Thursday, April 30, 2009

နတ်သမီးဖတ်စာ

စိတ်မှာရေးထားတဲ့ ကဗျာလေး ဆိုတော့
ဘယ်သူမှ ပေးမဖတ်ဖြစ်ခဲ့ဘူး ။

အပျော်တမ်း
တောပန်းခူး ထွက်လာတဲ့ မင်းသမီးလေးကို
တောမုဆိုးလေး စိတ်ကူးယဉ်မိသလို…
အမှတ်မဲ့
ဖြတ်ဆင်းကျီစယ်တဲ့ လရောင်လေးကြောင့်
အလေ့ကျကန်စွန်းခင်းလေး ဘဝမေ့သွားသလို…

သိပါတယ်
လမ်းဘေး အုတ်ခုံလေးမို့
နှင်းဆီရဲ့ပင့်သက်လေးတောင်
ခိုးယူပေါင်းသင်းခွင့် မရှိဘူးဆိုတာ။

သခင်မလေးရယ်
သင့်ရဲ့ဆောင်းရာသီ ရှုမျှော်ခင်းလေးမှာ
နှင်းလို
မြူလို
ဝိုးတဝါးနှင့်
ရိုးသားစွာ အမှုတော်ထမ်းခွင့်ပြုပါ။
လင်းဒီပ
(တံခါး(၁) ကဗျာစု , Oct 2001)

13 comments:

  1. တောမုဆိုးလေးရင်ထဲက
    နတ်သမီးဖတ်စာလေး
    လှတယ်..

    ReplyDelete
  2. နတ်သမီးဖတ်စာ...

    စိတ်မှာရေးထားတဲ့ ကဗျာလေး ဆိုတော့
    ဘယ်သူမှ ပေးမဖတ်ဖြစ်ခဲ့ဘူး ...

    အချိတ်အဆက်လေးတွေနဲ့  လှတယ်။

    ReplyDelete
  3. “ဖြတ်ဆင်းကျီစယ်တဲ့ လရောင်လေးကြောင့်
    အလေ့ကျကန်စွန်းခင်းလေး ဘဝမေ့သွားသလို…”

    ထူးဆန်းလိုက်တဲ့ အတွေးလေး ကိုလင်းဒီပရေ။ ငြိမ့်ငြိမ့်အေးအေး ကဗျာလေး တစ်ပုဒ်ပါ...

    ReplyDelete
  4. ခံ့စားကြည့်နေတယ်။ အဖြေမရသေးတုံးက ရေးခဲ့တဲ့ကဗျာများလားလို့။

    ReplyDelete
  5. ဟိုအထက်က...မခင်ဦးမေ..
    ပြောတာဟုတ်မလားမသိဘူးးးးးးးးးး
    အဟီးးးးးးး

    ReplyDelete
  6. "သခင်မလေးရယ်
    သင့်ရဲ့ဆောင်းရာသီ ရှုမျှော်ခင်းလေးမှာ
    နှင်းလို
    မြူလို
    ဝိုးတဝါးနှင့်
    ရိုးသားစွာ အမှုတော်ထမ်းခွင့်ပြုပါ။"
    ကဗျာတွေက လှပြီးရင်းလှနေတာပဲ .. (=

    ReplyDelete
  7. ကိုလင်း ခုတလော ဒါမျိုးအနုအရွလေးတွေပဲရေးနေတယ်။ မရိုးတော့ဘူးနော်။

    ReplyDelete
  8. ဝိုးတဝါးနှင့်
    ရိုးသားစွာ အမှုတော်ထမ်းခွင့်ပြုပါ။
    အားပါး...တယ်မိုက်ပါလား...

    ReplyDelete
  9. မောင်မင်း အား နတ်သမီးမှ တသက်တကျွန်း အမှုတော်ထမ်းခွင့်ပြုလိုက်သည်.။

    သတိ...........ရေမချိုးရ နတ်ပြည်တွင် ရေခမ်းနေပါသဖြင့်း) ။

    ReplyDelete
  10. ကိုပြူတင်း အခြေနေကောင်းပါတယ်ဟုတ်..
    အမူထမ်းခွင့်ရပြီဆို ဂိတ်စောင့်ရာထူး
    ဟီဟီ

    ReplyDelete
  11. ထပ်လာဖတ်ပြီး အဓိပါယ်ဖော်သွားတယ။်

    ReplyDelete
  12. အဲ့ဒိလိုတောင်းပြန်ပေမယ့် ဗြောင်းဆန်အောင် နှစ်သောင်းတန်ဖိနပ်နဲ့ ကန်သွားရင်ဘယ်လိုလုပ်မလဲ။ တောင်းပန်လေပိုဆိုးလေ။ ခပ်တည်တည်ပဲကောင်းတယ်။

    ReplyDelete
  13. ဖြတ်ဆင်းကျီစယ်တဲ့ လရောင်လေးကြောင့်
    အလေ့ကျကန်စွန်းခင်းလေး ဘဝမေ့သွားသလို…

    ဟုတ်ပ့ါ ဟုတ်ပ့ါ။ အတွေးက ရိုးရိုးလေး။
    ဒါပေမယ့် အဲဒီလို စာစီတက်ဖို့ခက်တယ်။

    မိုက်ပ့ါ :)

    ReplyDelete