Sunday, June 27, 2010

စက္ကူလှေ

ငါက

အကျီစားသန်တော့

ငါ့စကားဆို မုသားချည့် နင်က ထင်တယ်..။


မရှိမဲ့ ရှိမဲ့ စိတ်ပုတ်ကလေးနဲ့

နင့်အတောင်လေးတွေ ချိုးထားဖို့လည်း

တခါတလေတော့ တွေးကြည့်ခဲ့ဖူးတယ် ။


ဂျိုကာလေးဟာ ဂျိုကာလေးပဲပေါ့ ။

နင်ပျော်ရွှင်ရုံသက်သက်

ဒိထက် ဘာမှ ပိုမပေးနိုင်ခဲ့တော့…

ပြောနေကျ ဟန်အတိုင်း

“အရူး”လို့

ပြော….ထားခဲ့ ။


ထန်းလက်ကလေး လှမ်းကာ မနေပါနဲ့

ပွင့်ဖတ်ကလေးနဲ့တောင် မရွယ်ရက်တဲ့လူက

ဘယ်လိုလုပ် မိုးရာသီကို လူမိုက်ငှား မလဲ ။


နင့်စိတ်ကူးစိတ်သန်းလေးနဲ့

ငါနေထိုင်မှုပုံစံလေး

အပေါက်အလမ်းတည့်သွားတုန်း ခဏ

(တဒင်္ဂ)

တကယ့် ခဏလေး

နင် ရင်ခုန်သလို ဖြစ်သွားခဲ့တာ..။


ပျော်ခဲ့တယ်

ငါ့ရင်ခုန်သံကလေး

ခဏလေး ခေါင်းအုံးအိပ်ပေးခဲ့တဲ့အတွက် ….။


ဒီလောက်ပါပဲ

ဘဝလေး ခဏ

ခဏကလေး ဘဝမှာ

နင့်အနား

လှိုက်လှိုက်မောမော နေပျော်ခဲ့ဖူးတာ…။

လင်းဒီပ

၂၇.၀၆.၁၀

21 comments:

  1. အကိုကြီးရေ
    ကဗျာတွေနဲ့ တဆိတ်ဖမ်းစားလွန်းတာတော့ လွန်လွန်းပီဗျာ :P
    ချီးယားးစ်
    ရွှေပြည်ကြီးက စောင့်နေမယ်ဗျို့
    တစ်ဝိုင်းလောက်ဆုံရအောင် :) :)

    ReplyDelete
  2. ဒီလောက်ပါပဲ

    ဘဝလေး ခဏ

    ခဏကလေး ဘဝမှာ

    နင့်အနား

    လှိုက်လှိုက်မောမော နေပျော်ခဲ့ဖူးတာ…။
    ( ကဗျာဆရာရေ မှန်လိုက်တာ ရင်တွင်းဖြစ်ကြီး
    ခင်ဗျားရင်ဘတ်ထဲ ခပ်လို့မကုန်တော့ဘူးနေမှာ :) )

    ReplyDelete
  3. နှစ်သက်စရာကောင်းတဲ့ ကဗျာလေးပဲ...။

    ပျော်ခဲ့တယ်
    ငါ့ရင်ခုန်သံကလေး
    ခဏလေး ခေါင်းအုံးအိပ်ပေးခဲ့တဲ့အတွက်

    စကားလုံး သိပ်လှသည်။


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. ညိမ်းညို>> ညီလေးရေ ရွှေပြည်ကြီးကို ပြန်နှင့်ပေါ့...အစစ အရာရာ အဆင်ပြေပါစေ.. တစ်ရက်ဆုံကြတာပေါ့လေ :)

    ကိုအယ်ဘီ>>တခါတလေကြတော့လည်းဗျာ...စက္ကူလှေကလေးတွေလိုပါပဲ... တစ်ဖက်သားရဲ့ တစ်ဘဝလုံး လုံခြုံမှု မပေးနိုင်တဲ့အခါ လမ်းတဝက်မှပဲ စွန့်လွှတ်နေပျော်လိုက်ရတဲ့သူတွေ.....

    ReplyDelete
  5. စက္ကူလှေ ချိုးနည်း သုံးနည်းပဲသိတယ်

    ခက်တာက မိုးရေထဲ ထည့်လိုက်ရင် နှစ်နှစ်သွားကြတာ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. စက္ကူလှေလေးလိုပါပဲ..
    ခဏတာ ပျော်ရွှင်မှုကလွဲလို့ ဘာတခုမှ သယ်ဆောင်မပေးခဲ့နိုင်ဘူး..

    ReplyDelete
  8. ဘ၀ဟာ ခဏပါ ငါသိတယ် အချစ်ရယ် အဲ့တာ ဂျီလတ် ဆိုထားတဲ့ သီချင်း နားထောင်မလား ရှာပြီး လင့်ပို့ပေးလိုက်မယ်း)

    ReplyDelete
  9. လင်းဒီပ ကဗျာတွေက တစ်စုံတစ်ခုသောအကြည်ဓာတ်နဲ့
    လှပနေတယ် လို့ထင်ရတာပဲ .. စိတ်ချမ်းသာစရာလေး တွေချည်းပဲ .း)

    ReplyDelete
  10. လွန်ပြီ အဘိုးကြီး.. ရုပ်ကြမ်းကြီးနဲ့ နွဲ့သားဗျ :P

    အလကား၊အလကား နောက်တာပါ။ နူးညံ့ညင်သာမှုနိုင်းချင်းနဲ့ ကဗျာတွေ အကို့ဆီမှာအားကြီးပဲ။

    ReplyDelete
  11. ပျော်ခဲ့ဖူးတဲ့ နေ့ကလေးတွေ အမှတ်တရပေါ့နော်..

    ReplyDelete
  12. ရေရေလည်လည် ဂွယ်တယ် ငါ့အကို။ :)

    ReplyDelete
  13. ထားခဲ့ရတယ်သာပြောတယ်..
    ကဗျာလေးက လှပ လို့
    အဆင်ပြေရဲ့ မို့လား မောင်လေးရေ

    မရောက်တာလဲ ကြာခဲ့ ပေါ့

    မဖတ်ရသေးတာလေးတွေ သိမ်းကြုံး လို့ ဖတ်ခဲ့တယ်

    ReplyDelete
  14. အဟီး ...
    ကဗျာအကြောင်းပြောတော့ဘူးး))

    အစ်ကိုညိမ်းတို့ ၊အစ်ကိုလင်းဒီပတို့ တစ်ဝိုင်းဝိုင်းရင် ..
    ကျနော့်ကို မေ့ကြနဲ့ နော် ...

    အစ်ကိုလင်းကြီးရေ
    ဖြိုးစည်သူကို ၀ယ်စရာရှိတာ ၀ယ်ခိုင်းထားပြီ ... ။

း)

    ReplyDelete
  15. အဟဲ...
    စိတ်ချပါ ညီလေးရာ... :)

    ReplyDelete
  16. အပျော်တမ်းကဗျာဆရာကြီးရေ ကဗျာတွေတော့ လာလာဖတ်ဖြစ်ပါတယ်ဗျာ ခြေရာပဲမချန်ခဲ့မိတာပါ :)
    ဘယ်လိုပဲရေးရေး ကဗျာတွေကတော့ လှနေတာပါပဲ :)

    ReplyDelete
  17. အင်း ..
    ဆရာသမားရေ ..
    ဝေးဝေးက လှမ်းဖတ်သွားသဗျ ..
    ကြွေကျသွားမှာ စိုးလို့ :)

    ReplyDelete
  18. “ဒီလောက်ပါပဲ
    ဘဝလေး ခဏ
    ခဏကလေး ဘဝမှာ
    နင့်အနား
    လှိုက်လှိုက်မောမော နေပျော်ခဲ့ဖူးတာ…။”

    ရေးထားတာလေးက တကယ်ကိုနူးနူးညံ့ညံ့... ဒါပေမယ့် ခုချိန်မှာ ရင်ဘတ်ကို တူသေးသေးလေးနဲ့ ထုလိုက်သလိုပဲ...

    ReplyDelete
  19. ခဏလေးပေမယ့်လည်း ရင်ခုန်ခဲ့တဲ့ အမှတ်တရလေးပေါ့..
    ကဗျာလေးက ထုံးစံအတိုင်း ချစ်စရာကောင်းတယ်..

    ReplyDelete
  20. အရမ်းအရမ်းကို နှစ်သက်မိပါကြောင်း...

    ReplyDelete
  21. very very very....................nice.thank u ako

    ReplyDelete