Wednesday, September 21, 2011

ဖတ်မိတော့လည်းကဗျာ(၆)

တူပြီ အော်တဲ့လူနဲ့

မြေလှန်ရှာတဲ့လူနဲ့

ကမ္ဘာကြီးရဲ့ ကစားနည်းတွေက ဟိုတုန်းကအတိုင်း ။


နောက်တစ်ခါ မင်း ထပ်မရှုံးမချင်း မင်းနိုင်တယ်

နောက်တစ်ခါ ငါ ထပ်မရှုံးမချင်း ငါနိုင်တယ် ။


နိုင်တဲ့သူ အလံစိုက်

ရှုံးတဲ့သူ အံကျိတ်ကြေကွဲ

ငြိမ်းချမ်းခြင်းဆိုတာ မိုးပြေးလေးပါပဲ ။


လင်းဒီပ

၂၁.၀၉.၁၁

3 comments:

  1. ခညားကြောင့်မိုးတွေရွာနေပြီကဗျာဆရာ

    ReplyDelete
  2. မိုးပြေးကနေ ထာဝရမိုးအဖြစ်ပြောင်းလဲနိုင်ပါစေ။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. မိုးသည်းသည်းမည်းမည်းရွာတာကရော ဘာလဲဟင် ..
    ရေတွေတောင်ကြီးလို့း))
    မနော်ဟရီ

    ReplyDelete