Tuesday, May 10, 2011
ပုထုဇဉ်တေးသွား
မနက်စောစော
ကိုယ်လက်သန့်စင်
စိတ်ကို ကြည်လင်အောင်ထား
ဘုရားရှေ့ ဝတ်ပြု
ပရိတ်တော်တွေရွတ် မေတ္တာတွေ ပို့
မနေ့က တစ်နေ့လုံး ဆိုးခဲ့သမျှ
မနေ့က တစ်ညလုံး မှားခဲ့သမျှ...။
ကုသိုလ်စိတ် မဖြစ်တဲ့အခါ
အကုသိုလ်စိတ် ဖြစ်နေမယ်
မှတ်နေရင်းနဲ့လွတ်သွား
ိထပ်ထပ်မှားမိနေသမျှ
နောက်နေ့ မနက်စောစောတစ်ခါ
ဘုရားရှေ့ ကျုံ့ကျုံ့ကလေး ဝတ်ပြု
ဘီးလုံးကြီး
တဝှီးဝှီးလည်နေ...။
လင်းဒီပ
၁၆.၀၁.၁၁
8 comments:
  1. ဘီးလုံးကြီးက ခပ်ပြင်းပြင်းလည်နေ ...
    ထိုင်နေရင်းက ကျုံ့သထက်ကျုံ့လာ ...
    နောက်တခန်းဆက်သွားရဦးမှာ ...
    ReplyDelete
  2. တ၀ှီးဝှီးလည်နေ..ဆိုတဲ့အသုံးတော့ ကြိုက်သဗျာ..။
    ကောင်းမှုကုသိုလ်ပြုကြရအောင်!!!
    ReplyDelete
  3. မနေ့က တစ်နေ့လုံး ဆိုးခဲ့သမျှ
    မနေ့က တစ်ညလုံး မှားခဲ့သမျှ...။
    ဘုရားရှေ့ ကျုံ့ကျုံ့ကလေး ဝတ်ပြု
    ဘီးလုံးကြီး
    တဝှီးဝှီးလည်နေ...။
    ReplyDelete
  4. မောင်မျိုးMay 11, 2011 at 10:39 AM
    ကဗျာကောင်းလေးကို ပြုံးပြီးဖတ်ရင်း အောက်ဆုံး ““ဘီးလုံးကြီး
    တဝှီးဝှီးလည်နေ... ”” အဲ့တာကို သဘောမပေါက်လိုက်ဘူး ကိုယ်ကပဲ ပြိန်းလေးသလား။
    ReplyDelete
  5. ဘီးလုံးကြီး
    တဝှီးဝှီးလည်နေ...တာကို ရပ်သွားအောင် အညိုရောင်ကို အမြန်ဆုံးလွှမ်းပါလေ :P :P
    ReplyDelete
  6. ဖတ်ပြီးသဘောကျလွန်းလို့ တအားပြုံးမိတယ်...
    “မှတ်ရင်းနဲ့ လွတ်သွား
    ထပ်ထပ်မှားမိနေသမျှ” (ဟုတ်ပါ့ အတိအကျပဲး)
    လည်နေတဲ့ ဘီးလုံးကြီးထဲမှာပဲ ဘုရားရှေ့မှာ ကျုံ့ကျုံ့လေး အထိုင်များဖြစ်ကြရင်တောင် တော်တော်ဟုတ်နေပါပြီ...
    ReplyDelete
  7. မှန်လိုက်တာ ကိုကြီးရေ...
    ဘီးလုံးကြီး တ၀ှီးဝှီး...။ :)
    ReplyDelete