Sunday, March 13, 2011

သမာဓိပိုး

ရုံးမှာချိတ်ထားတဲ့ နာရီကြီးအမှတ်နဲ့

မသိသလိုတမျိုး သိသလိုတမျိုး ခိုး ခိုးကြည့်ရင်း


အမြန်လမ်းမကြီးပေါ် လမ်းဖြတ်မကူးရဲသလို

လေယာဉ်ပြေးလမ်းပေါ် တက်မရပ်ရဲသလို

ယောက်ျားရင့်မကြီးရဲ့ အားငယ်စိတ်ကလေး…။


မြေအောက်ဘူတာရုံကလေးထဲ ပြင်ပရာသီဥတုနဲ့ ဝေးသလို

မိန်းမတစ်ယောက် စိတ်အထူအပါးဂီတနဲ့ ဝေးချင်သလို ဝေးနေခဲ့ပြီး

အခုမှ တနင်္ဂနွေကြောက်တဲ့ရောဂါ ရလို့ ။


ကော်ဖီနံ့ဟာ အဲကွန်းဖွင့်ထားတဲ့ အခန်းထဲ မွှေးမြလွန်းတယ်

ရေမွှေးနံ့က နှစ်ယောက်တည်းရှိတဲ့ ဓာတ်လှေကားထဲ ပြင်းရှလွန်းတယ်

အသက်ရှုရပ်မသွားဖို့ သက်မသက်ပြင်း တွေ တဒိုင်းဒိုင်း ပစ်ခတ်သံ ကြားရ

ဝင်သက် ထွက်သက်ကို အူယားဖားယား မှတ်လို့ ။


ဒိုင်ယာလောခ့် အဟောင်းအမြင်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းမင်းသားကြီးလေ

နှလုံးသားဓာတ်ကြိုးတန်းပေါ်က လူသားရနံ့နဲ့ ပန်းကလေးကို ပစ်ချဖို့

ချာတိတ်တွေဆီက လူငယ်စိတ်လေး ခဏငှားချင်နေမိတယ် ။


လင်းဒီပ

၁၃.၀၃.၁၁

15 comments:

  1. ဒီလူက သူ့ကိုယ်သူပြန်ပြန်ညွှန်းတဲ့နေရာမှာတော့ အတော် တော် တယ်။ :)

    ReplyDelete
  2. ဒါကြောင့်မို့ကောင်မလေးတွေဝိုင်းနေတယ်ကြားတာဘဲ။
    kom

    ReplyDelete
  3. ရော့..... ၃ ရက်တော့ ငှားမယ်ဗျာ ပြီးရင် ပြန်ပေး ဖုန်မတက်စေနဲ့ ကျမကွဲစေနဲ့း)



    ကျနော်လည်း ချာတိတ်ဖြစ်တုန်းပဲဟုတ် ကိုယ့်ကိုယ်ကိုတော့ ချာတိတ်လို့ထင်တာပဲ ။

    ReplyDelete
  4. နှလုံးသားဓာတ်ကြိုးတန်းပေါ်က လူသားရနံ့နဲ့ ပန်းကလေးကို ပစ်ချဖို့....

    အဲဒီပန်းကလေးကတော့ ပစ်မချခင်က ကြွေပြီးသား နေမှာ။ :)

    ReplyDelete
  5. အကို့ပြတင်းပေါက်နား လာငေးရင်း လင့်ယူသွားပါတယ် ခင်ဗျား

    ReplyDelete
  6. ချာတိတ်တွေဆီက ငှားမယ် မပြောပါနဲ့။ ကဗျာဆရာကြီးလဲ ငယ်ပါသေးတယ်ဗျား) တနင်္ဂနွေကြောက်တဲ့ ရောဂါဆိုတော့ တပတ်ကို ခုနှစ်ရက်များ ရုံးတက်တော့မလို့လား (နောက်တာ နောက်တား))

    ReplyDelete
  7. ဒိုင်ယာလောခ့် အဟောင်းအမြင်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းမင်းသားကြီးလေ

    နှလုံးသားဓာတ်ကြိုးတန်းပေါ်က လူသားရနံ့နဲ့ ပန်းကလေးကို ပစ်ချဖို့

    ချာတိတ်တွေဆီက လူငယ်စိတ်လေး ခဏငှားချင်နေမိတယ် ။

    အဲဒါဖတ်ပြီး ပါးစပ်အဟောင်းသားပဲ :D

    ReplyDelete
  8. အိမ်မှာ ချက်ကျွေးမဲ့သူ မရှိလို့ ရုံးမပိတ်ချင်တာ
    ဖြစ်မယ်။ ဟဲဟဲ။ :P
    လူကြီးစိတ်နဲ့ ပဲ ပန်းကလေးကို လှမ်းယူလိုက်ပါ
    အစ်ကိုရာ။ အေးအေးချမ်းချမ်းပေါ့။

    ReplyDelete
  9. ကဗျာလာဖတ်တယ်ဗျို့ ..
    ခုတော့ ရှေးဟောင်းမင်းသားကြီးက အိမ်စာတွေလုပ်နေလေရဲ့။ :P

    ReplyDelete
  10. ပြောချ လိုက်ပါတော့ ကိုကိုရယ်။
    များက စောင့်နေရတာ မောလှပြီ။
    :P

    ReplyDelete
  11. ညီ့ဆီတော့ မလာနဲ့နော်..အချေးအငှားတွေ ရှောင်ထားတယ်... :P

    ReplyDelete
  12. ဟုတ်ပါ့ သိပ်လှတဲ့ကဗျာလေး...၊တစ်ခါတစ်လေကျ ချာတိတ်တွေဆီက ကျွန်တော်လည်းငှားချင်သား..၊
    (မှတ်ချက် မောင်မျိုးမပါ....:))

    ReplyDelete
  13. ယောင်္ကျားရင့်မကြီးတွေ အားမငယ်ရဘူးလို့ ဘယ်သူပြောလဲ..း)
    သူတို့ အားငယ်ရင် မိန်းကလေးတွေ တောင်လိုက်မမီဘူး ..

    ReplyDelete
  14. ပုံမှန်အားဖြင့်တော့ မိန်းကလေး ငယ်ငယ်ချောချောလေးတွေဟာ အသက်နှစ်ပြန်ကြီးတဲ့ ယောကျာ်းရင့်မကြီးနဲ့တော့ ဓာတ်လှေကားအတူစီးလေ့မရှိဘူးလို့ထင်မိတာပဲ ငါ့ရှင်။

    ကဗျာကိုတော့ အတော်လေးကြိုက်သွားတယ်။
    လူငယ်စိတ်လေး ငှားလို့ရပြီး။ ဓာတ်လှေကားပျက်တဲ့နေ့ကြုံပါစေဗျာ။

    ReplyDelete
  15. ဒိုင်ယာလောခ့် အဟောင်းအမြင်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းမင်းသားကြီးလေ
    နှလုံးသားဓာတ်ကြိုးတန်းပေါ်က လူသားရနံ့နဲ့ ပန်းကလေးကို ပစ်ချဖို့
    ချာတိတ်တွေဆီက လူငယ်စိတ်လေး ခဏငှားချင်နေမိတယ် ။
    ( Well, the price of being elder is as expensive as an ancient art works museum. )

    ReplyDelete