Monday, July 19, 2010

ကျွန်တော့်ရှေးဟောင်းပစ္စည်းလေး

မင်းတွေ့ခိုင်းလို့ သွားတွေ့တဲ့ အမျိုးသမီးပါ

ခု အမှတ်မထင် ထပ်ဆုံတော့ မင်းက တမျိုးပြောပြန်ပြီ ။


မင်းကြည့်ခိုင်းတဲ့ ရုပ်ရှင်လေ

အဲဒီမင်းသမီးအကြောင်း မေးမိတော့ မင်းက မျက်စောင်းထိုးပြီ ။


မင်းစိုက်ခိုင်းတဲ့ သစ်ပင်ပေါ့

သူနဲ့ ကိုယ် အချိန်ကုန်နေတော့ မင်းက ငြူစူပြန်ပြီ ။


မင်းဖောက်ခိုင်းတဲ့ ပြတင်းပေါက်လေ

လမ်းမဆီ ကိုယ်ငေးမိတော့ ပြဿနာက တက်ပြီ ။


မင်းလျှောက်ခိုင်းတဲ့လမ်းပါ

ကိုယ်နဲ့ လမ်းကလေး အကျွမ်းတဝင်ရှိပြန်တော့ မင်း အပြစ်ဖွဲ့ပြီ ။


မင်းရွက်လွင့်ခိုင်းတဲ့ ပင်လယ်ပါ

အပေါင်းအဖော်တွေ တိုးလာတော့ မင်း ငြိုငြင်ပြီ ။


မင်းနမ်းခိုင်းတဲ့ အနမ်းပါ

နောက်တခါ ကိုယ်နမ်းမယ် ဆိုတော့ မင်း ငြင်းပယ်ပြီ ။


If I were a boy

အဲဒီ သီချင်း ထပ်ခါ ထပ်ခါ လာနားမထောင်ခိုင်းနဲ့ ။


ကိုယ်ဖတ်လေ နားမလည်လေ ဖြစ်နေရတဲ့ကဗျာ

တွေးတောလေ ညနက်လေဖြစ်နေရတဲ့ သီအိုရ်ီတစ်ခု

ဒါဆို

မင်းစိတ်က ကမ္ဘာဦးအရေးအသားလား ။


မသိတော့ဘူး မင်းကို

ကြာလာရင်

ကိုယ် jailbreak လုပ်မိတော့မယ် ။


လင်းဒီပ

၁၉.၀၇.၁၀

10 comments:

  1. ဟိုးထားဆရာ

    version 4 OS အတွက် jailbreak မပေါ်သေးဘူး

    ReplyDelete
  2. haha ..jailbreak တဲ့။ စာတွေဖတ်မရအောင်လား ကဗျာဆရာရ..
း)))

    ReplyDelete
  3. အိုင်ဖုန်းမရှီသူတစ်ဦးယောင်လည်လည်ဖြစ်သွားသည်။

    ReplyDelete
  4. ဒီတပုဒ်က ရှေးဟောင်းပစ္စည်းလေးပေါ့..နောက်တပုဒ်ကျ ပြတိုက်ထဲက ပစ္စည်းလေးလို့ နာမည်ပေးဗျာ.. အစဉ်လိုက်သာ..ချ..း))
    အယူခံတေးဟု မှတ်ယူသည်..။

    ReplyDelete
  5. ကဗျာလေးကတော့ လှတယ်။ ( ဒါပေမယ့် ပြတိုက်ထဲ ပို့တော့မလို့လား။ ချစ်လို့ပြောတယ် မှတ်ပါ :))

    ReplyDelete
  6. ဟုတ်ပါ့ နားကိုအလည်တော့ဝူး မီးတို့ပါဝူးနော် အဲဒီထဲ..

    ReplyDelete
  7. ကဗျာဆရာ “ ကျိုင်ရင်ရင်နန် ”” စိတ်အေးအေးထားနော်း)


    jailbreak အဲ့တာက ဘာပြောတာတုန်း အစ်ကိုရ ကျနော့် ဒင်ရှင်နယ်ရီ ပျောက်နေလို့ ။

    ReplyDelete
  8. jailbreak နဲ့ မနီးစပ်ပေမဲ့
    ကဗျာလေးက လှတယ် ကွ

    ReplyDelete
  9. ရှေးဟောင်းပစ္စည်းဝယ်တယ် ..
    ဈေးကောင်းပေးမယ် လို့ရေးထားတဲ့ဆိုင်းဘုတ်တွေတွေ့ရင် နေရခက်မှာပဲနော် .....။

    စူးစမ်းလေ့လာတတ်သူတစ်ဦး

    BTW, After Jailbreak, all guarantees will be voided .. isn't it .. haha. And also cannot update official patch ... :)

    ReplyDelete
  10. မင်းနဲ့ ငါ။
    သို့ မဟုတ်
    ငါနဲ့ မင်း။

    ReplyDelete