Saturday, March 21, 2009

ဘဝက လွမ်းဖို့ပဲလားကွယ်

အလွမ်းတွေနဲ့ လမ်း မတူချင်တော့ပါဘူး
အနမ်းတွေ ဖွဲ့ ပန်းအတူကောက်ချင်ပြီ..

ဘဝက လွမ်းဖို့ပဲလားကွယ်
အချစ်လှေလေးကို ကွေ့ကွေ့ဝိုက်ဝိုက်နဲ့
ဘဝမြစ်ထဲ အလွမ်းတွေ သောင်ထွန်း လွန်းတယ်။

ဘဝက လွမ်းဖို့ပဲလားကွယ်
ငါလည်း စိတ်ကို ရွက်ကုန်လွှင့်ထားတယ်
နင်လည်း မျှော်လင့်ခြင်းပြတင်းပေါက်ကလေးက
သံသယခန်းစည်းလေး ဖြုတ်ထားလိုက်ကွယ်။

“နီးတကျက်ကျက် ဝေးတသက်သက်”ဆိုရိုးက
ငါတို့နှစ်ယောက် နောက်မှ မွေးလာခဲ့တာပ…
အခုတော့ တစ်နေ့တစ်ခါ စိတ်ကောက်တတ်တဲ့
ပျော်စရာ ရန်ဖြစ်ဖော်လေးကို လွမ်းနေရ

ဘဝက လွမ်းဖို့ပဲလားကွယ်
အရာရာမှာ တာထွက် နောက်ကျခဲ့တဲ့ကောင်က
ပန်းတိုင်ဆီပြန်ရောက်ဖို့လည်း ပန်းဝင် နောက်ကျကောင်းဆဲ…။
လင်းဒီပ
၂၁.၃.၀၉

18 comments:

  1. ကဗျာဆရာရေ...
    ဒီမှာတောင်လမ်းကြုံပေးဖို့ခက်နေတာကို.....

    နား...နား....ပြီး....လွမ်း

    ReplyDelete
  2. ဘဝက လွမ်းဖို့ပဲလားကွယ်
    အရာရာမှာ တာထွက် နောက်ကျခဲ့တဲ့ကောင်က
    ပန်းတိုင်ဆီပြန်ရောက်ဖို့လည်း ပန်းဝင် နောက်ကျကောင်းဆဲ…
    .............
    အားမငယ် ပါနဲ့ မောင်းလေးရ
    တခါတလေ နောက်ကျတာပဲကောင်းပါတယ်..း)
    ........
    လွမ်း တာ အဖေါ်ရ လို့ ပျော် သွား ပြီ နော်..း)

    ReplyDelete
  3. ''နီးတကျက်ကျက် ဝေးတသက်သက်” ဆိုတာ ဘယ်သူတုန်းဗျ ....

    ReplyDelete
  4. ကျွန်တော်လည်း အနမ်းတွေဖွဲ့ ပန်းကောက်ချင်တယ်။ တကယ်ပြောတာပါ။ အလွမ်းတွေဆိုတာ ကဗျာကုန်ကြမ်းတွေလေဗျာ။ လွမ်းသာလွမ်း၊ ချစ်သူချည်းပဲတော့ မလွမ်းနဲ့ ပေါ့။

    ReplyDelete
  5. ဖတ်လို့ကောင်းတယ်ကိုလင်းဒီပရာ...
    "အရာရာမှာ တာထွက် နောက်ကျခဲ့တဲ့ကောင်က
    ပန်းတိုင်ဆီပြန်ရောက်ဖို့လည်း ပန်းဝင် နောက်ကျကောင်းဆဲ…။" အဲဒီစာသားကိုကြိုက်တယ်...။

    ReplyDelete
  6. ကိုယ်တစ်ယောက်ထဲလားလို့ အားငယ်နေတာ
    အတော်ပဲ အကိုရာ
    အဖော်ရသွားပီ :P

    ReplyDelete
  7. ကိုလင်းဒီပရေ...နူးညံ့ညင်သာတဲ့ ကဗျာအဖွဲ့လေးက
    ချစ်စရာ....မရေးတတ်တော့..လာခံစားတယ်ပေါ့ဗျာ..။
    ပြန်လည်ဆုံစည်းနိုင်ဖို့ တာမြန်မြန်ထွက်နိုင်ပါစေသောဝ်..။

    mirror

    ReplyDelete
  8. အလွမ်းတွေနဲ့ လမ်းမတူချင်ပါဘူး
    အနမ်းတွေဖွဲ့ ပန်းအတူကောက်ချင်ပြီ ....

    ချိုမြလိုက်တဲ့ အဖွဲ့လေးဗျာ .....

    ReplyDelete
  9. အလွမ်းတွေနဲ့ လမ်း မတူချင်တော့ပါဘူး
    အနမ်းတွေ ဖွဲ့ ပန်းအတူကောက်ချင်ပြီ..

    ပန်းတွေကောက်စေ ညီလေးရေ...
    လွမ်းလို့ကောင်းတုန်းပဲလား ....
    ကဗျာလေးဖတ်ပြီး
    ကောင်မလေးတော့ ကြွေသွားလောက်တယ်

    ReplyDelete
  10. ဖြေးဖြေးမှန်မှန်ပေါ့ ၊ တာထွက်နောက်ကျပေမယ့် ပန်းဝင်စောတတ်တာလဲ ရှိမှာပါ ၊ အထင်ကိုပြောတား-)
    ပန်းလာကောက်သွားတယ် အစ်ကို ၊ အဆင်ပြေပါစေဗျ ။

    ReplyDelete
  11. ဘယ်လိုပဲ နောက်ကျကျပေါ့ ကိုလင်းဒီပရေ ပန်းဝင်ဖို့ပဲလိုပါတယ် ကောင်းသောနေ့ပါဗျာ :)

    ReplyDelete
  12. သံသယ ခန်းစည်းလေး..တဲ့။
    ကဗျာဆရာတွေ အတော်ပဲ ပြောတတ်ကြတယ်။ :))
    ချစ်စရာကောင်းတဲ့စကားလုံးလေးတွေ သူတို့မို့ ဖွဲ့တတ်ပါပေတယ်။
    ဒီလောက်ပြောတတ်မှတော့ ရန်ဖြစ်ဖော်လေးနဲ့ ပန်းတိုင်မဝေးတော့ဘူး ထင်ပါတယ်လေ။ :)

    ReplyDelete
  13. ငါ့အစ်ကိုက ရေးတတ်လိုက်တာ။ နီးတကျက်ကျက် ဝေးတသက်သက်လေးကတော့ ကဗျာဖတ်ပြီးရင် ကြွေသွားမှာပဲ။ ငါ့အစ်ကို အလွမ်းတွေနဲ့ အမြန်ဆုံးဝေးကွာနိုင်ပါစေ။

    ReplyDelete
  14. "အရာရာမှာ တာထွက် နောက်ကျခဲ့တဲ့ကောင်က
    ပန်းတိုင်ဆီပြန်ရောက်ဖို့လည်း ပန်းဝင် နောက်ကျကောင်းဆဲ…။" အဲဒီစာသားကိုကြိုက်တယ်...။
    Good friend , may be one day you have to reach goal of death also late hehe.

    ReplyDelete
  15. အသည်းယားတယ်။ လက်သွက်တဲ့သူနောက်ပါသွားလိမ့်င်္မယ်။ သိတ်ဖွဲ့မနေနဲ့။

    ReplyDelete
  16. ဘ၀က လွမ်းဖို့တော့မဟုတ်ဘူး အချစ်ကပဲ လွမ်းဖို့ဖြစ်မယ်း) အစစ်ပေါ့

    အချစ်က လွမ်းဖို့ပေါ့ကွယ် ။

    ReplyDelete
  17. အချစ်လှေလေးကို ကွေ့ကွေ့ဝိုက်ဝိုက်နဲ့
    ဘဝမြစ်ထဲ အလွမ်းတွေ သောင်ထွန်း လွန်းတယ်။...

    ချစ်စရာကောင်းတဲ့ အဖွဲ့လေး နောက်တခု.။

    ReplyDelete
  18. ဘဝက လွမ်းဖို့ပဲလားကွယ် ...

    မမေးရဲဘူး ကိုဒီပရေ့

    ReplyDelete