Sunday, May 16, 2010

လူကြီးနာ

မင်းလက်တစ်ဖက်က
မင်းဘဝကို
ချိုချဉ်သကြားလုံးလေးလို မချိုမချဉ်စားနေတုန်း
နောက်လက်တစ်ဖက်က
ငါ့ဘဝကို
ကောက်ကိုင်ကြည့်လိုက် ပြန်ချထားလိုက်နဲ့။

မင်းရဲ့ မနက်ဖြန်အင်္ကျီဖြူလေးမှာ
ငါ့အရိပ်လေး တွဲရက်ဖြစ်နေမှာ စိုးရွံ့နေ
အဲဒိ စိုးရွံ့စိတ်ကလေးကို ငါကလည်း ဖတ်မိနေ

ငါက မင်းကို ကြည့်ပြီး ရီ(ရယ်)တယ်
မင်းက ငါ့ကို ကြည့်ပြီး ရီတယ်
လူတွေက တို့နှစ်ယောက်ကို ကြည့်ပြီး ရီတယ် ။

ငါ့လက်ကို ဖြုတ်ချဖို့
မာယာတွေ ချော့တိုက်နေစရာ မလိုပါဘူး ချာတိတ်ရယ်။

တကယ်ဆို ထိရုံကလေး ထိထားတာ
အချိန်မရွေး မင်းထွက်ခွာ သွားဖို့….
တကယ်ဆို စေ့ရုံကလေး စေ့ထားတာ
အချိန်မရွေး မင်းပြန်ဝင် လာဖို့….

မင်း ဘယ်နှခါထိုးထိုး
အသံအက်မသွားတဲ့ ခေါင်းလောင်းကြီးလို…
မင်း ဘယ်နှခါ မောင်းထုတ်ထုတ်
အိမ်ကို တည့်တည့်ပြန်လာတတ်တဲ့
အမှတ်မရှိ ခွေးအိုကြီးလို…

ချာတိတ်ရေ…
ငါ့မျက်စိထဲတော့ မင်းဟာ ကလေးတစ်ယောက်လို
ကစားပွဲပြီးလို့ မင်းမောပမ်းသွားတဲ့အခါ
ကစားဖော်တွေနဲ့ ကွဲသွားတဲ့အခါ
အိမ်အတူပြန်ဖို့ သစ်ပင်အောက်မှာ ငါစောင့်နေမိတုန်းပဲ ။

လင်းဒီပ
၁၆.၀၅.၁၀

11 comments:

  1. သစ်ပင်အောက်က ခေါင်းလောင်းကြီးရေ ဖတ်လို့တော့ကောင်းတယ် ကဗျာလေးက ဒါမယ့် ခံစားချက်ရှိတဲ့သူတွေဖတ်ရင် ရင်ထဲထိမယ်နော့် ကျနော်တောင် နည်းနည်းထိသွားတယ် ရှပ်ထိလေးး)

    ReplyDelete
  2. ဟုတ်ရဲ့လား.ဟုတ်ရဲ့လား။

    ReplyDelete
  3. ဟူးးးးးး လွန်ခဲ့တဲ့ သုံးလလောက်ကသာ ဖတ်မိရင်
    ကိုလင်းဒီပတော့ အဆိပ်ပင်ရေလောင်းသလိုဖြစ်တော့မယ်
    ကျွန်တော်လည်း ဒီကဗျာဖတ်ပြီး စာအုပ်ဟောင်းကြီးပြန်လှန်နေမှာ ..

    ကောင်းလိုက်တဲ့ကဗျာလေးး)

    ReplyDelete
  4.ိထိသွားပီ ဒဲ့ကိုထိတာ .....

    ReplyDelete
  5. ဖြစ်ဖူးသေးဘူးထင်တာပဲ။ :)

    ReplyDelete
  6. ချော့တိုက်တာက မာယာတွေလား။ဗျစ်ရည်တွေလား :P
    မာယာဆိုရင်ကော မည်သည့်အရောင်များနှင့် ပါလဲ..

    ReplyDelete
  7. အော် ... ငယ်တုန်းရွယ်တုန်း တွေးတာ ..
    နောက်ပိုင်းတစ်မျိုးတွေးရင် နောက်တစ်ပုဒ်ရေးနော်း)
    စာကြောင်းကျန်ခဲ့လို့ tag ကိုပြန်လာကြည့်ဥိး
    လွတ်ပြီမထင်နဲ့ ..

    ReplyDelete
  8. မင်း ဘယ်နှခါထိုးထိုး
    အသံအက်မသွားတဲ့ ခေါင်းလောင်းကြီးလို…

    ကောင်းချက်...
    ကြိုက်တယ်ညီလေးရေ

    ReplyDelete
  9. ထိရုံကလေးထိတားတာနဲ့ စေ့ရုံကလေးစေ့ထားတာကိုဖတ်ပြီး ပြုံးရုံလေးပြုံးသွားတယ်။ (သစ်ပင်အောက်ကို သွားစောင့်မလို့လေ။)

    ReplyDelete
  10. ကိုလင်းဒီပ ရေ ...

    ကလေးတစ်ယောက် အပေါ်လို ...

    မြတ်နိုးစိတ်ကလေး က ချစ်ခြင်းတရားကို

    ညံ့သက်သွားစေပြီ ထင် ပ ... :)

    ReplyDelete