Friday, March 20, 2009

ဆုတံဆိပ်များ

တချို့က သတ်တဲ့နေရာမှာ ထူးချွန်တယ်။
တချို့က ကယ်တင်တဲ့နေရာမှာ ထူးချွန်တယ်။

ကမ္ဘာကြီးကလည်း ထူးချွန်တဲ့လူတွေဆို
ဆုတံဆိပ်တွေ ပေးဖို့ ဝန်မလေးဘူး။

သတ်တဲ့လူတွေလည်း ဆုတံဆိပ်တွေ ရခဲ့
ကယ်တင်တဲ့လူတွေလည်း ဆုတံဆိပ်တွေ ရခဲ့

ခင်ဗျားလည်း ကြားဖူးမှာပေါ့
လူအများကြီး သတ်နိုင်ရင် သူရဲကောင်းဆိုတာ..။
လင်းဒီပ
၂၀.၃.၀၉

13 comments:

  1. ဟစ်တလာ ကော ဘာဆုတွေရခဲ့လဲ ရွှေကရွှံ့နစ်. ဘီလူးကနန်းစံ အဲ့တာမျိုးပေါ့နော့် အစ်ကိုး) ကြားဖူးတာပေါ့ဗျာ ။

    ReplyDelete
  2. ဆုတွဆိပ်ဆိုတာ...

    တစ်ခါတစ်လေ...တံခါးတစ်ချပ်ကိုဖွင့်တဲ့..သော့ ပေါ့
    တစ်ခါတစ်လေ....သံလှောင်အိမ်တစ်ခု..
    တစ်ခါတစ်လေ...အဆိပ်ဖြစ်တယ်...။

    ReplyDelete
  3. အင်း....
    သိမ်းထားရမယ့် တစုံတရာနဲ့...
    လွှင့်ပစ်လိုက်ရမယ့် တစုံတရာပေါ့လေ...
    ၂ မျိုးပဲ ရှိတာကိုး...

    ReplyDelete
  4. ကြောက်စရာဂျှီး..

    ReplyDelete
  5. လုပ်ဆောင်ချက်ရဲ့ အမှတ်တံဆိပ်တွေ .....

    ဘာပဲပြောပြော ရင်းနှီးလိုက်ရတာ(ကောင်းတာဖြစ်ဖြစ်
    ဆိုးတာဖြစ်ဖြစ်) တွေရဲ့ အကောင်အထည်ပေါ်လာတဲ့
    ထုထည် ....

    ချိတ်ဆွဲထားမှာလား ...
    တသသပြန်ကြည့်နေမှာလား...
    ချောင်ထိုးထားမှာလား...
    ကြာတော့လည်း မေ့သွားမှာလားဆိုတာကတော့ ...
    ရည်ရွယ်ချက်လေးကြိုက်မိတယ် ကိုဒီပ ....

    ReplyDelete
  6. အရေးကြီးလားဆိုတော့ မကြီးဘူး
    မကြီးဘူးလားဆိုပြန်တော့ ကြီးတယ်
    ဆုတံဆိပ်ဆိုတိုင်းလည်း မကောင်းပါဘူး အကိုရာ
    ဒွိသဘောတွေက အများသားကိုး

    ReplyDelete
  7. ကိုယ့်ဖာသာဆုတံဆိပ်လုပ်ပြီး ကိုယ့်ကိုကိုယ် ပြန်ပေးတဲ့
    ဆုတံဆိပ်အမျိုးအစားတွေကြောင့် လူအများကြီးသတ်နိုင်တဲ့လူမှန်သမျှ သူရဲကောင်းဖြစ်နေကြတာပေါ့ ညီလေးရေ...

    ReplyDelete
  8. လုပ်ရပ်ရဲ့ အဓိပ္ပါယ် အတိမ်အနက်ပေါ် မူတည်ဦးမယ် ထင်တယ်၊ ပြယုဂ် တခုလို ဖြစ်တဲ့ ပညတ်ချက် ဆုတံဆိပ်တွေက အဓိက မကျဖူး ထင်တယ်။ ကိုဆောင်း ပြောသလိုပဲ ကိုယ့်ဖာသာ ဆုတံဆိပ်လုပ်ပြီး ကိုယ့်ကိုကိုယ် ပြန်ပေးတဲ့ လူဖြစ်ချင်လား? အများသတ်မှတ်ပြီး ပေးတဲ့ ဆုရချင်လား? မေးလာခဲ့ရင် .... ခပ်စိမ်းစိမ်း ဟိုကောင်တွေ ကို အပထားပြီး ...ဘယ်သူမဆို ..... အများသတ်မှတ်ပြီး ပေးတဲ့ ဆု ရချင်တယ် ဖြေကြလိမ့်မယ်။

    ReplyDelete
  9. အင်း..
    ဟို ရှေးရှေး တုန်းက တော့ ဟုတ်တာပေါ့
    အမ လဲ တပုဒ်ရေး ထားတယ်
    မတ် ၂၇ မတိုင် ခင် တင်မလို့
    သူရဲကောင်း အကြောင်း..
    ဒီကဗျာလေး ထည့် Link လို့ ရမလား

    ReplyDelete
  10. ရောမကားတွေထဲမှာတော့ ခေါင်ကိုသတ်လိုက်တယ်ဆိုရင်ပဲ
    သူရဲကောင်းဖြစ်ကရော :)
    ကောင်းသောနေ့ကိုလင်းဒီပ :)

    ReplyDelete
  11. at last , these all are medals and
    must keep silent at the dark corner
    of the showcase ! isn't it ??

    ReplyDelete
  12. အင်း.... တစ်ခုခုတော့ တစ်ခုခုပဲ။ မပြောတတ်။

    ReplyDelete
  13. ချွန်တဲ့နေရာမှာ ၀ိုင်းလုပ်ကြတာပေါ့ဗျာ။ သတ်တဲ့နေရာမှာဆို သေဒဏ်ဆုပဲရမယ်နဲ့တူတယ်။

    ReplyDelete