Tuesday, June 21, 2011
ရေခြားမြေခြား
တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား
အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့
စကားလုံး ပိုလှသွားတယ် ။
သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို
အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ
ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့
မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။
အသက်ကလေးရလာတော့
လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့
ကြိုကြားကြိုကြား
သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ
အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။
လင်းဒီပ
၂၁.၀၆.၁၁
8 comments:
  1. လိုင်စင်ရအလွမ်းဆိုင်ဖွင့်လိုက်ပါ
    တောအရက်တွေလို ပိုက်ဆံအိတ်တွေတော့ ထည့်မချက်လိုက်ပါနဲ့နော့
    ReplyDelete
  2. လူပျိုကြီးရဲ့ ခွက်ပုန်းအလွမ်းလေး လာခံစားသွားပါတယ်..း)
    ReplyDelete
  3. ပျော်စရာကစားနည်းကြီးကိုပဲ ကြေကွဲတဲ့စိတ်ကြီးနဲ့ကစားနေရင်တော့ ခင်ဗျားဟာ ထမင်းသိုးဟင်းသိုးပဲရှိသေးတယ် ငါ့ရှင်။
    မြည်တွန်သံလေးများမှသည် မြည်တွန်သံကြီးများဆီသို့ ... ငါ့ရှင် လှမ်းနိုင်ရောက်နိုင်ပါစေကုန်သတည်း .........။
    Regards,
    Zephyr
    အဟဲ ... နောက်နေတာနဲ့ ကဗျာကို သဘောကျကြောင်းမပြောရသေးဘူးဗျ။ အခုတလော အလွမ်းတွေရေးတာသိပ်လှနေတယ်။ မိန်းမမယူနဲ့ဦးဗျ။ မလွမ်းနိုင်တော့ဘူးဖြစ်သွားမယ်။
    ခင်ဗျားကဗျာတွေလာလာဖတ်ပြီး တစ်ချို့ကဗျာတွေကိုအတော်လေးခိုက်တယ်။ Magazine ကိုပို့စေချင်တယ်။
    ReplyDelete
  4. "တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား
    အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့
    စကားလုံး ပိုလှသွားတယ် ။"
    ဟုတ်တယ် ဟုတ်တယ်... ဒီလိုပဲ ဆေးခါးကြီးကို Chocolate လေးအုပ်ပြီး မြိုချရတာကိုပဲ ကြိုက်ကြိုက်နေရတာ...
    "အသက်ကလေးရလာတော့" ဆိုတော့ ပြုံးမိတယ်။ ရေးတတ်ပါ့ ကိုလင်းဒီပရယ်...
    ReplyDelete
  5. သိုသိုဝှက်ဝှက် လွမ်းရတာကပဲ အရသာ တစ်မျိုးပေါ့..
    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)June 23, 2011 at 10:44 PM
    အလွမ်းကို ခွက်ပုန်းခုတ်နေသူတွေကြား အမြည်း
    လာနိုက် စားသွားတယ် ... :P
    ReplyDelete
  7. “မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။
    ++ အသက်ကလေး ရလာတော့၊ လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့ ..”
    အသက် ၃၀ ကျော်လောက် အိနြေ္ဒရရ လူကြီး ပေါက်စနလေး တယောက်ကို မြင်ယောင်မိတယ်။း))
    ReplyDelete
  8. အလွမ်းကို ခွက်ပုန်းခုတ်တော့ရော မူးလား?း))
    ReplyDelete