်ရှင် မကောင်းတာပါ...

းဝ)

    ReplyDelete
  4. ရောဂါတော်တော်ကျွမ်းနေပုံပဲ :)
ုမြက်ရိတ်မယ့်သူမကလည်း ကိုဒီပလိုပဲနေမှာပါ :))

    ReplyDelete
  5. ဘရား ဘုရာ

    ၁၈၁၈ ကဒ်ကိုမြင်လို့ ဘုရားတလိုက်မိတယ်

    ReplyDelete
  6. ဘာမှ အလွမ်းတွေနဲ့စီးချင်းထိုးတာတွေဘာတွေ ကိုယ်မသိဘူး။ ၁၈၁၈ကတ်ဖိုးလေးကိုပဲ ကြားထဲကအချောင်နှမြောလိုက်တာ။ :P

    ReplyDelete
  7. မောင်မျိုးMay 3, 2010 at 12:21 AM

    ၅ ပိုဒ်မြောက်ကိုကြိုက်တယ်း) ဟိဟီး ဒါမယ့် ကဗျာဖတ်ပြီး အူတွေ တအားယားတာပဲ ။ ကဲကဲ လုပ်တော့ လုပ်တော့ ခုနွေပြီးလို့ မိုးတောင်ကူးတော့မယ် အချိန်က လူကိုစောင့်တာမဟုတ်ဘူးနော့် ။

    ReplyDelete
  8. နိုင်ကို မနိုင်ဘူး။း))

    ReplyDelete
  9. “အဝေးနေ့စွဲတွေမှာ
    အဲဒီ တယ်လီဖုန်းလေး မရှိရင်”
    “ဝေးကွာခြင်းကွင်းကျယ်ထဲ
    အထီးကျန်မြက်ရိုင်းတွေ”

    အသုံးအနှုံး လေးတွေ သဘောကျတယ်.. :)

    ReplyDelete
  10. ကဗျာလေးတွေက တအားနုနုနယ်နယ်။
း)

    ReplyDelete
  11. ကိုယ့်ဒေါသနဲ့ကိုယ်ခေါ်တာပဲ .....။
    ကုန်ပါစေ ....။

    M1 ကြီးပွားလာတာ အကြောင်းရင်းက ငါ့ရှင်ပေတကား။

    စင်ကာပူမှာ နှစ်ယောက်အတူနေနိုင်ပါစေသား .....
    ....
    ....... ................. .....................

    ReplyDelete
  12. For Ma Dar,

    Juz 8 SGD ...
    Don't buy in expensive shops ...

    Or juz asked this poet .. from where did he get ....

    When I check his handset key pad, the two numbers , 1 and 8 are faded away....

    ReplyDelete
  13. သြော်အချစ် ...အချစ် တယ်လည်း ငွေကုန်ကြေးကျ များပေစွတကား :P
    အလွမ်း = $ :D

    ReplyDelete
  14. အတွေးရော အရေးရော တော်တော်လေး သဘောကျတယ်။ i like it 5/5

    ReplyDelete
  15. Gtalk တို့ Vzo တို့ကိုအာရုံပြောင်းကြည့်ပါလား? တစ်မျိုးဖြစ်နေပေမဲ့ 1818 လောက်တော့မကုန်ပါဘူးလေ။ ကျွန်တော်လည်း အခု Internet ကိုပဲဖိဖိစီးစီးသုံးတော့တယ်။ ကိုယ့်ဒေါသနဲ့ကိုယ်ဆို ကြာရင်မွဲမှာ။ :P

    P.S: နောက်ဆုံးအပိုဒ်လေးချစ်ဖို့ကောင်းတယ်။

    ReplyDelete
  16. ကျွန်တော့်ဗလနဲ့ ဘီလူးကြမ်းနဲ့တော့
    စီးချင်းမထိုးနိုင်ဘူး ကိုလင်းရာ ..
    အဆင်မပြေပါဘူးလို့တောင် မအော်နိုင်ဖြစ်သွားမှာ


    ခုမြက်ခုတ်နေတယ် ကွင်းကျယ်ထဲမှာ
    ခုတ်မနိုင်ရင်လည်း ပေါင်းသတ်ဆေးဖြန်းပစ်တာပေါ့ :)

    ကဗျာဆရာ သိပ်တော် မူးမူးမေ့မေ့

    ReplyDelete
  17. အိမ်း ..
    ရင်မောတယ် ကိုဒီပရေ :)

    ReplyDelete
  18. အိုင်လွယ်ပန်ကို အားမကျဘူးလား
    မြန်မြန် အမှီလိုက်တော့
    သူလည်း ခုလောက်ရှိ ဖုန်းဖိုးတွေ ကုန်တော့မယ်း)

    ReplyDelete
  19. ထန်းလက်သူရဲကောင်းလေးလေ
    မင်းဆီတည့်တည့်လာမယ့် မိုးကြိုးတွေရှေ့
    ပြေးရပ်ပေးချင်စိတ်က
    တကိုယ်ရည် အိပ်ရာလေးထဲ
    လန့်လန့်နိုးတယ်

    လန်းလှချည်လား

    ReplyDelete
  20. အစ်မအိန္ဒြာ << သန်းချီတဲ့အလွမ်းပေါ့အစ်မ

    အစ်မသက်ဝေ << ဟုတ်တယ်အစ်မ ကျွန်တော်လည်း နောက်မှ အတိုးနဲ့ပြန်တောင်းမလို့ :P

    ကိုလူထွေး << ကိုးနတ်ရှင်ကတော့ နွေမိုးဆောင်းပါပဲဗျာ ။

    မောင်ခင်လေး << ဟဲဟဲ ကိုယ်ချင်းစာတယ်ဟုတ်..။

    ရီနိုမာန် << ဒီပုံလေးက အမှတ်ကောင်းကောင်းလိုချင်လို့ ရိုက်ထားတာပါ ။ ဘုရားမတပါနဲ့ရီနိုရယ် ။

    မေ့သမီး << ထောက်ပံ့မယ်တော့ မရှိဘူး ။ :P

    မောင်မျိုး << အချိန်က လူကို မစောင့်ပေမယ့် လူက ပြန်စောင့်ရတာတွေလည်း အများကြီးပါညီလေးရာ မင်းလည်း သိပါတယ် ။ မင်းစာပြန်ရေးတာ ဝမ်းသာတယ် ။

    mirror << ဟဲ ဟဲ

    သိင်္ဂါကျော် << ကျေးဇူးပါ မသိင်္ဂါ...။

    jr.လွင်ဦး << ကျေးဇူးပါ မဂျူ


    Zephyr << ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ အလေးအနက် ဆိုမိ ။

    မယ်ကိုး << လွမ်းရတာ ဈေးကြီးပ ဒေါ်မယ်ကိုးရယ်..:P

    ရေတမာ << ကျေးဇူးပါ ရေတမာရေ...။

    သွယ်လင်းဆက် << ဟုတ်တယ်ဗျ..

    littlebrook << ကိုအယ်ဘီ ကျွန်တော်တော့ လဲကျလိုက် ပြန်ထထိုးလိုက်ပဲ..။

    အိုင်လွယ်ပန် << ရင်မောပါတယ် ကိုအိုင်ရယ်..။

    အစ်မ မနော် << အမှီတော့လိုက်ချင်သား..။

    နန်းညီ << လန်းနိုင်သလောက် လန်းကြည့်တာပါ :)

    ReplyDelete
  21. ဒီမှာ….
    ဝေးကွာခြင်းကွင်းကျယ်ထဲ
    အထီးကျန်မြက်ရိုင်းတွေ
    စိမ်းလွန်း စိုလွန်းတယ် အချစ်ရယ်။ ...

    မိုက်တယ် ရှယ်ပဲ ...

    ReplyDelete
  22. ကဗျာဖတ်ပြီးနွေးထွေးသွားသလို စိတ်လဲမကောင်းဖြစ်သွားတယ်။ ကိုယ့်ချစ်သူလည်း အဲသလိုပဲ ကိုယ့်ကိုခေါ်နေရမှာဆိုပြီးတော့။ သူလည်း အဲဒီ့ကဒ်တွေ ကိုယ့်ကိုပြဖို့ စုထားတယ်တဲ့။ ကဒ်ကုန်သွားတဲ့နေ့တွေမှာ တိုက်ရိုက်ခေါ်ပြီးလကုန်မှ ကိုယ့်ကိုငြီးပြတဲ့ ချစ်သူလေးကိုပါသတိရသွားတယ်။ ရင်မောပါတယ်ဗျာ----။

    ReplyDelete
  23. တကယ့် ချစ်သူ တမ်းချင်းလေး ပါဗျာ ... :)

    ReplyDelete