Friday, June 4, 2010

ကစားဖော်

မင်းနဲ့သာ
တစ်ဝိုင်းထဲ ကစားရမယ်ဆို
တစ်ဘဝလုံး ရင်းရ ရင်းရ ။

နှုတ်ခမ်းကလေး ဖွဖွကိုက်ထားပုံလေး
ဖဲချပ်ကလေးတွေ ဖြည်းဖြည်းချင်း ပွတ်သပ်နေပုံလေး
ကစားဖော်တွေ မျက်နှာရိပ်ကို ဖတ်ဖို့
အကြည့်ကလေး ဝေ့ဝဲလိုက်ပုံလေး
ကိုးပူးလေးနဲ့ ဟန်ပါပါလေး ဟောက်ထုတ်လိုက်တာလေး

ကိုယ့်ဖဲချပ်ကလေးတွေ ရှေ့ရေး
တွေးဖို့ မေ့နေလောက်အောင်
ငါ့,မလည်း
မင်းမျက်နှာဂျက်ကွင်းကင်းလေးနဲ့
အလုပ်တွေကို များလို့။

မင်းမှောက်ဖဲလေး ဂုဏ်သိက္ခာ အတွက်
တစ်ဘဝလုံးပုံအောထားတဲ့ ကစားသမား
ဒီတစ်ဘဝရှုံးရင်
နောက်ထပ် ဘဝ ဘဝတွေ ထပ်ထည့်မယ် ။

မရင်းရဲတဲ့ လူတွေက အလျှိုလျှို ထွက်သွား
ဥာဏ်များလိုက်စမ်း မြေခွေးမလေးရယ်..
မင်း…ဘာတွေ ပုံအောရဲမလဲ ။

ဥာဏ်နဲ့ကံနဲ့ ကစားရတဲ့ ကစားနည်း
ကြွေတလှည့် ကြက်တခုန်
အလည်မှာပုံထည့်ထားတဲ့ မင်းဘဝနဲ့ ငါ့ဘဝ
(ငါ) ရင်တွေ ခုန်လှရဲ့ ။
လင်းဒီပ
၀၂.၀၆.၁၀

16 comments:

  1. တကယ်ကို ရင်ခုန်သွားတယ်။ ဘုရားစူး.... :)

    ReplyDelete
  2. ကဗျာဆရာ့ ၀င်စို့ကဗျာက တယ် မနိုင်ပါလား ကွယ်ရို့...

    ReplyDelete
  3. တယ်ချစ်စရာကောင်းပါလာ . ကဗျာ...က.

    ReplyDelete
  4. ဖဲသမားကိုး....

    ReplyDelete
  5. ဖဲသမား (ကစားသမား) ရဲ့ ရင်ခုန်သံက တယ်နားဆင်လို့ကောင်းပါလားဗျ ...။

    ReplyDelete
  6. အချစ်ကို ဖဲဝိုင်းပုံစံလေးရေးသွားတာ အကိုရေ တကယ်လေးစားပါတယ်ဗျား))
    အရမ်းကောင်းလွန်းတယ်

    ReplyDelete
  7. လန်းတယ် ကဗျာက

    ReplyDelete
  8. အလွန့်အလွန် ချစ်စရာကောင်းတဲ့ ကဗျာဖြစ်ပါကြောင်း။

    ယင်းကဗျာတွင် ပါဝင်သော နာမ်စား “ ငါ ” ကို ဣတ္တိလိင်ဟုသာ ယူဆဖတ်ပါသွားသည့်အပြင် တချိန်မှာ ထိုကဗျာကို အလစ်သုတ်ဖို့ ရည်ရွယ်ထားပါကြောင်း :D

    ReplyDelete
  9. အောက်ကိုးနဲ့ နောက်ရှိုးဆိုရင် ..
    လူပါဝင်ထိုင်လိုက်ဗျာ

    ReplyDelete
  10. အောက်လက် နာတယ်ကွယ်... ဆွဲစရာရှိ မြန်မြန်ဆွဲပါ။ :P

    ReplyDelete
  11. ကစားနေရမယ့် အရွယ်မဟုတ်တော့ဘူးနော် လူကြီး :P

    ReplyDelete
  12. အိန္ဒြာJune 4, 2010 at 10:54 PM

    ကဗျာကဗျာရေးပါများ...
    ကဗျာထဲက ဇာတိပြဆိုတာ ဒါမျိုး ဒါမျိုး....
    ငါ က အသောက်ချည်းမှတ်တာ...

    လင်းဒီပရေ...လေးစားသွားတယ်

    ReplyDelete
  13. အလို.. ဘာပါလိမ့်..
    မဆော့တတ်တော့ မသိဘူးလေ..
    :P

    ReplyDelete
  14. အပေါ်က တစ်ကိုးကင်းဆရာကြီးက ဝင်အားပေးသွားတယ်း))

    ReplyDelete
  15. ရောက်တယ် အကိုဒီပရေ
    ပြီးတော့မယ်ဆိုတော့ မလည်အားဘူး

    ရင်လဲခုန်တယ်
    ချစ်လည်းချစ်တယ်ကွယ် ဆိုတဲ့
    မောင်နွေညို ကဗျာထဲက စာသားလေး
    ပြောခဲ့တယ်း)

    ReplyDelete
  16. လွမ်းပ လင်းဒီပ

    ReplyDelete