Friday, December 17, 2010

ချစ်သူ့ဖတ်စာ(၉)

စက္ကူလေယာဉ်ပျံလေးနဲ့

ကမ္ဘာပတ်ဖို့ စိတ်ကူးယဉ်မိသူမှာ

မမြင်ရတဲ့လက်ကလေး လွမ်းလို့

ဒီဖက်က ကြိုးတစ်စကို ယုံကြည်ဆုပ်ကိုင်ထားမိတုန်း ။

ဓူဝံအမှား

ကောင်းကင်အမှား

ဒွိဟရွက်ကျပင်ပေါက်တွေနဲ့လူအတွက်

မင်းနှလုံးသားရဲ့အလံဖြူလေး

ရုပ်သိမ်းလိုက်မှာလည်း စိုးတယ် ။

အလွမ်းဟာ

ခရီးကြမ်းနှင်ခဲ့တော့

ဖိတ်တဝက် စင်တဝက် ဖြစ်ကောင်းဖြစ်မယ်

အချစ်မှာ ရောင်ရဲစိတ်လေးလည်း

တခါတလေ လိုမယ် ။

မင်းအလိုမကျ သက်ပြင်းချသံတိုင်းမှာ

ငါလည်း ထပ်ချပ်မကွာ ကြေကွဲရပါတယ် ။

(စွပ်စွဲလိုက်ပါဦး)

ကိုယ်ဟာ ရေရှိသလောက် ကူးချင်တဲ့

လတ်လျားလတ်လျားငါးတစ်ကောင် ။

ကိုယ့်နာမည်က

ကြေငြာကောင်းသလောက်

အရည်အသွေးညံ့တဲ့ ပစ္စည်းတစ်ခုပဲ ဆိုပါစို့ ။

ဒီတခါလေးတော့ ယုံကြည်ပေးလိုက်ပါ ဘေဘီ။

မြို့တော်ညတွေမှာ အပြန်အလှန် ပြုစား ယစ်မူးကြဖို့

နှင်းကလေးတွေ စွန့်ပစ်ခံ အထည်ကြီးပျက်ဒီဇင်ဘာထဲ

အလွမ်းတွေဖွေးဖွေးလှုပ် ရထားကြီး

တခါ ခုတ်မောင်းခဲ့ပြန်ပြီကွယ် ။


လင်းဒီပ

၁၇.၁၂.၁၀

6 comments:

  1. မောင်မျိုးDecember 17, 2010 at 10:39 PM

    အလွမ်းရထားကြီးက ပေါ်ပူး ဆိုပြီး ၀င်လာပြန်ပြီးခင်ဗျား ဆောင်းရောက်တော့ ကျန်းမာရေး ဂရုစိုက် ကဗျာဆရာ လွမ်းဖျား ကိုက်တတ်တယ်း)

    ReplyDelete
  2. အမလဲ ရေ ရှိသလောက် ကူးချင်တဲ့ လတ်လျားလတ်လျား ငါးတကောင်ပဲ.

    လွမ်းပဲ လွမ်းနေချင်မိတော့တာ ..

    ReplyDelete
  3. ကိုယ်ဟာ ရေရှိသလောက် ကူးချင်တဲ့

    လတ်လျားလတ်လျားငါးတစ်ကောင် ။

    ( ရေရှိသလောက်လေးတောင် မကူးခဲ့ပါဘူးဗျာ ..:) )

    littlebrook

    ReplyDelete
  4. "စက္ကူလေယာဉ်ပျံလေးနဲ့

    ကမ္ဘာပတ်ဖို့ စိတ်ကူးယဉ်မိသူမှာ"

    မိုက်တယ်ညီ။

    ReplyDelete
  5. ချစ်သူဖတ်စာ..လေး
    ကျနော်လဲ..ဖတ်သွားတယ်ဗျာ :)

    ReplyDelete