Thursday, October 28, 2010

မြစ်

မြစ်ဆိုတာ

ပင်လယ်ဆီ ရောက်အောင်သွားရင်း

သက်တမ်းကုန်ဆုံးရတာ..။


ငယ်ဘဝ

ရစ်ခွေ စီးဆင်းခဲ့ဖူးတဲ့

အထက်အညာမြို့ကလေး

အခုတော့လည်း ဒဏ္ဍာရီ…။


လင်းဒီပ

၂၈.၁၀.၁၀


5 comments:

  1. မြစ်ရဲ့ ဒဏ္ဍာရီလို့... နာမည်ပေးပေါ့။း)
    ကဗျာဆရာလဲ အညာကိုလွမ်းနေဘီ။း)

    ReplyDelete
  2. ပင်လယ်ထဲ ရောက်ပေမယ့် ငွေ့ရည်ဖွဲ့လို့ မိုးအဖြစ်နဲ့ ရွာကျ ... မြစ်တစ်ခု ဘဝကိုပြန်ရနိုင်ပါတယ် ဆရာ ...။

    ခင်မင်လေးစားစွာနဲ့

    ReplyDelete
  3. မောင်မျိုးOctober 29, 2010 at 1:24 AM

    ဗွမ်းး

    တစ်ကိုယ်လုံး ပူလောင်နေလို့ ကိုဒီပ ရဲ့ မြစ်ထဲ ခုန်ချလိုက်တာ ခဏလောက်တော့ စိမ်ခွင့်ပြု ရတယ်မှတ်လားးးးးးး

    ReplyDelete
  4. မြစ်ဆိုတာ
    ပင်လယ်ဆီ သွားနေရင်းနဲ့
    အမြဲရှင်သန်နေတာပါ..

    ReplyDelete
  5. မြစ်တွေဆီ မပြန်နိုင်တော့တဲ့ ပင်လယ်

    ReplyDelete