Tuesday, April 19, 2011

အမူးသမား

မိတ်ဆွေအယ်ဒီတာကြီးက

ကျွန်တော့်ကို ချက်ကော့ဗ်ရဲ့သေနတ်နဲ့ လှမ်းပစ်တော့

ကျွန်တော့်မှာ ဘိုင်းကနဲ ။


ကျွန်တော်တို့ အရက်သောက်ကြတဲ့အခါ

တံဆိပ်တွေကို မသောက်ကြဘူး

ထုတ်လုပ်တဲ့ နိုင်ငံတွေကို မသောက်ကြဘူး

အရက်ကို အရက်လို သောက်ကြတယ် ။


အရက်ကို အရက်လို သောက်သလို

အနုပညာကို အနုပညာလို ဝံ့ဝံ့စားစားခံစားမိဖို့

ကျွန်တော်တို့ နင်းထားတဲ့ ခေတ်ကြီးက အပြားကြီး ။


လင်းဒီပ

၁၉.၀၄.၁၁

8 comments:

  1. ခေတ်က အပြားကြီး.. အနုပညာတွေက ပုံစံတကျ ရိုကျိုးလို့။

    ReplyDelete
  2. “အနုပညာကို အနုပညာလို ဝံ့ဝံ့စားစားခံစားမိဖို့” အဲဒီစာသား တအားလှတယ် အစ်ကိုလင်းဒီပ...

    (Btw, “သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” (နောက်တာ နောက်တာ နောက်တား))

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ)April 19, 2011 at 11:35 PM

    တခါတလေကျတော့ ရေသောက်ပြီး မူးတယ်ဆို
    တာ ရှိတယ်ဗျ၊ ပထမ တစ်ပုလင်း တော့ စစ်စစ်
    ပေါ့၊ နောက်ပုလင်းတွေ ကြတော့ ဆိုင်တွေက
    ရေရောတော့တာပဲ၊ ပုလင်းတွေ များလာရင်
    များလာသလို ရေတွေလည်း များလာတယ်၊
    အရက်အနံ့ ထွက်နေရင် အရက်လို့ အောင့်မေ့
    တတ်တဲ့ သူတွေ ဘုံဆိုင်တွေမှာ ရေသောက်ပြီး မူးနေကြတာ ဗျ၊ ခေတ်ကိုက အဲလို ဖြစ်နေတာ ... :P

    ReplyDelete
  4. ကျနော်တော့ သေနတ်နဲ့ပစ်လိုက်လို့ ဘိုင်းကနဲ လဲတယ်
    မထင်ဘူး မူးလို့ဘိုင်းကနဲလဲသွားတယ်လို့ ထင်တာပဲ
    :)) အရက်ကို အရက်လို သောက်ကြတယ် အဲ့ဒီစာသားတွေကြိုက်တယ် :)
    ကောင်းသောနေ့ ကိုဒီပ :)

    ReplyDelete
  5. ရေသောက်ပြီး မူးပြနေကြတဲ့သူတွေ ကြိုက်သလို မူးကြပါစေ... ကိုယ်တွေလည်း ကိုယ်ကြိုက်သလို ကိုယ့်ဖာသာ ဆက်သောက်ကြ ဆက်မူးကြတာပေါ့ လင်းဒီပရေ...

    မိတ်ဆွေအယ်ဒီတာကြီးရဲ့သေနတ် ကိုယ့်ကိုလည်း တချက် မှန်သွားကြောင်းပါ...

    ReplyDelete
  6. အမူးမပြေသေးဘူးလားဗျ။
    အသစ်တင်ပါဦး။း)

    ReplyDelete
  7. အရက်ကို အရက်လိုသောက်ကြဘို့
    အနုပညာကို အနုပညာလို ခံစားဘို့....

    ReplyDelete
  8. အရက်ကို အနုပညာဆန်ဆန်သောက်ပြီး
    အနုပညာကို အရက်လိုမော့ချ သောက်သုံးလိုက်ရင်ကောဗျာ။

    ReplyDelete