အချစ်ဆိုတာ 
သံယောဇဉ်ချည်မျှင်ကလေးတွေနဲ့
ဖွဖွလေး ရက်ထားတဲ့
နှလုံးသားလက်ရက်ထည်လေး။
မင်း ဆင်မြန်းချင်စိတ်ကလေးကို
မျှော်ငေးကြည့်နေရင်းပေါ့။
စိတ်ထဲမှာတော့
တိုက်ကြည့်လိုက်တိုင်း
မင်းဟာ အခါခါ ပေါက်နေတဲ့ ထီလက်မှတ်ကလေး ။
ညတွေ ညတွေဆိုလည်း
အမှောင်တွေကို တွန်းတွန်းတိုက်တိုက်နဲ့
မင့်ရနံ့လေးတွေ လာလာ ခိုးနေတဲ့ ပိုးစုန်းကြူးကလေး ကိုယ်။
မကျန်ခဲ့ချင်ဘူး
စာမေးပွဲခန်းထဲ ဖြေရခက်တဲ့ မေးခွန်းလေးလို
ခေါင်းကလေး ရမ်း ခါ လိုက်မှာလား 
ထားခဲ့မယ် ဆိုရင်
အလွမ်းပလက်ဖောင်းလေးကိုပဲ
တစ်ဘဝလုံး ခေါင်းအုံးအိပ်မိလိမ့်မယ် ။
လင်းဒီပ
၁၅.၀၈.၁၀
ချောင်းနေတာကြာပြီး ဒီတစ်ပုဒ်တော့ ကူးသွားပြီဗျို့း)
ReplyDeleteလေဖြတ်မယ်ကွာ
ReplyDeleteဒီရက်ပိုင်းမိုးရွာနေတယ်
ဟားဟားဟား။ ဒါက ကိုရွာသားကောမန့်ဖတ်ပြီးရီတာ။
ReplyDeleteကိုလဒပ => ခင်များတော့ နိုင်ကို မနိုင်ဘူး။း)))
ကဗျာလေးက လှမလှ။ ကိုရွာသားရဲ့ စေတနာစကားက မိုက်မှမိုက် :P
ReplyDeleteမင့်ရနံ့လေးတွေ လာလာ ခိုးနေတဲ့ ပိုးစုန်းကြူးကလေး ကိုယ်။ ဆိုတာကို အတော်လေးခိုက်တယ်။
ReplyDeleteဘုရားစင်ရှေ့မှာ ...
ဖြစ်လေရာဘ၀၌
အလွမ်းပလက်ဖောင်း ...
ခေါင်းမအုံးရသော (မူကွဲ ..ခေါင်းထပ်မအုံးရသော)သူဖြစ်ရလိုပါ၏တွေဘာတွေလုပ်ပေါ့ဗျာ ....။
ဒီကဗျာဆရာက အသက်ကြီးမှ ၀က်သက်ပြန်ပေါက်ချင်ပုံ များလား....??? :P
ReplyDeleteပလက်ဖောင်း ခေါင်းဦးမယ်ဆိုလဲ ကြည့်လုပ်ဦးနေယ် .. ရဲဖမ်းသွားဦးမယ်
ReplyDeleteအော် .. လင်းဒီပ .. လင်းဒီပ...
ReplyDeleteအော် .. မောင်ဇက် .. မောင်ဇက် ..း)
ဒါပဲပြောတော့မယ် ....
အော် .. လင်းဒီပ .. လင်းဒီပ...
ReplyDeleteအော် .. မောင်ဇက် .. မောင်ဇက် ..း)
ဒါပဲပြောတော့မယ် ....
မကျန်ခဲ့ချင်ဘူး
ReplyDeleteစာမေးပွဲခန်းထဲ ဖြေရခက်တဲ့ မေးခွန်းလေးလို
I like above lines a lot :) great writing skill