Tuesday, April 28, 2009

ဆောင်းရစ်သမ်

ဆောင်းလို့ဆိုသာရုံလေး
ဂီတလို့ ဆိုသာရုံလေး
လေညင်းလို့လည်း ဆိုသာရုံလေး

မနက်မနက်ဆို ငါ့မှာ
နေခြည်ထက်နွေးတဲ့
နှင်းပန်းပုရုပ်လေး စီးဆင်းမယ့်လမ်းကို
ကြိုကြိုတင်တင် ရောက်နေရ။

ဆွတ်ဖြူပါးမို့လေး အေးဆေးနေလိုက်တာ
ညည်းကလေးရယ်
တစ်နေ့လုံးမှာ မင်း ဘယ်နှစ်ခါပြုံးလဲ ။

အိနြေ္ဒရင့်ရင့် နှုတ်ခမ်းလေးကို
ငေးကြည့် တွေးမောနေရတာနဲ့တင်
သင်ခန်းစာတွေ စိတ်နဲ့ အစေးမကပ်ဘူး။

ခေါင်းလောင်းသံလေးတွေနဲ့ ညနေခင်း
အိမ်ပြန်သီချင်းလေးတွေ ဆိုကြတော့
အိနြေ္ဒရင့်ရင့်နှုတ်ခမ်းလေးက
အပြုံးလို့ ဆိုသာရုံလေးနှင့် ငါ့ကို…။
၁၈.၁.၂၀၀၃

ကျွန်တော် ကျောင်းသားဘဝက ဒေဝ ဆိုတဲ့ နာမည်နဲ့ ကဗျာလေးတွေ ဟိုတစ်စ ဒီတစ ရေးဖူးပါတယ် ။ အခု ဘလောဂ့်လေး လုပ်ပြီးတဲ့နောက်ပိုင်း အဲဒီ ဒေဝနာမည်နဲ့ ရေးထားတဲ့ ကဗျာလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို ဘလောဂ့်မှာ အမှတ်တရ ပြန်တင်ချင်ပါတယ်။ ဒီ “ဆောင်းရစ်သမ်” ကတော့ ပထမဆုံး ပြန်တင်တာပေါ့ ။ ကျောင်းသားဘဝက ကျွန်တော့် ရင်ထဲက ခေါင်းလောင်းသံလေးတွေကို အမှတ်တရ ပြန်ခံစားကြည့်ချင်စိတ်ရယ် ပြန်မျှဝေချင်စိတ်ရယ်နဲ့ ပြန်တင်မှာပါ ။ နောက်တစ်ခုက ဒေဝ နှင့် လင်းဒီပ နဲ့ တစ်ယောက်တည်းပါပဲ လို့။

ဒီကဗျာလေးကလည်း ကျောင်းတုန်းက အခန်းထဲမှာ သိပ် အေးဆေးတည်ငြိမ်လွန်းတဲ့ ကောင်မလေးတစ်ယောက်ကို ထောင့်တစ်ထောင့်က ထိုင်ကြည့်ရင်း ရေးဖြစ်သွားတာပါ ။ ဒီပ ဆိုတဲ့ကောင် သူ့ကိုကြည့်ပြီး ဒီကဗျာလေး ရေးလိုက်တယ် ဆိုတာတော့ အဲဒီကောင်မလေး သိမသွားပါဘူး..:P ။
လင်းဒီပ(ဒေဝ)
၂၈.၄.၀၉

13 comments:

  1. သယ်ရင်း နောက်မကျသေဘူး အဲဒီနှင်းပန်းပုရုပ်ကလေးက available တဲ့။ဘယ်လိုလဲ ငါ ဟိုဘက်ကို အချက်ပြလိုက်တော့မယ်။ အဆက်အသွယ်ကောင်းရှိတယ် တကယ်

    ReplyDelete
  2. "ဆွတ်ဖြူပါးမို့လေး အေးဆေးနေလိုက်တာ
    ညည်းကလေးရယ်
    တစ်နေ့လုံးမှာ မင်း ဘယ်နှစ်ခါပြုံးလဲ "

    ကျွန်မကို ညည်းလို့  ခေါ်ရင် စိတ်ညိုညင်မိတတ်ပါတယ်။

    ဒီကဗျာလေးထဲမှာ “ညည်းကလေး” လို့  သုံးထားတာကတော့ နှစ်သက်ဖွယ်...
    အဲဒီကောင်မလေး သိမသွားတာ စိတ်မကောင်းစရာ...

    ReplyDelete
  3. ငယ်ကတည်းက ဇ မသေးဘူး :)
    အနုပညာ ဗီဇ ပြောပါတယ်။

    ReplyDelete
  4. ညည်းကလေး ဆိုတဲ့ အသုံးအနှုန်းက ချစ်စနိုးလေး.... ဒီကဗျာကိုကြိုက်ပါသည်..

    ReplyDelete
  5. ကိုလင်းဒီပ...အကိုတော်တော်ညံ့တာပဲ
    ဒီလောက်ကောင်းတဲ့ကဗျာကို...ကောင်မလေးသိ
    သင့်တာပေါ့.........ကောင်မလေးသိရင်
    တော်တော်ကြွေမှာ....ခုတော့...:P

    ReplyDelete
  6. ဒီမှာလည်းဆောင်းစတော့မှာမို့ တအားအေးနေပြီ
    နေခြည်ထက်နွေးတဲ့ ပန်းပုရုပ်လေးတော့ လိုချင်မိသား
း)

    ReplyDelete
  7. င့ါကို...။
    နောက်ကအကြောင်းအရာတွေ
    ကောသိခွင့်မရနိုင်ဘူးလားဗျို့ ။

    ReplyDelete
  8. ဆရာမက ရှေ့မှာစာတွေသင် သူက ငေးချင်ရာငေး တွေးချင်ရာတွေး “သင်ခန်းစာတွေ စိတ်နဲ့ အစေးမကပ်” နဲ့... သြော် ဒီမောင်ဒေဝကလေး ဟာလေ... (ကိုယ်တို့တွေ ဖတ်ရတာတော့ အမြတ်ပေါ့း))

    ReplyDelete
  9. အဲဒီကောင်မလေး သိမသွားပါဘူး.. တဲ့လား
    နှမြောလိုက်တာ ငါ့အစ်ကိုရယ်
    အဲဒီကဗျာလေး ပြခဲ့ရင်...

    ReplyDelete
  10. တိတ်တခိုးကဗျာလေးပေါ့....
    ကောင်မလေးကို ဘာလို့ပေးမသိခဲ့တာလဲ ကိုယ့်ညီရာ

    ReplyDelete
  11. အောက်ကစာဖတ်လိုက်မှပဲ ရှင်းသွားတော့တယ်။ ကိုလင်းတယောက် စင်္ကာပူမှာဘယ်ကဆောင်းအကြောင်း ရေးနေတာလဲလို့။ :D

    ReplyDelete
  12. ဒီကျောင်းသား အငယ်လေးထဲက “ဇ” နဲ့ပဲ မလွယ်ဘူး ။

    အိနြေ္ဒရင့်ရင့် နှုတ်ခမ်းလေးကို
    ငေးကြည့် တွေးမောနေရတာနဲ့တင်

    ဒီနေရာလေး ရင်ခုန်လိုက်တာဂျာ.....။

    ReplyDelete
  13. နူးညံ့လိုက်တာ ကဗျာကလေးက

    ကောင်မလေးကံမကောင်းရှာဘူး ဖတ်ခွင့်မရလို့။

    ReplyDelete